၁၉၇၀ ပြည့်နှစ် အစောပိုင်းကာလတွေကစပြီး အနောက်တိုင်းဆေးပညာနယ်ပယ်မှာ
စတီးရွိုက်မပါတဲ့ အကိုက်အခဲပျောက်ဆေးတွေ အသုံးများတွင်ကျယ်လာတာနဲ့
တစ်ပြိုင်နက် လူတွေရဲ့ အစာအိမ်ကိုပါ ဥပဒ်ပေးလာတယ်ဆိုတာကိုပါ ဆေးပညာရှင်တွေ
သတိပြုလာမိခဲ့ကြတယ်။
တစ်ချိန်တည်းမှာပဲ ရိုးရာဆေးပညာမှာရှိတဲ့ အကိုက်အခဲနဲ့အရောင်ကျစေတဲ့ ဆေးပင်တွေကိုလည်း သိပ္ပံပညာရှင်တွေက စိတ်ဝင်စားလာခဲ့ကြတယ်၊ ဒီလိုနဲ့သူတို့ဟာ ဆေးဘက်ဝင်တဲ့အပင်တွေကို ရှာဖွေရင်းနဲ့ ဆင်တုံးမနွယ်အပင်ကို ရှာဖွေတွေ့ရှိခဲ့ကြတယ်။ လက်တင်ဘာသာစကားအရ ဆင်တုံးမ နွယ်ကို tinospora cordifolia လို့ခေါ်ပါတယ်။ အိန္ဒိယနိုင်ငံကတော့ guduchi လို့ခေါ်ပြီး အင်္ဂလိပ်လို ကတော့ heartleaf moonseed လို့ခေါ်တယ်။
နိုင်ငံတကာမှ ဆေးသိပ္ပံပညာရှင်တွေဟာ ဆင်တုံးမနွယ်မှာပါဝင်တဲ့ syringing and cordial ဒြပ်ပေါင်း တွေက ရောင်ရမ်းတာကိုဖြစ်ပေါ်စေတဲ့ Enyzme တွေကိုဟန့်တားနိုင်စွမ်းရှိ တာကို သိခဲ့ကြတယ်။ အဆစ်အမျက်ရောင် ရောဂါအမျိုးမျိုးကို သက်သာစေတယ်၊ အထူးသဖြင့် rheumatoid arthritis ရောဂါတွေမှာဖြစ်ပေါ်လေ့ရှိတဲ့ 
morning stiffness ကိုလျော့ကျစေတယ်၊ ဒါတွင်မကပါဘူး။ အာသီး ရောင်တာ၊
အစာအိမ်ရောင်တာ၊ အသည်းရောင်တာ၊ ဆီးအိမ်ရောင်တာတို့ကို လျော့နည်းသက်သာစေ
နိုင်တာကို လေ့လာမိခဲ့ကြတယ်။
ဆင်တုံးမနွယ်မှာပါဝင်တဲ့ antioxidant တွေက အခြားအရေးပါတဲ့ antioxidant နှစ်မျိုးဖြစ်တဲ့ glutathione နဲ့ vatimin-C တို့ကိုများပြားအောင် အကူအညီပေးတယ်၊ အသက်ကြီးတဲ့သူတွေ Antioxidant ကိုသုံးရင် အသက်ရှည်နုပျိုစေတယ်၊ ဒါကြောင့်လည်း အသက်ကြီးရင် ဆင်စီးပါလို့ မြန်မာတွေ ဆိုရိုးစကားရှိခဲ့တယ်၊ ဆင်စီးပါဆိုတာက အသက်ကြီးလာရင် ဆင်တုံးမနွယ်ကို မှီဝဲပါလို့ ဆိုလိုတာဖြစ်တယ်။
ဆေးပညာ လက်တွေ့နယ်ပယ်မှာတော့ ဆင်တုံးမနွယ်ရဲ့ ပင်စည်ဟာအသည်းရောင် အသားဝါရောဂါ အတွက်အလွန်အသုံးဝင်တာ တွေ့ရတယ်၊ အသည်းရောင်ခြင်းကို လျော့ကျစေသလို အသားဝါတာကို လည်းမြန်မြန်သက်သာစေတာတွေ့ရ တယ်။
ဆင်တုံးမနွယ်ဟာ ခုခံအားစနစ်ရဲ့ အဓိကဖြစ်တဲ့ သွေးဖြူဥတွေပုံမှန်
ထုတ်လုပ်ခြင်းကို အားပေးတာကို တွေ့ရတယ်။ ရိုးရာဆေးပညာရှင်တွေနဲ့ (Indian
ayuedic medicine) ဆေးပညာရှင်တွေက ဆင်းတုံးမနွယ်ကို ဆီးချိုရောဂါမှာ
