Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 13, 2014

လူ့အသက်ကယ်ခဲ့သော မျောက်ဝံမ Binti Jua



၁၉၉၆ ခုနှစ်က အမေရိကန် ပြည်ထောင်စု၊ ချီကာဂိုပြည်နယ်က တိရစ္ဆာန် ဥယျာဉ်တစ်ခုမှာ ဖြစ်ပါတယ်။

မျောက်ဝံများထားရှိထားတဲ့ လောင်အိမ် ဥယျာဉ်ငယ်ထဲကို ၃ နှစ်သား ကလေးငယ် တစ်ဦး ပြုတ်ကျပြီး မူးမေ့သွားပါတယ်။ အဲ့ဒီအချိန် ကလေးငယ် ဆီကို Binti Jua လို့အမည်ရတဲ့ မျောက်ဝံမကြီးက လာရောက်ချီမပြီး အပေါက်ဝ ပေ ၆၀ အလိုနေရာအထိ ထားပေးလိုက်ပါတယ်။ ကယ်ဆယ် သူများ အလွယ်တကူ ဝင်ရောက် သယ်ယူလို့ရအောင်ပါ။

အများစု ထင်ခဲ့ကြတာက ကျသွားတဲ့ ကလေးငယ်ကို ဝိုင်းဝန်းရန်လို မယ်လို့ ဖြစ်ပြီး အသံပေး အော်ဟစ်ရုံမှတစ်ပါး ဘာမှ မတတ်နိုင် ခဲ့ပါဘူး။ သို့ပေမယ့် Binti Jua မျောက်ဝံမဟာ ကလေးငယ်ကို သူ့ကလေးငယ်လို ကျင်နာစွာထွေးပွေ့လို့ ကယ်ဆယ်ခဲ့ခြင်း ဖြစ်ပါတယ်။

မျောက်ဝံ၊လူဝံများကို လူတို့က လောင်အိမ်ထဲဖမ်းချုပ်၊ အလှပြပေမယ့် လူတွေအပေါ်ကိုတော့ မေတ္တာ၊ စာနာစိတ် ရှိနေသေးတဲ့ Binti Jua ရဲ့  လုပ်ရပ်ဟာ တရိစ္ဆာန်များအပေါ် လူသားတို့ ကြင်နာစေဖို့ မီးမောင်းထိုး ပြလိုက် ခြင်း ဖြစ်ခဲ့ ပါတယ်။
.
Ref: wiki
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment