Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 9, 2014

လူလူချင်းကြားအကွာအဝေး ၄မျိုး


အမေရိကန်စိတ်ရောဂါပညာရှင် G. Stanley Hall က လူလူချင်းကြားအကွာအဝေး ၄မျိုးရှိတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
(၁) Public distance ၃၆ဝcm - ၇၆ဝcm ကြားအကွာအဝေး၊
ဒါက လူလူချင်းဆက်ဆံရာမှာရှိတဲ့ သမန်ရိုးကျအကွာအဝေးဖြစ်တယ်။

(၂) Social distance ၁၂ဝcm - ၃၆ဝcm ကြားအကွားအဝေး၊
ဒါက အလုပ်အကိုင်ပြောဆိုရာမှာ၊ စီးပွားရေးဆွေးနွေးရာမှာရှိတဲ့ အကွာအဝေးဖြစ်တယ်။

(၃) Personal distance ၄၄cm- ၁၂ဝcm ကြားအကွာအဝေး၊
သူငယ်ချင်း ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ထိတွေ့ဆက်ဆံတဲ့ အကွာအဝေးဖြစ်တယ်။

(၄) Intimate distance ဝ - ၄၄cm ကြားအကွာအဝေး
မိဘနဲ့ သားသမီး၊ လင်မယား၊ ချစ်သူရည်းစားတွေမှာရှိတဲ့ အကွာအဝေးဖြစ်တယ်။

*** လူလူချင်းကြားမှာ အကွာအဝေးရှိမှန်းလူတိုင်းသိပေမယ့် သတိမထားမိတတ်ကြဘူး။ သူစိမ်းနဲ့ဆိုရင် အကွာအဝေး အနည်းငယ်လှမ်းမယ်၊ ရင်းနှီးသူတွေနဲ့ဆိုရင် အနည်းငယ် ကပ်မယ်ဆိုတာကတော့ လူတိုင်းသိကြပါတယ်။ မိဘနဲ့ သားသမီး၊ လင်မယား၊ ချစ်သူရည်းစားတွေဖြစ်နေရက်နဲ့ အချင်းချင်းကြား အကွာအဝေးခြားလာပြီဆိုရင် (ဥပမာ Public distance လောက်ရှိလာပြီဆိုရင်) ရင်းနှီးမှုနည်းလာပြီး သူစိမ်းဆန်လာပြီဆိုတာကို သတိပြုသင့်ပါတယ်။

No comments:

Post a Comment