Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, July 19, 2014

ဒူဘိုင်းမှာလည်း ဆီလီကွန် ပန်းခြံ ဆောက်ပြီ



Silicon Park လို့ အမည်ရတဲ့ ဥယျာဉ် အိမ်ရာ တစ်ခုကို ဒူဘိုင်းမှ စတင် တည်ဆောက်နေပြီ ဖြစ်ပါတယ်။ ဒီအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀⁠၀ ကျော် အကုန်ကျခံမှာ ဖြစ်ပါတယ်။

အမေရိကန်မှာ ရှိတဲ့ ဆီလီကွန် တောင်ကြား ကတော့ ကမ္ဘာ့ ထိပ်သီး နည်းပညာ ကုမ္ပဏီများ စုဝေးရာ နေရာ ဖြစ်ပါတယ်။ ယူအေအီး နိုင်ငံ၊ ဒူဘိုင်းမြို့မှာ ဆောက်မယ့် ပန်းခြံ အိမ်ရာ ကတော့ ကမ္ဘာ့ စမတ်အကျဆုံး မြို့တော် ဖြစ် ဒူဘိုင်းကို စံချိန် မှတ်တမ်း တင်စေဖို့ ဖြစ်ပါတယ်။ အခြားသော ဟိုတယ်၊ အပန်းဖြေစရာ နေရာနဲ့ အဆောက်အအုံများ ပြည့်နေပြီ ဖြစ်ပေမယ့် စမတ်ကျဖို့ ကျတော့ နည်းပညာ တစ်ဖက်ကမ်းလွန်အောင် မြင့်မားတဲ့ နေရာတစ်ခု လိုပါသေးတယ်။ ဒါကို ရည်ရွယ်လို့ တည်ဆောက်ခြင်း ဖြစ်ပါတယ်။ ယင်း မြို့ငယ်လေး အတွင်းမှာ လျှပ်စစ် ဓာတ်အား အသုံးပြုတဲ့ ကား၊ စက်ဘီး၊ ဆိုင်ကယ် နဲ့ စက်ပစ္စည်း များကိုသာ အသုံးပြုရမှာ ဖြစ်ပါတယ်။ လောင်စာစီ အသုံးပြုတဲ့ ဘယ် ပစ္စည်းမှ ထားရှိမှာ မဟုတ် ပါဘူး။

မြို့ထဲမှာ ရုံးခန်းများ ထားရှိပြီး နည်းပညာ ဆိုင်ရာ ကုမ္ပဏီ လုပ်ငန်း များကို ဦးစား ပေးလို့ ထားရှိသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကမ္ဘာမှာ နောက်ထပ် ဆီလီကွန် တောင်ကြား ထွက်မလာ ဘူးလို့ ပြောလို့ မရ ပါဘူး။ သက္ကရာဇ် ၂၀၂၁ ခုနှစ် မှာ အပြီး တည်ဆောက် သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: greenbang
အောင်ခမ်း (ရိုးရာလေး) 

No comments:

Post a Comment