Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, July 19, 2014

ရိုဟင်ဂျာတွေနဲ့ လက်မထပ်ဖို့ ဘင်္ဂလားဒေ့ရှ် အမိန့်ချမှတ်




ဘင်္ဂလားဒေ့ရှ် အစိုးရက မြန်မာနိုင်ငံ ကနေ လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား တွေကြား လက်ထပ်ခွင့် ပိတ်ပင်လိုက်ပါတယ်။

မြန်မာနိုင်ငံကနေလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တွေဟာ နိုင်ငံသား ခံယူချင်တဲ့ ရည်ရွယ်ချက်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို လက်ထပ် ချင်ကြတာ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် တရား သူကြီး Syed Anisul Haque က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေနဲ့ လက်ထပ်တဲ့ ရိုဟင်ဂျာ တွေအနေနဲ့ နိုင်ငံသားဖြစ် ခွင့်ရှိသွား တဲ့အတွက် ရိုဟင်ဂျာတွေ နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားကြား လက်ထပ်ခွင့် ပိတ်ပင်ပြီး လက်ထပ် စာချုပ်တွေ မလုပ်ပေးဖို့ ဘင်္ဂလားဒေ့ရှ် တရားသူကြီးက အမိန့် ထုတ်ပြန် လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက ဘာသာရေး လူမျိုးရေး ပဋိပက္ခ တွေကြောင့် ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ထွက်ပြေးနေကြ တာလည်းဖြစ်ပါတယ်။

ABC Radio Australia

No comments:

Post a Comment