Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 14, 2014

တစ်ချိန်တုန်းက အမေရိကန်တို့ ကျည်ကာ ဝတ်စုံ စမ်းသပ်မှု



ကျည်ကာဝတ်စုံဟာ သက္ကရာဇ် ၁၅၃၀ ခုနှစ်တွေကတည်း က စတင်ပေါ် ပေါက်ပေမယ့် လက်ရှိ နည်းပညာမှာ နံပါတ် ၁ ပြေးနေတာ ကတော့ အမေရိကန် ဖြစ်ပါတယ်။

၁၉၁၈ ခုနှစ်၊ နိုဝင်ဘာ- ပထမ ကမ္ဘာစစ် ပြီးဆုံးပြီးနောက် ကျည်ကာ ဝတ်စုံ စမ်းသပ်ထုတ်လုပ်မှုများ အပြင်းအထန် ပြုလုပ်ခဲ့ကြပါတယ်။ ပုံမှာ ကတော့ ၁၉၂၃ ခုနှစ်၊ စက်တင်ဘာလက ဝါရှင်တန် ဒီစီမှာ အမေရိကန်တို့ ကျည် မပေါက် ဝတ်စုံ လက်တွေ့ စမ်းသပ်နေမှု ဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ် အတွင်း လက်နက်နှင့် စစ်ဘက်ဆိုင်ရာ ပစ္စည်း အများအပြား ထုတ်လုပ် ရောင်းချနိုင်မှုကြောင့် စီးပွား တစ်ဟုန်ထိုး မြင့်တက်ခဲ့တဲ့ နိုင်ငံ လည်း ဖြစ်ပါတယ်။

အမှန်တကယ် အရည်အသွေးကောင်းမွန်တဲ့ လက်နက်ပစ္စည်းများ ထုတ်လုပ်နိုင်ခြင်းကြောင့်လည်း ဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ကျည်ကာ ဝတ်စုံများ ထုတ်လုပ်သည့် နိုင်ငံအဖြစ်လည်း အမေရိကန်က အသိအမှတ်ပြု ခံထားရကြောင်း သိရပါတယ်။
--
Ref: wiki

အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment