Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, July 25, 2014

ရှေ့တွင်တစ်ဖက်ယာဉ်ကြောသို့ကွေ့ရန် အရှိန်လျှော့သည့်ယာဉ်အား နောက်မှဝင်ရောက်တိုက်မိ တိမ်းမှောက်


နေပြည်တော်၊ ဇူလိုင် ၂၅
၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၈ နာရီအချိန် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်း မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၄၀/၄-၅)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဗောဓိကုန်းအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။ 
 
စစ်ဆေးချက်အရ နေပြည်တော်မှ ရန်ကုန်သို့ ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင် မြို့နယ်၊ (၂)ရပ်ကွက်နေ လှမြင့်(၄၀)နှစ်မောင်းနှင်လာသည့် DD/xxxx စတေရှင်ဝက်စ်ဂွန် ခဲရောင် ယာဉ်မှ ရှေ့တွင်တစ်ဖက်ယာဉ်ကြောသို့ကွေ့ရန်အရှိန်လျှော့သည့် အုတ်တွင်းမြို့နယ်၊ ကြို့ကုန်းကျေးရွာနေ စိန်ကုလား(၅၀)နှစ် မောင်းနှင်နေသော 9A/xxxx ကန်တာအဖြူရောင်ယာဉ်၏ နောက်ပိုင်းအား ၀င်ရောက်တိုက်မိခဲ့သဖြင့် ယာဉ်(၂)စီးလုံး လမ်းပေါ်၌တိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။ ထိုသို့ တိမ်းမှောက်မှုကြောင့် လှမြင့်နှင့်စိန်ကုလားတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ ၎င်းတို့ ၂ ဦးအား ဗောဓိကုန်းအမြန်လမ်းရဲစခန်းယာဉ်(ပ)၂၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment