အပြာရောင်ကျောက်တုံး
_______________
နှစ်တစ်သောင်း ကုန်လွန်ပြီးနောက်….. နှစ်တစ်ထောင် ကုန်လွန်ပြီးနောက်… နှစ်တစ်ရာ ကုန်လွန်ပြီးနောက်…. ဆယ်စုနှစ် ကုန်လွန်ပြီးနောက်…..
တောနက်တစ်နေရာမှာ အပြာရောင်ကျောက်တုံးတစ်တုံး
ဒါပေမယ့် တစ်နေ့မှာ တောမီးလောင်ခဲ့တယ်။
တောမီးတွေ နေရာအနှံ့ လချီကြာလောင်မြိုက်ခဲ့တယ်။ အရှေ့မှ အနောက်၊ တောင်မှမြောက်ကူးစက်ခဲ့တာ တစ်လောကလုံး မီးခိုးလုံးတွေနဲ့ အမှောင်ကျခဲ့ရတယ်။ ဗလာဖြစ်နေတဲ့ ဟင်းလင်ပြင်ကြီးမှာ မည်းညစ်ညစ် ကျောက်တုံးတစ်တုံးသာ ကျန်ရစ်ခဲ့တော့တယ်။ ပင်လယ်ရေမရတဲ့ ဝေလငါးတစ်ကောင်လို့ သစ်ပင်မရှိတော့တဲ့တောအုပ်ထဲ
တိမ်တွေညိုမည်းပြီး မိုးတွေအဆက်အပြတ် သည်းသည်းထန်ထန် ရွာသွန်းခဲ့တယ်။ ၇၇၄၉ရက်ကြာအောင် ဆက်တိုက်ရွာသွန်းခဲ့တယ်။ မိုးတိတ်သွားပြီးနောက် ကောင်းကင်တစ်ခုလုံး လင်းလက်လာခဲ့တယ်။ လေထုတွေ တဖြည်းဖြည်းကြည်လင်လာခဲ့တယ်
ဗလာကျင်းနေတဲ့လောကကြီးက ရောင်ခြည်အသစ်နဲ့ တဖြေးဖြေး ပြန်နိုးထလာလိမ့်မယ်လို့ ကျောက်တုံးထင်ခဲ့တယ်။ ဒါပေမယ့် သူမှားသွားခဲ့တယ်…. ကျောက်တုံးကြီးက နှစ်ခြမ်းကွဲပြီး ခွဲခွါသွားရလိမ့်မယ်လို့လည်
ခရီးလမ်းပေါ် ခြေချတာနဲ့ သူရဲ့လွမ်းဆွတ်ခြင်းက စခဲ့တယ်….
အေးစက်တဲ့ တောင့်တစ်နေရာမှာ သူငြိမ်ငြိမ်သက်သက် လဲလျောင်းနေခဲ့တယ်။ သူ့ဘေးမှာ ယောက်ျားသားတစ်ဦး ထိုင်ပြီးတွေးတောနေတယ်။ ပြတင်းပေါက်ကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ နေရောင်တစ်ချို့က အခန်းကို လင်းထိန်စေခဲ့တယ်။
၁၈လကြာပြီးနောက် ဝေးလံတဲ့နေရာတစ်ခုဆီ သူအပို့ခံလိုက်ရတယ်။
ဆူညံမွန်းကြပ်နေတဲ့ လောကတစ်ခုထဲ သူရောက်လာခဲ့တယ်။ လူတွေကသူ့ကို ချီးမွမ်းကြတယ်။ သူ့ကို အရူးတစ်ပိုင်း စွဲလမ်းကြတယ်။ သူ့ဘေးကနေ မခွါနိုင်ဖြစ်ခဲ့ကြတယ်။
ချမ်းအေးတဲ ဆောင်းတစ်ညမှာ လမ်းမှားတဲ့ကလေးငယ်တစ်ယောက်
“ကျောက်တုံးကြီး.. ကျောက်တုံးကြီး.. ကျွန်တော့်အိမ်ဘယ်မှာလဲ သိလား”
