Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 3, 2014

ကမ္ဘာ့အဆိပ်အပြင်းဆုံး သက်ရှိထဲက အပြာပါးကွက်နှင့် ရေဘဝဲ



အပြာရေင် အကွင်းအကွင်းလေးတွေ ပါရှိတဲ့အတွက် သူ့ကို အင်္ဂလိပ်လို Blue-ringed octopus လို့ခေါ်ပါတယ်။

အိန္ဒိယ သမုဒ္ဒရာ၊ ပစိဖိတ် မုဒ္ဒရာ တို့မှာ ပိုအတွေ့များပါတယ်။ သန္တာကျောက်တန်းတွေကြားထဲမှာ နေထိုင်တတ်ပါတယ်။ ကမ္ဘာ့အဆိပ် အပြင်းဆုံး သတ္တဝါစာရင်းထဲမှာ သူလည်း ပါဝင်ပါတယ်။ သူ့အဆိပ်က အိမ်မှာသုံးတဲ့ ပိုးသတ်ဆေး ဆိုင်ယာနိုက် ထက် အဆ ၁သောင်း မက ပြင်းပါတယ်။ သူ့ကိုက်လို့ အဆိပ်မိသွားရင် ဖြေဆေးမရှိပါဘူး။ အပြာကွက် ရေဘဝဲ ကို မသိလို့ စားမိရင်လည်း သေဖို့ပဲ ရှိပါတယ်။

ဒီအတွက် ဖြေဆေးကို ယနေ့တိုင် ရှာဖွေနေဆဲ ဖြစ်ပါတယ်။ သန္တာကျောက် တန်း လေ့လာသူများအတွက် အထူးသတိထားရ တဲ့ ရေအောက် သတ္တဝါစာရင်းထဲမှာ ပါဝင်ပါတယ်။ ဘာလို့လဲဆို အရောင်က တစ်လက်လက် နဲ့ လှနေတတ်ပြီး အရွယ်ကလည်း ၆ လက်မထက် ပိုမကြီးပါဘူး။ သေး လည်းသေးဆိုတော့ မသိတဲ့ သူများက သွားထိမိကြ ပါတယ်။ ဒီတော့ ရလဒ်က အဆိပ်သင့်သေဖို့ပဲ ဖြစ်ပါတယ်။

အဆိပ်မိပြီး မိနစ်ပိုင်းအတွင်း အသက်ရှုရပ်ပါတယ်။ နှလုံးခုံရပ်ပါတယ်။ ဦးနှောက်သို့ အောက်ဆီဂျင် မရောက်တော့ပဲ မိနစ်ပိုင်းအတွင်း ကို သေနိုင် ပါတယ်။ ဂျပန် တို့လို နိုင်ငံမှာဆိုရင် အပြာကွက် ရေဘဝဲ ကို ရှောင်ရှားဖို့ တားမြစ်ချက်များ ထုတ်ပြန် ထားရပါတယ်။

ဒါကြောင့် Blue-ringed octopus ကို ကမ္ဘာ့အဆိပ်အပြင်းဆုံး သက်ရှိ သတ္တဝါအဖြစ် မှတ်တမ်းတင်ထားကြောင်း သိရပါတယ်။
--
Ref: wiki
ရိုးရာလေး သတင်း

No comments:

Post a Comment