Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 10, 2014

ယူနတီဂျာနယ်သတင်းထောက်လေးဦးနှင့် စီအီးအိုကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်စီချမှတ်

ရန်ကုန်- နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုဥပဒေဖြင့် တရားစွဲဆိုခံထားရသော ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းနှင့် သတင်းထောက် လေးဦးကို ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
ဇူလိုင် ၁၀ ရက်တွင် ပခုက္ကူခရိုင်တရားသူကြီး ဦးမောင်မောင်ဌေးက အမှုလျှောက်လဲချက်သုံးသပ်ချက်များကို နှစ်နာရီကြာ ဖတ်ကြားပြီးနောက် ယင်းသို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်း၊ သတင်းထောက် ကိုလူမော်နိုင်၊ ကိုရာဇာဦး၊ ကိုစည်သူစိုးနှင့် ကိုပိုင်သက်ကျော်တို့မှာ အလုပ်ကြမ်းနှင့်ထောင်ဆယ်နှစ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။
‘‘မီဒီယာသမားတွေထဲမှာတော့ ထောင်အများဆုံးချပစ်လိုက်တာပဲ။ ဒီနိုင်ငံမှာ မီဒီယာလွတ်လပ်ခွင့်လုံးဝမရှိဘူးဆိုတာကို ပြလိုက်တာပါ။ တရားလိုပြ သက်သေ ၂၉ ယောက်၊ တရားခံပြသက်သေခြောက်ယောက်နဲ့ စွပ်စွဲခံရသူငါးယောက်ရဲ့ ထွက်ချက်တွေအရ အမှုဟာပြစ်မှုမထင်ရှားတာသိသာနေ တာကို တရားသူကြီးက ပြစ်မှုမြောက်တယ်ဆိုပြီး အလုပ်ကြမ်းနဲ့ထောင်ဆယ်နှစ်ချပစ်လိုက်တယ်’’ဟု သတင်းထောက်ကိုလူမော်နိုင်၏ ဇနီးမလွင်လွင် မြင့်က ပြောသည်။
    ပေါက်မြို့ အမှတ်(၂၄)ကာကွယ်ရေးပစ္စည်းစက်ရုံအား ဓာတုလက်နက်စက်ရုံဟု ရေးသားဖော်ပြမှုကြောင့် ယင်းစက်ရုံ၏ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦးက တရားလိုပြုလုပ်၍ သမ္မတရုံး၏ ညွှန်ကြားချက်ဖြင့် ယူနတီဂျာနယ်အဖွဲ့ကို နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုအက်ဥပဒေပုဒ်မ ၃(က)အရ တရားစွဲခဲ့ခြင်းဖြစ်သည်။
7DayDaily

No comments:

Post a Comment