ကိုယ်နဲ့မရင်းနှီးတဲ့မြို့မ
ညသန်းခေါင်းယံအချိန် အပြာရောင် မီးပျံပူဖောင်းတစ်လုံး သူမျက်စိရှေ့က ဖြတ်ပျံသွားခဲ့တယ်။ တောအုပ်ထဲမှာ ကျန်နေတဲ့ ကျောက်တုံးတစ်ခြမ်းကို သူသတိရလိုက်မိတယ်။ ကြီးမားတဲ့ လွမ်းဆွတ်မှုတစ်ခုက သူ့ရင်အစုံကို ကွဲအက်စေခဲ့တယ်။ တခဏအတွင်း အရုပ်ကြိုးပြတ် သူလဲကျသွားခဲ့တယ်။
ကွဲအက်သွားတဲ့ ကျောက်တုံးစတစ်ချို့ လွင့်ပစ်ခံလိုက်ရတယ်။ ပိုကောင်းတဲ့အခြမ်းကို ချမ်းသာတဲ့ အဘွားအိုတစ်ဦးဆီ သူတို့ရောင်းလိုက်ကြတယ်။ အဘွားအိုက နာမည်ကြီး အနုပညာရှင်တစ်ဦးကို ခေါ်ယူပြီး အပြာရောင်ကျောက်တုံးကို ပုံစံသွင်းခိုင်းလိုက်တယ်။
၉လလွန်မြောက်ပြီးနောက် အပြာရောင်ကျောက်တုံးက ဒီထက်ဝေးတဲ့ နယ်မြို့တစ်မြို့ဆီ အပို့ခံလိုက်ရပြန်တယ်။ အဘွားအိုရဲ့ တိတ်ဆိတ်တဲ့ပန်းခြံတစ်ခုထဲ သူရောက်လာခဲ့တယ်။
ချမ်းသာကြွယ်ဝတဲ့အဘွားကြီးက
နေပူမိုးရွာပါစေ…. မနက်တိုင်း ပန်းခြံထဲ အဘွားအိုရောက်လာတတ်တယ်။ ကျောက်တုံးပြာရဲ့ ဘေးမှာထိုင်ပြီး စကားတီးတိုးပြောနေတတ်တယ်။
လေပြင်းတိုက်တဲ့ ဆောင်းဦးမနက်ခင်းတစ်ခုမှာ အဘွားအိုမူးလဲပြီး သူ့ဆီ အရောက်မလာနိုင်ခဲ့ဘူး။ သူ့ကိုနှစ်သက်တဲ့ အဘွားအိုရဲ့ ချစ်ခြင်းတွေသာ လေနဲ့အတူ သူ့ဆီလွှင့်ဝဲလာခဲ့တယ်။
သူအိမ်ပြန်ချင်ခဲ့တယ်။ သူတို့အိမ်ပြန်ချင်ခဲ့တယ်။ တောနက်ထဲက အခြမ်းဆီ သူတို့ပြန်ချင်ခဲ့ကြတယ်။ ပြင်းပြတဲ့ လွမ်းဆွတ်မှုက သူ့ကိုအက်ကွဲစေခဲ့ပြန်တယ်။ သူလဲကျသွားခဲ့ပြန်တယ်။
တစ်နှစ်အကြာမှာ အဘွားအိုရဲ့ မြေးတစ်ယောက် အဝေးက ပြန်ရောက်လာခဲ့တယ်။ မြက်ရိုင်းတွေ ထူထပ်နေတဲ့ ပန်းခြံကိုပြုပြင်ရင်း အပြာရောင်ကျောက်တစ်စကို အဘွားအိုရဲ့မွေးရပ်မြေ ပင်လယ်ကမ်းစပ်မြို့ တစ်မြို့ဆီ သယ်လာခဲ့တယ်။
ပျားပန်းခတ်လှုပ်ရှားနေတဲ့ ပင်လယ်ကမ်းစပ် တစ်နေရာမှာ အပြာရောင်ကျောက်တုံးနေပြီး တံငါလှေတွေ ပင်လယ်ထဲ တပျော်တပါး ထွက်သွားပြီး တပျော်တပါး ပြန်လာတဲ့အဖြစ်ကို နေ့တိုင်း သူငေးကြည့်နေခဲ့တယ်။
