Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 21, 2014

စည်သွပ်ဘူးတွေ အကုန်မရောင်းနိုင်ဘူး



ဆီးရီးယားမှာ ငတ်မွတ်နေတဲ့ ကလေးငယ်တွေထံ ပေးပို့ဖို့ စူပါမားကတ်က စည်သွပ်ဘူးတွေ အကုန်ဝယ်ခဲ့သူတစ်ဦးကို ဆိုင်မန်နေဂျာအမျိုးသမီးက ပိတ်ပင်ခဲ့တယ်လို့ ဒေးလီးမေးလ် သတင်းစာမှာ ဖော်ပြထားပါတယ်။ စစ်ဒဏ်ခံစားနေရတဲ့အတွက် ဆီးရီးယားမှာ အစာရေစာ ရှားပါးနေပြီး စားစရာမရှိတဲ့ ကလေးတွေဟာ ကြောင်တွေကို သတ်စားနေရတယ်လို့ သတင်းထွက်ပေါ် လာပြီးတဲ့နောက် ရိစ်ဘော်လာဆိုသူက စည်သွပ်ဘူးတွေ ပို့ပေးဖို့ စီစဉ်ခဲ့ပါတယ်။

ဘလက်ဘန်းမြို့က အယ်ဒီစူပါမားကတ်မှာ တစ်ရက်အတွင်း စည်သွပ်ဘူး ပေါင်(၁၀၀)ကျော်ဖိုး နှစ်ကြိမ်ဝယ်ယူခဲ့ပြီးတဲ့နောက် ဆိုင်အရောင်းဝန်ထမ်းက ''ရှင့်ကို စည်သွပ်ဘူးတွေ အကုန်ရောင်းလို့ မရဘူး။ အခြားဖောက်သည်တွေအတွက်လည်း ကျွန်မတို့ စဉ်းစားပေးရဦးမယ်''ဆိုပြီး လာပြောခဲ့တယ်လို့ ဘော်လာက ဖွင့်ဟပါတယ်။ အဲဒီနောက်မှာ အရောင်းဝန်ထမ်းက ဘေလာရဲ့ ထရော်လီကားထဲက စည်သွပ်ဘူးတွေကို ပြန်ထုတ်ပြီး စူပါမားကတ်ထဲ ပြန်ယူသွားတယ်လို့ သိရပါတယ်။

ဘော်လာက '' လှူ ဖို့ဝယ်တယ် ဆိုတာကို ခဏဘေးဖယ်ထားပါဦး။ စူပါမားကတ်ရဲ့ ဦးတည်ချက်က သူတို့ပစ္စည်း ရောင်းချရေးပါပဲ။ စည်သွပ်ဘူးတွေ ၀ယ်လိုက်တာနဲ့ အယ်ဒီစူပါ မားကတ်တစ်ခုလုံး ၀ယ်ဖို့ ပစ္စည်းမရှိသလောက် ရှင်းလင်းသွားတာမှ မဟုတ်တာ။ ဆိုင်ဝန်ထမ်းက အဲဒီလို ပြောလိုက်တဲ့အချိန်မှာ ကျွန်တော် ဆွံ့အသွားခဲ့ပါတယ်။ ကျွန်တော်ကလည်း သူတို့ဖောက်သည်ပဲလေ''လို့ ပြောပါတယ်။
ဘော်လာဟာ ဆီးရီးယားက ကလေးငယ်တွေအတွက် အယ်ဒီ စူပါမားကတ်မှာ စည်သွပ်ဘူး ပေါင် ၁၀၀ဖိုး ၀ယ်ယူပြီးတဲ့နောက် အယ်ဒီ စူပါမားကတ်နဲ့ အပြိုင်ဖွင့်ထားတဲ့ လစ်စတိုးမှာ စည်သွပ်ဘူး ပေါင် ၁၂၀ဖိုး ထပ်ဝယ်ခဲ့ပါတယ်။
နောက်တစ်ကြိမ် အယ်ဒီကို ပြန်လာတဲ့အချိန်မှာ အခုလို အဖြစ်မျိုးနဲ့ ကြုံခဲ့ရတာဖြစ်ပါတယ်။

@z (ရိုးရာလေး)

No comments:

Post a Comment