Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 9, 2014

ကျွန်တော်စစ်ဆေးတဲ့ စင်္ကာပူနိုင်ငံက ရေမြောင်း





မြောင်းဖုံးမပါတဲ့ ပုံထဲက ရေမြောင်းတွေကို စစ်ဆေး ဓါတ်ပုံရိုက် တင်ပြရပါတယ်။
ရေမြောင်းဆိုတာ ရေစီးဘို့ သက်သက်ဖြစ်ပါသတဲ့။ရေကန် လုံးဝ မဖြစ်စေရပါဘူးတဲ့။
မိုးရွာတုန်း ခနမှာဘဲ ရေရှိရပါတယ်။မိုးတိတ်သွားလို့ ရေမြောင်းထဲမှာ
ရေတင်မကျန်ရပါဘူး။ရေမြောင်းထဲမှာ ရေ၀ပ်နေယင် ခြင်ပေါက်ဖွားမှာ စိုးလို့ပါ။
ခုပုံတွေ အားလုံးဟာ နေရာစုံက အဖုံးမပါတဲ့ ရေမြောင်းများ ဖြစ်ပါတယ်။
ဒီလို ရေစီးရေလာ ကောင်းအောင် ရေမြောင်းတည်ဆောက်တဲ့ အင်ဂျင်နီယာတွေ
ဘယ်လို ကြိုးစား အားထုတ်ရတယ် ထင်ပါသလဲ???
အင်ဂျင်နီယာ အထက်က လူကြီးတွေကလည်း စစ်တပ်က ဗိုလ်တွေ မဟုတ်ကြပါ။
အော်ဟစ် ဆဲဆိုသံမကြားရပါ။ဖားစရာ မလိုပါ။လက်ဘက်ရည် တိုက်စရာ မလိုပါ။
ခိုင်းတဲ့ သူတွေ ကလည်း တိုင်းပြည်ချစ်ကြောင်း မပြောဘူးပါ။ထိုက်တန်တဲ့ လစာငွေရလို့
လုပ်တယ်ဘဲကြားဘူးပါသည်။ကွာလတီကောင်းကောင်းလုပ်ပြီး ငွေရှာဘို့ကို စိတ်အားသန်ကြသည်။
တည်ဆောက်တဲ့ အင်ဂျင်နီယာ အတော်များများက မြန်မာပြည်က ဌာနစုံက အကြောင်း အမျိုးမျိုးနဲ့ ကန်ထုတ်ခံရတဲ့ အင်ဂျင်နီယာတွေပါ။မိဝေး ဘဝေးနဲ့ ဒီလို ကွာလတီကောင်းအောင် ဘာကြောင့်
လုပ်နိုင်ရတာပါလဲ????အမိ မြန်မာနိုင်ငံမှာ ဘာကြောင့် ဒီလို မဖြစ်တာလဲ???
.................................................................................................................

မိုးများတဲ့ အမိ မြန်မာပြည်ကြီးမှာလည်း ရေစီးတဲ့ ရေမြောင်းတွေကို များများ တည်ဆောက်
နိုင်ပါစေ ၊ ရန်ကုန်မြို့ကြီးကိုလည်း ရေလွှမ်းတဲ့ ဘေးက ကင်းဝေးပါစေလို့ ဆုတောင်းပါတယ်။
အင်ဂျင်နီယာတွေရဲ့အထက်မှာလည်း နားလည်တတ်ကျွမ်းတဲ့ ပညာရှင်ကြီးတွေ
ကြီးစိုးနိုင်ပါစေ။ပညာရှင်တွေရဲ့ လုပ်ပိုင်ခွင့်တွေကို ပညာတတ်တွေဘဲ ကြီးစိုးတဲ့
နိုင်ငံကြီး ဖြစ်ပါစေ။

Wynn Naing

No comments:

Post a Comment