တံငါရွာနားက ကောင်မလေးတစ်ယောက် သူ့ချစ်သူကောင်လေးကို ဆိပ်ကမ်းမှာနေ့တိုင်း လာစောင့်နေခဲ့တယ်။ ကောင်လေးပြန်ရောက်လာတိုင်း နှစ်ဦးသားပွေ့ဖက်ကြတာ မြင်ရသူအဖို့ အားကျစရာကောင်းလှတယ်။ တစ်နေ့မှာ ပင်လယ်ဖက်ထွက်သွားတဲ့ ကောင်လေး ပြန်မလာခဲ့တော့ဘူး။ ကောင်မလေးက ဝတ္တရားမပျက် နေထွက်မှ နေဝင်တိုင်အောင် နေ့တိုင်းလာစောင့်နေခဲ့တယ်။
လှိုင်းတွေ ကမ်းစပ်ကိုရိုက်ပုတ်ကြတယ်။ ပင်လယ်လေအေးတွေ သူ့ကိုတိုက်ခိုက်ကြတယ်။ အပြာရောင်ကျောက်တုံးလေး အပြောကျယ်တဲ့ ပင်လယ်ပြင်ကို ငေးမောရင်း အထီးကျန်နေခဲ့ရတယ်။ သူပြန်ချင်တယ်… နွေးထွေးတဲ့အိမ်ကို သူပြန်ချင်တယ်။
ညနက်နက်တစ်ညမှာ ကောင်မလေးရဲ့ အပြာရောင်ဦးထုပ် ပင်လယ်ထဲကျသွားခဲ့တယ်။ တောနက်ထဲကအခြမ်းကို အပြာရောင်ကျောက်တုံး သတိရမိပြန်တယ်။ ဧရာမလွမ်းဆွတ်မှုတစ်ခုက သူ့ရင်အစုံကို ပြေးဆောင့်ခဲ့တယ်။ နေရာမှာ သူလဲကျသွားခဲ့ပြန်တယ်။
အချိန်တွေက စီးဆင်းသွားတဲ့ရေအလား လျင်လျင်မြန်မြန် ဖြတ်သန်းသွားခဲ့တယ်။ လူတွေက ချစ်ကံခေတဲ့ ချစ်သူနှစ်ဦးကို မေ့ခဲ့ကြသလို ပင်လယ်ထဲ ပြုတ်ကျသွားခဲ့တဲ့ အပြာရောင်ကျောက်တုံးကိုလည်း
အဲဒီလိုနဲ့ တစ်နေ့မှာ အပြာရောင်ကျောက်တုံးကို ရေငုပ်သမားနှစ်ဦး တွေ့ခဲ့တယ်။
ကွဲအက်လိုက်၊ ပုံသွင်းခံရလိုက်၊ အထီးကျန် ဝမ်းနည်းနေသူတွေကို အဖော်ပြုလိုက်ဆိုပေမယ့် အိမ်ပြန်ချင်တဲ့ သူ့ရင်ထဲက ဆန္ဒတွေမချုပ်ငြိမ်းခဲ့ဘူး။ အိမ်ပြန်ချင်တယ်… တောနက်ထဲက အိမ်ကို သူပြန်ချင်နေခဲ့တယ်။
သူ့ကိုယ်ထည်တွေ သေးသထက် သေးခဲ့ရလည်း လွမ်းဆွတ်မှုက ကြီးသထက်ကြီးခဲ့တယ်။
အနုပညာပြတိုက်တစ်နေရာမှာ အပြာရောင်ကျောက်တုံး ချိတ်ဆွဲခံရပြန်တယ်။ ဒီတစ်ကြိမ်မှာတော့ သူဟာ လခြမ်းပုံဖြစ်တယ်။ လူတွေရဲ့အကြည့်ကို သူဆွဲဆောင်နိုင်ခဲ့တယ်။ ရင်ကို ကိုင်လှုပ်နိုင်ခဲ့တယ်။
