Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 13, 2014

ဂျာမဏီနိုင်ငံလမ်းဖြတ်ကူးနည်း



ဂျာမဏီလို့ပြောလိုက်တာနဲ့ လူတွေရဲ့အသိဉာဏ်ထဲမှာ ဂျာမန်လူမျိုးတွေဟာ သူတို့ရဲ့စည်းကမ်း၊ ကန့်သတ်ချက်တွေကို လမ်း၊ ယာဉ်စည်းကမ်းလိုက်နာဖို့အထိ တိုးချဲ့ခဲ့တယ်လို့ သိထားကြပါတယ်။ တကယ်လည်း ဂျာမဏီမှာ လမ်းသွားလမ်းလာတွေပဲဖြစ်ဖြစ်၊ ကားတွေပဲဖြစ်ဖြစ် မီးနီဖြတ်ကူးတာ၊ ဖြတ်မောင်းတာမျိုး မရှိသလောက်ကိုရှားပါတယ်။ လမ်းပေါ်မှာ ကားသွားကားလာမရှိလည်း မျဉ်းကျားမှာမီးနီနေရင် လူတွေဟာ စည်းကမ်းတကျနဲ့ မီးစိမ်းတဲ့အထိကို ရပ်စောင့်ကြပါတယ်။ ဂျာမဏီမှာ အကာအရံတွေကို ကျော်တက်ပြီးလမ်းကူးတာမျိုး၊ ကားမိုင်နှုန်းမြန်တဲ့နေရာတွေမှာ လမ်းဖြတ်ကူးတာမျိုး လုံးဝမရှိပါဘူး။ လူတိုင်းက ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေကို တကယ်ပဲလိုက်နာကြပါတယ်။

ဂျာမန်တွေ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာတာဟာ သူတို့သင်ယူခဲ့တဲ့ ပညာရေးနဲ့လည်းဆိုင်ပါတယ်။ လမ်းအန္တရာယ်ကင်းရှင်းရေးပညာပေးစနစ်မှာ ကလေးတွေကို လမ်းစည်းကမ်းအသိပညာဖြန့်ဝေ ပျိုးထောင်မှုက အရေးအပါဆုံး ကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။ မူကြိုစတက်တာနဲ့ လမ်းအန္တရာယ်ကင်းရှင်းရေး သင်ခန်းစာကို သင်ကြားဖို့ အစိုးရကသတ်မှတ်ခဲ့ပါတယ်။ ဆယ်ကျော်သက်အရွယ်ရောက်တဲ့အခါ ကလေးတွေစက်ဘီးစီးရင်လည်း ကျောင်းအဖွဲ့၊ ယာဉ်ထိန်းရဲအဖွဲ့ကဦးဆောင်ပြီး လမ်းပေါ်မှာ “အစမ်းလေ့ကျင့်မှု”တွေပြုလုပ်ပြီးမှသာ စက်ဘီးစီးခွင့်ရပါတယ်။ ညအချိန်မှာ စက်ဘီးစီးတဲ့အခါ စက်ဘီးရှေ့မီးနဲ့ အခြားမီးတွေကို ဖွင့်ရပါတယ်။ အဲဒီအပြင် အရောင်ပြန်တဲ့အဝတ်အစားကို ဝတ်ဆင်ရပါတယ်။ ဦးထုပ်(Helmet)ကတော့မပါမဖြစ် ပါရပါတယ်။ ယာဉ်မောင်းလိုင်စင်ကိုလည်း စည်းကမ်းတင်းကျပ်ထားပါတယ်။ အမှတ်တမဲ့ အမှားအယွင်းလေးရှိရင်တောင် အအောင်မပေးပါဘူး။

ဂျာမန်တွေ မီးနီဖြတ်မောင်း၊ ဖြတ်ကူးရင် ကြီးလေးတဲ့ပြစ်ဒဏ်ခံရပါတယ်။ ဂျာမဏီနိုင်ငံမှာ မီးနီဖြတ်တာနဲ့ လူကိုယ်တိုင်ရဲ့credit (ယုံကြည်မှု)တို့ကို တိုက်ရိုက်ချိတ်ဆက်ထားပါတယ်။ တကယ်လို့ မီးနီဖြတ်ခဲ့ဖူးသူဟာ တခြားလူတွေလို အရစ်ကျငွေချေခွင့်ရ၊ ဘဏ်ငွေချေးခွင့်နှစ်ရှည်ရတဲ့အခွင့်အရေးမျိုးကို မခံစားရပါဘူး။ ဒါ့အပြင် ဘဏ်အတိုးကို တခြားလူထက် ပိုပေးရပါတယ်။ ဂျာမန်တွေက မီးနီဖြတ်သူတွေဟာ ကိုယ့်အသက်ကိုတန်ဖိုးမထားသူလို့ သတ်မှတ်ပါတယ်။ အဲဒီလိုလူမျိုးဟာ အန္တရာယ်ရှိတဲ့သူ၊ ကိုယ့်အသက်ကိုတောင် တန်ဖိုးမထားမှတော့ တခြားယုံကြည်မှုအကြောင်းကို ပြောဖို့မလိုတော့ပါဘူး။

Nine Nine Sanay @ နိုင်းနိုင်းစနေ

No comments:

Post a Comment