Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 13, 2014

မြန်မာပြည်က ငါးရံ့ခြောက်တချို့မှာ ယင်မနားဆေးလို့ မြန်မာတွေခေါ်တဲ့ ပိုးသတ်ဆေးတစ်မျိုးကို သုံးနေတဲ့အကြောင်း


မနေ့က မက်ဆေ့တစ်စောင်ဝင်လာတယ်...
မြန်မာပြည်က ငါးရံ့ခြောက်တချို့မှာ ယင်မနားဆေးလို့ မြန်မာတွေခေါ်တဲ့ ပိုးသတ်ဆေးတစ်မျိုးကို သုံးနေတဲ့အကြောင်း၊ မြန်မာတွေဟာ ငါးရံ့ခြောက်တွေကြိုက်ကြတာမို့ ဒီအကြောင်းကို လူတွေသိအောင် ပြောပြဖို့နဲ့ ယင်မနားဆေးဆိုတဲ့ ပိုးသတ်ဆေးအကြောင်းကိုလည်း အများသိအောင်ရေးပေးပါလို့ဆိုတာကြောင့် သူပြတဲ့ပုံထဲက ပိုးသတ်ဆေးအကြောင်းကို ကျွန်မ အင်တာနက်မှာ ရှာကြည့်လိုက်ပါတယ်။ (ကျန်ပုံတွေကို ကော်မန့်မှာ ကျွန်မတင်ထားပါတယ်) အဖြူရောင်ပိုးသတ်ဆေးပုလင်းမှာ ရေးထားတဲ့ တရုတ်စာလုံးက (敌百虫) တဲ့။ မြန်မာလို တစ်လုံးချင်းဘာသာပြန်ရရင် ပိုးအားလုံးရဲ့ရန်သူပေါ့။ ဒါကြောင့်လည်းပဲ ပိုးသတ်ဆေးလို့ခေါ်တာကို
ဒီပိုးသတ်ဆေးအကြောင်းကို ကျွန်မအကြမ်းဖျင်းပဲ လိုက်ဖတ်ကြည့်လိုက်တယ်။ အဲဒီဆေးမှာပါတဲ့ ဓာတုအခေါ်အဝေါ်၊ အသုံးအနှုန်းတွေကို ကျွန်မသီးသန့်လိုက်ရှာမကြည့်တော့ဘူး။ ဒီပိုးသတ်ဆေးက ငါးတွေရဲ့ခန္ဓာကိုယ်ထဲမှာရှိတတ်တဲ့ ကပ်ပါးကောင်အတွက်၊ ငါးသားပေါက်၊ ငါးဥတွေကိုဖျက်ဆီးမယ့် ပိုးကောင်တွေအတွက် အသုံးဝင်တယ်လို့ဆိုပါတယ်။ ကြည့်ရတာ ငါးမွေးမြူရေးအတွက် သုံးတယ်လို့ထင်ပါတယ်။ သူ့ထက် ပိုအဆိပ်ပြင်းတာက (敌敌畏သီသီဝေ)လို့ခေါ်တဲ့ပိုးသတ်ဆေး (ကော်မန့်အောက်က ပုလင်းစိမ်းနဲ့ပုံ)။ ပုလင်းဖြူကပိုးသတ်ဆေး 敌百虫 (ပိုးအားလုံးရဲ့ရန်သူ)က Weak alkaline ဖြစ်တဲ့အချိန်မှာ အဆိပ်ပိုပြင်းတဲ့ သီသီဝေပိုးသတ်ဆေးအဖြစ်ကို ပြောင်းလဲသွားတတ်တယ်တဲ့။ အဲဒီလိုပြောင်းလဲဖို့ နာရီဝက်ပဲကြာတယ်လို့ဆိုတယ်။
ဒီပိုးသတ်ဆေးတွေက ပိုးသတ်ဖို့အသုံးဝင်ပေမယ့် လူတွေစားမိခဲ့ရင် ခေါင်းကိုက်၊ ခေါင်းမူးတာ၊ အော့အန်တာ၊ အစာမစားချင်တာ၊ ဗိုက်နာတာ၊ ဝမ်းသွားတာ၊ ချွေးထွက်များတာတွေဖြစ်တတ်သလို ပိုစားမိရင် မူးမေ့တာ၊ အသက်ရှုရကျပ်တာ၊ အဆုပ်ဖောယောင်တာတွေဖြစ်တတ်တယ်။ တခြားရောဂါအနေနဲ့ နှလုံး၊ အသဲ၊ ကျောက်ကပ်တို့ကို ဖျက်ဆီးနိုင်တယ်လို့ဆိုပါတယ်။
ခန္ဓာကိုယ်ထဲဝင်တဲ့ ပမာဏများရင်များသလို ဆိုးကျိုးဖြစ်စေနိုင်တယ်ပေါ့။
ဒီပိုးသတ်ဆေးကို အင်္ဂလိပ်လို Dipterex (Trichlorfon) လို့ခေါ်တယ်လို့ရေးထားတယ်။ အပြည့်အစုံကို အင်တာနက်ပေါ်ရှာဖတ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပိုးသတ်ဆေးအသုံးများရင် လူတွေအတွက်တော့ မကောင်းပါဘူး။ အခုခေတ်က ဘာစားစား ဘေးကင်းတယ်ဆိုတာမျိုး မရှိတော့ပါဘူး..
Nine Nine Sanay @ နိုင်းနိုင်းစနေ

No comments:

Post a Comment