Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, July 18, 2014

ဦးတေဇပိုင် ADG ဘဏ်၏ရှယ်ယာ ၆၀ရာခိုင်နှုန်း အား ဦးနေ၀င်း၏မြေး ဦးကျော်နေ၀င်းဝယ်ယူ

ထိပ်တန်းစီးပွားရေးလုပ်ငန်း
ရှင် ဦးတေဇပိုင် ဆိုင်သော အာရှစိမ်းလမ်းမှုဖွံ့ဖြိုးရေးဘဏ် (AGD) ၏အစုရှယ်ယာ၆၀ရာခိုင်နှုန်းအား ၀ယ်ယူလိုက်ပြီဖြစ်ကြောင်း ဦးကျော်နေ၀င်းက Messenger Media နှင့် သီးသန့်တွေ့ဆုံစဉ်ပြောကြားသွားခဲ့သည်။
အဆိုပါဘဏ်၏၆၀ရာခိုင်နှုန်းကိုလွဲပြောင်းရယူပြီးဖြစ်ပြီး၈၅ရာခိုင်နှုန်းအထိဝယ်ယူရန် ဦးကျော်နေ၀င်း ဦးဆောင်သောအဖွဲ့နှင့် AGD တာဝန်ရှိသူများသဘောတူညီထားပြီးဖြစ်ကြောင်းသိရသည်။
“ဘဏ်အတွက်ငွေတွေဘယ်ကရလဲဆိုတာရှိတယ်ကျွန်တော်တို့ ငွေဖြူပြနိုင်တယ်၊ငွေဖြူမပြနိုင်ရင်
ဗဟိုဘဏ်ကလည်းလက်ခံမှာမဟုတ်ဘူး။ပွင့်ပွင့်လင်းလင်းပြောရရင်မိသားစုကတစ်ချိန်တစ်ခါတုန်းက
နိုင်ငံခေါင်းဆောင်ဖြစ်ခဲ့ တဲ့ အတွက်ဟိုနိုင်ငံမှာရှိတဲ့ ငွေကိုဒီနိုင်ငံယူလာပြီးသုံးတယ်လို့ ပြောကြတယ်
လုံးဝမဟုတ်ဘူး။ဒီနေ့ ကမ္ဘာကဖုံးဖိထားလို့ ရတဲ့ ကမ္ဘာမဟုတ်ပါဘူး ”ဟုဦးကျော်နေ၀င်းက
ပြောသည်။
အာရှစိမ်းလမ်းမှုဖွံ့ဖြိုးရေးဘဏ်သည် ဘဏ်ခွဲပေါင်း လေးဆယ်ကျော်ရှိပြီး ၀န်ထမ်းပေါင်း ၂၃၀၀ ကျော်ဖြင့်လည်ပတ် နေသည်။
ထို့ပြင် ၂၀၁၂-၁၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် AGDဘဏ်တစ်ခုတည်းမှ အခွန်ငွေ သန်းပေါင်း တစ်ထောင့်ရှစ်ရာကျော် ပေးဆောင်ခဲ့ကြောင်း ယင်းဘဏ်၏ထုတ်ပြန်ချက်များအရသိရသည်။ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၏ ပိုင်ဆိုင်မှုပမာဏမှာ ကျပ်ဘီလီယံ သုံးရာကျော်ဖြစ်သည်။
The Messenger

No comments:

Post a Comment