Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 13, 2014

ဦးတေဇ၏ အကူအညီကြောင့် ကျောက်နဂါးအား ခေါင်းရုပ် ထုတပ်မှု အပေါ် ဒေသခံများ အလို မရှိ




ခရိုင် မချမ်းဘော မြို့နယ်ရှိ “ကျောက်နဂါး” အား နဂို အတိုင်း မထားပဲ ဦးတေဇ၏ အကူအညီဖြင့် တပ်မတော် တပ်ရင်းများမှ နဂါးခေါင်း ရုပ်တုအား တပ်ဆင်ခြင်းနှင့် နဂါးထိပ်တွင် စေတီများ တည်ခဲ့သည့်ကို ရိုးရာ အဖွဲ့အစည်းများနှင့် ဒေသခံများမှ ပြန်ဖြုတ်ပေးရန် အလိုရှိနေကြကြောင်း သတင်း ရရှိသည် ။

“ဒါဟာ သဘာဝကို ဖျက်ဆီး လိုက်တာပဲ ။ ”ဟု ပူတာအိုမှ ဘသာရေး ဆရာ တစ်ဦးမှ ဆိုသည် ။

ယခုအချိန်သည် ထို ကျောက်နဂါးသည် အားလုံး အတွက် မဟုတ်တော့ ပဲ ဗုဒ္စ ဘာသာ တစ်ခုတည်း အတွက် ဖြစ်သွားပြီး ဖြစ်ကြောင်းလည်း ဆိုသည် ။

ပိုတာအို ဒေသရှိ သမိုင်းဝင် အထင်ကရ နေရာများတွင် ဦးတေဇမှ အလှူ ငွေများပေးကာ စေတီများ တည်ဆောက် ပေးလျှက် ရှိသည် ။

ကျောက်နဂါး အကြောင်းအရာသည် ယခင် ကတည်းက ကချင်နှင့် ရှမ်း ပုံပြင်များတွင်သာ တွေ့ရပြီး မည့်သည့် တိုင်းရင်းသား၊ ဘာသာတို့ ပုံပြင်များတွင် မတွေ့ရှိရကြောင်းလည်း ဆိုသည် ။

ထို ကျောက်နဂါးသည် မြွေဘ၀တွင် မုဆိုးမ၏ သားကို မြိုလိုက်သည့် အတွက် မိုးကြိုးပစ် ခံရကာ ယခုကဲ့သို့ ကျောက်နဂါး အဖြစ် တည်ရှိနေခြင်း ဖြစ်ကြောင်း ကချင် ပုံပြင် စာအုပ်တွင် ဖော်ပြ ထားသည် ။

“ကျွန်တော် ကတော့ ဒီ ကျောက်နဂါးကို သဘာဝ အတိုင်းပဲ နေခိုင်ချင်တယ် ။ လွတ်လွတ်လပ်လပ် နေပါစေ ။ အခုလို လုပ်လိုက်တော့ တစ်ဖွဲ့ဖွဲ့ရဲ့ နေရာ ဖြစ်သွားပြီ ”ဟု မချမ်းဘော ဒေသခံ တစ်ဦးမှ ဆိုသည် ။

ပူတာအို ဒေသခံရှိ ခြံများ အထင်ကရ နေရာများ ဒေသခံများ ပိုင်ဆိုင်သည့် သမိုင်းဝင် ရိုးရာ အသုံးအဆောင်များအား ဦးတေဇမှ ၀ယ်ယူ ထားပြီးပြီ ဖြစ်ကြောင်း သေဒခံများမှ ဆိုသည် ။

ပူတာအို ခရိုင်ရှိ အထင်ကရ နေရာများ ဖြစ်သော ကျောက်နဂါး နှင့် နတ်စားပွဲ

BY - Kachinwaves 

ဓာတ်ပုံ နှင့် မူရင်းသို့ - https://www.facebook.com/kachinwavesnews/posts/817290244950756

No comments:

Post a Comment