Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 16, 2014

" အာဇာနည်နေ့တွင် ဥသြဆွဲသံကို နိုင်ငံပိုင်နှင့် ပုဂ္ဂလိကအသံလွှင့် မီဒီယာများမှထုတ်လွှင့်ပေးရန် သမ္မတထံ တောင်းဆို"


သုတလင်း
ရန်ကုန်၊ ဇူလိုင် ၁၆
အာဇာနည်နေ့တွင် အောက်မေ့ဖွယ် ဥသြဆွဲသံကို နိုင်ငံပိုင်နှင့် ပုဂ္ဂလိက အသံလွှင့်မီဒီယာများက တစ်မိနစ်ကြာ ထုတ်လွှင့်ပေးရန်တောင်းဆိုချက် အပါအဝင် အချက်လေးချက်ကို သမ္မတထံ ပေးပို့ တောင်းဆို
ထားပြီးဖြစ်ကြောင်း အာဇာနည်သို့ ဦးညွှတ်သူများအဖွဲ့မှ သိရသည်။
ဇူလိုင်လ ၁၅ ရက်တွင် နိုင်ငံတော်သမ္မတရုံး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ပြည်ထောင်စုလွှတ်တော်သို့ အထက်ပါ အချက်များပါဝင်သည့် မေတ္တာရပ်ခံ တောင်းဆိုချက်များကိုပေးပို့ထားပြီး ဖြစ်သည်ဟု Myself အဖွဲ့မှ ကို လင်းနီသွေးက ပြောသည်။
တောင်းဆိုချက်များတွင် ဇူလိုင် ၁၇ ရက်မှ ၁၉ ရက်နေ့အထိ ညအချိန်များတွင် နိုင်ငံပိုင်မီဒီယာများမှ အာဇာနည်ခေါင်းဆောင်များ၏ ကိုယ်ရေးအကျဉ်း၊
လုပ်ဆောင်ချက်များကိုထုတ်လွှင့်ပေးရန်၊ အာဇာနည်နေ့အခမ်းအနားသို့ သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် ကာကွယ်ရေးဦးစီးချုပ်တို့ တက်ရောက်ဂါရဝပြုရန်၊ ကျဆုံးခဲ့သည့် အာဇာနည်ခေါင်းဆောင်များသာမက အများပြည်သူအတွက် အသက်စွန့်ကြိုးပမ်းခဲ့သည့် တိုင်းရင်းသားပုဂ္ဂိုလ်အသီးသီးနှင့် အာဇာနည်စိတ်ဓာတ်ဟူသည့် အဓိပ္ပာယ်ကို ပြည်သူများ နားလည်သိရှိမှု ကျယ်ပြန့် အောင် လုပ်ဆောင်ပေးရန် စသည့်အချက်များလည်း ပါဝင်သည်။
၎င်းတောင်းဆိုချက်များကို အရပ်ဘက်လူမှုအဖွဲ့အစည်းများဖြစ်သည့် ကဗျာချစ်သူများအသင်း၊ Myself ၊ Public Welfare Network ၊ မျိုးဆက် သစ်လူငယ်များ (GW)၊ အဖြူရောင်တွဲလက်များ၊ ရန်ကုန်-လိုင်ဇာ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့၊ ပန်းပျိုးလက်လူငယ်စင်တာနှင့် ကျောင်းသားသ မဂ္ဂဖြစ်မြောက်ရေးအဖွဲ့ စသည်တို့ပူးပေါင်းကာ ''အာဇာနည်သို့ ဦးညွှတ်သူများ'' အနေဖြင့်ဆောင်ရွက်မည်ဖြစ်သည်။
ယခုနှစ် (၆၇) နှစ်မြောက် အာဇာ နည်နေ့တွင် တောင်းဆိုချက်များပေးပို့ ရုံသာမကဘဲ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနှင့်ကချင် ပြည်နယ်တို့တွင် အာဇာနည်နေ့အထိမ်း အမှတ်အဖြစ်စတစ်ကာ ကမ်ပိန်းများ ဖုန်းမြည်သံဖြင့် ဥသြဆွဲဦးညွှတ်ခြင်းများ တစ်ပြိုင်နက်တည်းပြုလုပ်ရန် စီစဉ်ထား သည်ဟုသိရသည်။ ထို့ပြင် တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာဝတ်စုံများဝတ် ဆင်ကာ အာဇာနည်ကုန်းသို့ ချီတက်အလေးပြုခြင်းများလည်း ပြုလုပ်သွားရန် ရှိသည်ဟုလည်း သိရသည်။

No comments:

Post a Comment