Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, July 25, 2014

ယာဘက်နောက်ဘီးပေါက်ကာ လမ်းယာဘက်ရှိမိုင်တိုင်အား ၀င်ရောက်တိုက်မိသဖြင့် သေဆုံး


နေပြည်တော်၊ ဇူလိုင် ၂၅
၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦး မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၄၁/၁)အနီး၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားေ
ကြာင်း သတင်းအရ ဘောနီအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ရန်ကုန်မှ နေပြည်တော်သို့ ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင် မြို့နယ်၊ (၂)ရပ်ကွက်နေ လှဌေး(၃၅)နှစ်မောင်းနှင်လာသော CC/xxxx ဆူဇူကီး ALTO ခဲရောင် ယာဉ်သည် ယာဘက်နောက်ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ရှိ မိုင်တိုင်အမှတ် (၄၁/၁)အား ၀င်ရောက်တိုက်မိခဲ့ကြောင်း သိရှိရသည်။ ထိုသို့တိုက်မိမှုကြောင့် ယာဉ်ပေါ်ပါ တစ်ရပ် တည်းနေ ဦးသိန်းဝင်း(၄၀)နှစ်တွင် နဖူး ၂ လက်မခန့်ကွဲ၊ ဦးခေါင်းထိပ် ၁ လက်မခန့် ပေါက်ပြဲ ဒဏ်ရာများရရှိခဲ့သောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ လှဌေးအား ဘောနီအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်ထားရှိခဲ့ပြီး ဦးသိန်းဝင်းမှာ ရန်ကုန် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွား၍ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ မှ ပြစ်မှုပုဒ်မ ၃၀၄-က သို့ပြောင်းလဲ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment