Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 3, 2014

ချောက်ကမ်းပါးစွန်းက ဝရံတာ



မောင်းကန်တံတား ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ်က Colorado မြစ်နားက Grand Canyon ကျောက်တောင် ပေါ်မှာ ဆောက်ထားတာ ဖြစ်ပါတယ်။

သူ့ကို Grand Canyon Skywalk လို့အမည်ပေးထားပြီး အောက်က မြစ် ကနေ ပေပေါင်း ၁၁၆၀ မက အမြင့်မှာ တည်ရှိပါတယ်။ မြေငလျင် မဂ္ဂနီကျု ၈.၀ အဆင့်၊ ပြင်းအားမြင့် လေမုန်တိုင်းကို ခံနိုင်ရည် ရှိအောင် ဖန်တီး ထားပြီး တံတားပေါ် ဘိုအင်း ၇၄၇ အဆင့် လေယာဉ် လာနားတောင် ပျက်မကျအောင် ခိုင်ခိုင်ခံ့ခံ့ တည်ဆောက်ထားပါတယ်။

လူ ၈၈၀ ကျော် တက်လို့ရအောင် ဆံ့ပေမယ့် အများဆုံး လူ ၁၂၀ သာ တက်ဖို့ ခွင့်ပေးထားပါတယ်။ မှန်များကို အသုံးပြုတည်ဆောက် ထားခြင်း ဖြစ်တဲ့အတွက် အသည်းငယ်သူတို့ မတက်သင့်တဲ့ ချောက်ကမ်းပါး တံတား ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ် မတ်လ ၂၈ ရက်နေ့က စတင်ဖွင့် လှစ်ပြီး နေ့စဉ် လူစည်ကားပါတယ်။

Grand Canyon Skywalk ကို ကမ္ဘာလှည့်ခရီးသည်များ လာရောက် လည် ပတ်မှုများပြားကြောင်း သိရပါတယ်။
---
Ref:wiki
ရိုးရာလေး သတင်း

No comments:

Post a Comment