ကျယ်ကျယ် ပြန့်ပြန့်သုံးတာ တွေ့ရတယ်။ ဆီးချိုရောဂါ သိပ်မရင့်သေးတဲ့သူတွေနဲ့
အစောပိုင်းကာလ ဆီးချိုဝေဒနာ ရှင်တွေအတွက် အသုံးပြုနိုင်ပါတယ်။
သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်တဲ့သတ္တိရှိလို့ ဆီးချိုဝေဒနာ ရှင်တွေအတွက်
သတင်းကောင်းတစ်ခုပါ။
ဆင်တုံးမနွယ်ပင်စည် ၁ ဒသမ ၅ ဂရမ်ကို လူကြီးတစ်ယောက်အတွက် တစ်နေ့ကို သုံးကြိမ်ကနေ လေးကြိမ်အထိ သောက်နိုင်တယ်၊ ဒါပေမယ့်အရက်နဲ့တော့ တွဲမသောက်ရပါကြောင်း တင်ပြအပ်ပါ6တယ်။
မြန်မာ့အလင်းသတင်းစာ
ဇွန် (၁၅) ရက်၊ ၂၀၁၄ ခုနှစ်
တစ်ချိန်တည်းမှာပဲ ရိုးရာဆေးပညာမှာရှိတဲ့ အကိုက်အခဲနဲ့အရောင်ကျစေတဲ့ ဆေးပင်တွေကိုလည်း သိပ္ပံပညာရှင်တွေက စိတ်ဝင်စားလာခဲ့ကြတယ်၊ ဒီလိုနဲ့သူတို့ဟာ ဆေးဘက်ဝင်တဲ့အပင်တွေကို ရှာဖွေရင်းနဲ့ ဆင်တုံးမနွယ်အပင်ကို ရှာဖွေတွေ့ရှိခဲ့ကြတယ်။ လက်တင်ဘာသာစကားအရ ဆင်တုံးမ နွယ်ကို tinospora cordifolia လို့ခေါ်ပါတယ်။ အိန္ဒိယနိုင်ငံကတော့ guduchi လို့ခေါ်ပြီး အင်္ဂလိပ်လို ကတော့ heartleaf moonseed လို့ခေါ်တယ်။
နိုင်ငံတကာမှ ဆေးသိပ္ပံပညာရှင်တွေဟာ ဆင်တုံးမနွယ်မှာပါဝင်တဲ့ syringing and cordial ဒြပ်ပေါင်း တွေက ရောင်ရမ်းတာကိုဖြစ်ပေါ်စေတဲ့
ဆင်တုံးမနွယ်မှာပါဝင်တဲ့ antioxidant တွေက အခြားအရေးပါတဲ့ antioxidant နှစ်မျိုးဖြစ်တဲ့ glutathione နဲ့ vatimin-C တို့ကိုများပြားအောင် အကူအညီပေးတယ်၊ အသက်ကြီးတဲ့သူတွေ Antioxidant ကိုသုံးရင် အသက်ရှည်နုပျိုစေတယ်၊ ဒါကြောင့်လည်း အသက်ကြီးရင် ဆင်စီးပါလို့ မြန်မာတွေ ဆိုရိုးစကားရှိခဲ့တယ်၊ ဆင်စီးပါဆိုတာက အသက်ကြီးလာရင် ဆင်တုံးမနွယ်ကို မှီဝဲပါလို့ ဆိုလိုတာဖြစ်တယ်။
ဆေးပညာ လက်တွေ့နယ်ပယ်မှာတော့ ဆင်တုံးမနွယ်ရဲ့ ပင်စည်ဟာအသည်းရောင် အသားဝါရောဂါ အတွက်အလွန်အသုံးဝင်တာ တွေ့ရတယ်၊ အသည်းရောင်ခြင်းကို လျော့ကျစေသလို အသားဝါတာကို လည်းမြန်မြန်သက်သာစေတာတွေ့ရ
ဆင်တုံးမနွယ်ပင်စည် ၁ ဒသမ ၅ ဂရမ်ကို လူကြီးတစ်ယောက်အတွက် တစ်နေ့ကို သုံးကြိမ်ကနေ လေးကြိမ်အထိ သောက်နိုင်တယ်၊ ဒါပေမယ့်အရက်နဲ့တော့ တွဲမသောက်ရပါကြောင်း တင်ပြအပ်ပါ6တယ်။
မြန်မာ့အလင်းသတင်းစာ
ဇွန် (၁၅) ရက်၊ ၂၀၁၄ ခုနှစ်
No comments:
Post a Comment