သူ့ဘဝမှာ တောနက်တစ်ခုရှိခဲ့တယ်၊ တဖြေးဖြေး မြက်ရိုင်းတစ်ပြင်၊ အဲဒီနောက် ပန်းခြံတစ်ခြံ၊ တဖြည်းဖြည်း လိပ်ပြာတွေရောက်လာတယ်။ ငှက်တွေရောက်လာတယ်။ ဝံပုလွေတွေ ရောက်လာခဲ့တယ် ဆိုတာကို သူပြန်သတိရမိတယ်။
သစ်တောထဲက အေးမြတဲ့လရောင် ပက်ဖြန်းတဲ့ညကို သူသတိရမိတယ်။ ကြယ်တွေ ကြွေလင့်ခဲ့တဲ့ မနက်ခင်းကို သူလွမ်းမိတယ်။ နွေးထွေးတဲ့နေရောင်ခြည်ကြော
ကွဲအက်သွားတဲ့ ကျောက်စတွေကို သင်္ချိုင်းမှတ်တိုင်လုပ်တဲ့ အလုပ်ရုံမှာ အရောင်းခံလိုက်ရတယ်။ ဒီနေရာကို လူတွေ ဝမ်းနည်းကြေကွဲတဲ့ အရိပ်အယောင်နဲ့ နေ့တိုင်းရောက်လာကြတယ်။ ကိုယ်ချစ်ခင်နှစ်သက်သူအတွက်
ကျယ်ပြန့်တဲ့ မြေပြင်ထက်တစ်နေရာမှာ အပြာရောင် ကျောက်တုံးလေးတစ်တုံး ငြိမ်ငြိမ်သက်သက် တည်ရှိနေခဲ့တယ်။
ကြေကွဲနေတဲ့ ကောင်လေးတစ်ယောက်က နေ့တိုင်း နှင်းဆီပန်းတစ်စည်းယူပြီး အုတ်ဂူရှေ့မှာ တိတ်တဆိတ်ငိုကြွေးခဲ့တယ်။ ကောင်မလေးကို သူတစ်သက်လုံး သတိရနေမယ်လို့လည်း ပြောတယ်။ မကြာပါဘူး… ကြေကွဲတဲ့ကောင်လေး ပျောက်သွားခဲ့တယ်။ နှင်းဆီပန်းမရှိ၊ မျက်ရည်မရှိတော့တဲ့အုတ်ဂူက မြက်ရိုင်းတွေကြားမှာ လဲလျောင်းနေခဲ့တယ်။
အပြာရောင်ကျောက်ခဲလေး အဲဒီနေရာမှာပဲ ရပ်နေခဲ့တယ်။ ဘယ်သူမှ သူ့အတွက် ကောင်းချီးမပေးခဲ့ဘူး။ ဘယ်သူမှ သူ့ကို သတိမရတော့ဘူး။ တောင်တန်းနဲ့ လေညှင်းတွေကို သူလွမ်းဆွတ်ခဲ့တယ်။ လွင်ပြင်ကျယ်ကို စွတ်စိုစေတဲ့ မိုးတွေကို သူသတိရခဲ့တယ်။ နွေဦးမှာ သူဘေးက ခုန်ပေါက်ပြေးလွှားနေတဲ့ သမင်တွေကို သူတမ်းတမိတယ်။
သူအိမ်ပြန်ချင်ခဲ့တယ်………
နှစ်များစွာအကြာမှာ မိဘမဲ့ကလေးတစ်သိုက် လေ့လာရေးထွက်ရင်း လမ်းတစ်နေရာမှာ အပြာရောင် လက်လက်ထနေတဲ့ ကျောက်တုံးတစ်တုံးကို တွေ့ခဲ့ကြတယ်။ ကျောက်တုံးကိုယူပြီး ဂေဟာအုပ်ကို ပေးလိုက်ကြတယ်။ ကျောက်တုံးနဲ့ ကြောင်တစ်ကောင် ထွင်းထုပေးဖို့ သူတို့တောင်းဆိုကြတယ်။
အဲဒီကလေးတွေ နေ့တိုင်း ပြတင်းပေါက်မှာရပ်ပြီး အဝေးကို ငေးကြည့်တတ်ကြတယ်။ သူတို့လည်း ကျောက်တုံးလိုပဲ မမြင်နိုင်တော့တဲ့ အိမ်တစ်အိမ်ကို လွမ်းဆွတ်နေကြပုံရတယ်။
