Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 3, 2014

အသဲကွဲ ပြတိုက်



အသဲကွဲ ပြတိုက်ဆိုတော့ ကြားရတာ ကဗျာဆန်ပေမယ့် အပြင်မှာ တကယ် ရှိနေပါတယ်။ တည်နေရာကတော့ ဥရောပတိုက်ထဲက ခရော်တီးယားနိုင်ငံထဲမှာ ဖြစ်ပြီး Zagreb မြို့ မှာ တည်ထောင်ထားပါတယ်။

အင်္ဂလိပ်လို့ အပြည့်အစုံနာမည်ကတော့ Museum of Broken Relationships ဖြစ်ပါတယ်။ အိမ်ထောင်ကွဲသူ၊ ချစ်သူနဲ့ ကွဲရသူတို့ အားလုံး အနေနဲ့ ၎င်းတို့ ရဲ့  ပစ္စည်းကို ခင်းကျင်းပြသထားပါတယ်။ ရိုးရိုးတန်း တန်း တော့ မရပါဘူး။ ဥပမာ- စာရွက်ပြချင်တယ်ဆိုရင် ယင်းစာရွက်ဟာ ဘယ်နေ့က သူနဲ့ ဘယ်လို ပြဿနာ တက်ပြီး ရေးခဲ့တာ၊ ဆွဲဖြဲခဲ့တာ အစရှိတဲ့ အကြောင်းပြချက် စုံလင်စာနဲ့ တင်ပြထားတာ ဖြစ်ပါတယ်။

နာမည်ကျော် ပုဂ္ဂိုလ်ရယ်လို့မဟုတ်ပါဘူး။ ကမ္ဘာအရပ်ရပ်က အသည်းကွဲ သူတို့ရဲ့  အသုံးဆောင်ပစ္စည်းများ လာပြလို့ရပါတယ်။ ယခုသုံးနေတာ မဟုတ်ပဲ။ အတူနေထိုင်စဉ်၊ ချစ်နေစဉ် သုံးခဲ့တာတွေ၊ အိမ်ထောင်ကွဲ ခါနီး ပြဿနာတက်တော့ သုံးခဲ့တဲ့ ပစ္စည်းတွေ အစရှိသဖြင့် စုံလင်ပါတယ်။ အမျိုးသမီးတစ်ဦးဆိုရင် သူ့ယောင်္ကျားနောက်မိန်းမ တစ်ယောက်နဲ့ ကြိတ်ပုန်းခုတ်လို့ သိတဲ့အခါ လိုက်ခုတ်ခဲ့တဲ့ ပေါက်စိန် ကိုတောင် တင်ပြ ထားပါတယ်။ ပန်းအိုးခွဲတယ်ဆိုလည်း ကွဲတဲ့ ပန်းအိုးက တင်ပြပါတယ်။ အကြောင်းအရာများလည်း ရေးသားပြသ ထားပါတယ်။

တကယ့် ပေါက်ပေါက်ရှာရှာနဲ့ လုပ်တယ်လို့ စစဖွင့်ချင်းက ထင်ကြပေ မယ့် နောက်တော့ တော်တော်ကို ကဗျာဆန်၊ လွမ်းစရာဆန်ဆန် ဖြစ်နေ တဲ့ ပြတိုက်မို့ လူ့ကြည့်အတော်များခဲ့ပါတယ်။ ယနေ့တိုင်လည်း လူစည် ဆဲ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် အောက်တိုဘာလက စတင်ဖွင့်လှစ်ပါတယ်။

သို့ပေမယ့် ၂၀၀၆ ခုနှစ်ကတည်းက အမြည်းသဘောအနေနဲ့ စတင် ပြသ ခဲ့ပါသေးတယ်။ အဲ့ဒီအချိန်ကတည်းက လူကြိုက်များခဲ့ တာ ဖြစ်ပါ တယ်။ နှစ်စဉ် ကမ္ဘာလှည့်ခရီးသည်အပါဝင် လူဦးရေ သိန်းနဲ့ချီပြီး လာရောက်ကြည့်ရှုပါတယ်။ ကမ္ဘာအနှံ့လည်း ပြခန်းနဲ့ လုပ်ပြီး ပြသ ရာ အောင်မြင်ခဲ့ပြန်ပါသေးတယ်။

Museum of Broken Relationships ကို တည်ထောင်တဲ့ လူ ၂ယောက် ကလည်း Zagreb မြို့ ခံ ဒါရိုက်တာတစ်ဦးနဲ့ အနုပညာရှင် တစ်ဦး ဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ ဥရောပ ပြတိုက်ဖိုရမ်ကပေးတဲ့ ဥရောပရဲ့ အထူးခြား ဆုံး ပြတိုက်ဆု ရရှိခဲ့ကြောင်း သိရပါတယ်။
--
Ref: wiki
ရိုးရာလေး သတင်း

No comments:

Post a Comment