ခရစ္စမတ်အကြိုည….. ခရစ္စမတ်တေးတွေက ပတ်ဝန်းကျင်တစ်ခွင်လုံး ပြန့်လွင့်နေတယ်။ အိမ်တိုင်းရဲ့ ပြတင်းပေါက်ကနေ နွေးထွေးတဲ့အလင်းတွေ ဖြာထွက်နေတယ်။
နှင်းတွေဝဲလွင့်တဲ့သဏ္ဍာန်ကို
ကွဲအက်လိုက်၊ ပုံသွင်းခံရလိုက်၊ သိမ်းဆည်းခံရလိုက်၊ မေ့လျော့ခံရလိုက်နဲ့……
လူတွေရဲ့အမြင်ကို သူဂရုမစိုက်ခဲ့ဘူး၊ လူတွေရဲ့အပြောကို သူလျစ်လျူရှူထားတယ်။ တောနက်ထဲက အိမ်နဲ့ အခြားတစ်ခြမ်းကိုပဲ သူစိတ်ထဲမှာ ထည့်ထားတယ်။
ညနက်နက်တစ်ညမှာ ခြေကျိုးနေတဲ့ အိမ်ခြေမဲ့ခွေးတစ်ကောင် လမင်းကိုကြည့်ပြီး ကြေကြေကွဲကွဲ ဆွဲအူလိုက်တယ်။ အိမ်ကသူ့နဲ့ ဝေးသထက် ဝေးခဲ့ပြီလေ…
ခိုင်မာတဲ့ ကျောက်နံရံတစ်ခုထဲ သူမြုပ်ခံထားရပြီး ညည လူတွေရဲ့သက်ပြင်းချသံကို သူနားထောင်ခဲ့ရတယ်။ ထောင်ထဲက ကောင်မလေးတစ်ဦး နေ့တိုင်းငိုယိုခဲ့တယ်။ လမိုက်ညမှာ ကောင်းကင်ရဲ့အလင်းရောင်နဲ့ သူသီချင်းဆိုခဲ့တယ်။ မှောင်မည်းမည်းညမှာ ကြေကွဲစရာကောင်းတဲ့ သီချင်းသံက ကောင်းကင်ပေါ် လင်းလက်နေတဲ့ ကြယ်ရောင်တွေနဲ့ တူနေတယ်။
မနက်ခင်းရဲ့နှင်းရနံ့တွေကို
ညနေဆည်းဆာမှာ ရင်းနှီးတဲ့ငှက်အော်သံတစ်ခု
မျှော်လင့်ချက်တွေကို သူလက်မလွှတ်ခဲ့ဘူး။ နေရပ်တောနက်ထဲ ပျံသန်းနိုင်ဖို့ပဲ သူအိပ်မက်ခဲ့တယ်။ ဒါပေမယ့် ရှည်လျားတဲ့ လမ်းတွေကြောင့် သူလမ်းမှားခဲ့ရတယ်… ဦးတည်ရာ ပျောက်ခဲ့ရတယ်…
တောင်နောက်က တောအုပ်ထဲမှာ အပြာရောင်ကျောက်တုံးလေး ဆိတ်ဆိတ်ငြိမ်ငြိမ် လဲလျောင်းနေခဲ့တယ်။ ဒီတောအုပ်က ဟိုးဝေးဝေးကသူ့အိမ်နဲ့ ခပ်ဆင်ဆင်တူတယ်။ ဒါပေမယ့် သူ့တစ်ခြမ်းက ဒီနေရာမှာရှိမနေခဲ့ဘူး။ နယ်လှည့်ဆပ်ကပ်တစ်ခု ဒီမြို့ကိုရောက်လာပြီး ၄ရက်မြောက်နေ့မှာ လူရွှင်တော်တစ်ဦးက သူ့ကိုကောက်ယူသွားခဲ့တယ်။
သူ့ကို ဘောလုံးတစ်လုံးအဖြစ်ပုံသွင်
ပူအိုက်တဲ့ နွေတစ်ညမှာ အဝေးတောအုပ်ကလွင့်လာတဲ့ ပန်းသီးကြွေသံကို သူကြားလိုက်မိတယ်။ သူအိမ်ပြန်ချင်နေခဲ့တယ်……….
ကွဲအက်သွားတဲ့ ကျောက်တုံးတစ်တုံးက နှင်းပြင်မှာ နှင်းဖုံးခံထားရတယ်။ ဒါပေမယ့် သူရဲ့ပြင်းပြတဲ့ လွမ်းဆွတ်မှုတွေက နှင်းတွေကို မြန်မြန်အရည်ပျော်စေခဲ့တယ်။
သခင်လူငယ်က သူ့ကို အိမ်အထိသယ်ခဲ့ပြီး အဖိုးတန်တဲ့ပစ္စည်းတစ်ခုလို ထိန်းသိမ်းထားခဲ့တယ်။
တောထဲက မေပယ်လ်ရွက်တွေ အနီရောင်ပြောင်းတဲ့တစ်နေ့မှ
သူအိမ်ပြန်ချင်ခဲ့တယ်…………
ကွဲအက်သွားတဲ့ကျောက်တုံးကို
အရာအားလုံးကို ကောင်မလေး ပိုင်ဆိုင်ထားတယ်။ ဒါပေမယ့် အပြာရောင်ကျောက်တုံးမှာ ဘာမှမရှိခဲ့ဘူး။
နုနုယ်တဲ့အချစ်တစ်ခု အလွယ်တကူသေဆုံးချိန်မှာ လည်ပင်းထက်က အပြာရောင်ကျောက်တုံးကို ကောင်မလေး ဝမ်းပန်းတနည်း ဖြုတ်ချခဲ့တယ်။ ပြီးတော့ အဝေးကို လွှင့်ပစ်ခဲ့တယ်။
သံနဲ့သစ်သားနှစ်ခုကြားမှာ ကျောက်တုံးတစ်တုံး လဲလျောင်းနေခဲ့တယ်။ မီးရထားတွေက ဟိုမှသည် ပျားပန်းခတ် ဖြတ်သန်းနေကြတယ်။ ဘယ်သူကမှ သူ့ကိုကောက်မယူခဲ့ကြဘူး။ အဝေးတောနက်ကအော်သံကို သူတိုးတိုးလေး ကြားလိုက်မိတယ်။
ရထားတစ်ခါဖြတ်တိုင်း သူပျော်ပျော်ရွှင်ရွှင် တစ်ခါကွဲအက်တယ်
ရထားတစ်စီးဖြတ်တိုင်း သူပျော်ပျော်ရွှင်ရွှင် တစ်ခါကွဲအက်တယ်
……
နောက်ဆုံး အပြာရောင်ကျောက်တုံးက သဲတစ်ပွင့်ဖြစ်သွားခဲ့တယ်။ မျက်စိနဲ့မမြင်နိုင်တဲ့ သဲတစ်ပွင့် ဖြစ်သွားခဲ့တယ်။
နွေလေတိုက်တဲ့အချိန် လေနဲ့အတူ သူပါသွားခဲ့တယ်။
မြို့ပြင်ကို သူအလျင်အမြန် ရောက်လာခဲ့တယ်။
ရွာငယ်ထက်ကို သူအလျင်စလို ကျော်ဖြတ်ခဲ့တယ်။
လမ်းမအတိုင်း မရပ်မနား သူခရီးနှင်ခဲ့တယ်။
အပြောကျယ်တဲ့ပင်လယ်ကို သူညင်ညင်သာသာ ဖြတ်သန်းခဲ့တယ်။
တောနက်ထဲသူရောက်ခဲ့တယ်။
နောက်ဆုံး အခြားတစ်ခြမ်းဆီ သူပြန်ရောက်ခဲ့ပါတယ်....
နိုင်းနိုင်းစနေ (Sunday, May 31, 2009)
.
No comments:
Post a Comment