Google, Facebook နဲ့ တခြားသော အမေရိကန် နည်းပညာကုမ္ပဏီကြီးတွေဟာ တရုတ်နိုင်ငံအပေါ် သူလျှိုလုပ်ရာမှာ ပါဝင်နေတယ်လို့ တရုတ်အစိုးရမီဒီယာက ဗုဒ္ဓဟူးနေ့မှာ ရေးသား ကန့်ကွက်လိုက်ပါတယ်။
ဒီအကြောင်း ဧရာဝတီသတင်းတပုဒ်မှာ China State Media Calls for ‘Severe Punishment’ for US Tech Firms ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးထားပါတယ်။ http://www.irrawaddy.org/asia/china-state-media-calls-severe-punishment-us-tech-firms.html မှာ ဖတ်နိုင်ပါပြီ။ အမေရိကန် ကုမ္ပဏီတွေက ဖောက်ထွင်းခိုးယူတယ် လို့ သူတို့ ဘာကြောင့်ယူဆနေရသလဲ။ ဘာတွေ ခိုးသွားသလဲ။ ဒါကို ရှင်းရှင်းလင်းလင်း မသိရပါဘူး။
ဒါပေမယ့် တရုတ်မီဒီယာကတော့ အမေရိကန် နည်းပညာကုမ္ပဏီကြီးတွေဟာ အမေရိကန်အစိုးရရဲ့ အွန်လိုင်းထောက်လှမ်းရေးလုပ်ငန်းတွေကို ကူညီနေတယ် ဆိုပြီး အကြိမ်ကြိမ် အော်ချက်ထုတ်နေပါတယ်။
ဒီလို ကူညီတာဟာ PRISM လို့ အမည်ပေးထားတဲ့ အမေရိကန် ထောက်လှမ်းရေး အစီအစဉ်အပါအ၀င် ကျယ်ကျယ်ပြန့်ပြန့် ထောက်လှမ်းတဲ့ အစီအစဉ်တွေ မနှစ်က လူသိရှင်ကြား ဖွင့်ချခံရချိန်အထိ ဖြစ်တယ်လို့ ဆိုတယ်။
(အဲဒီလို ဖွင့်ချခဲ့တာကတော့ ထောက်လှမ်းရေးဝန်ထမ်းဟောင်း စနိုးဒင်ပါပဲ။)
PRISM အစီအစဉ်မှာဆိုရင် Google, Apple တို့လို နည်းပညာကုမ္ပဏီကြီးတွေကတဆင့် အမေရိကန်တွေက အချက်အလက်တွေ ရရှိခဲ့တယ်လို့ ဆိုတယ်။
အဲဒီအချိန်ကစပြီး တရုတ်အစိုးရလုပ်ငန်းတွေဟာ IBM, Oracle, Cisco တို့လို အမေရိကန်ကုမ္ပဏီတွေနဲ့ အဆက်အသွယ်ဖြတ်၊ ကိုယ့်ဆီက နည်းပညာကုမ္ပဏီနဲ့ပဲ စခန်းသွားခဲ့ကြတာပါ။
ရလဒ်ကတော့ စနိုးဒင်ရဲ့ ဖွင့်ချချက်ကြောင့် အမေရိကန်ကုမ္ပဏီတွေ ဒေါ်လာ သန်းပေါင်းများစွာ ဆုံးရှုံးရတယ်လို့ အကဲခတ်တို့က ဆိုပါတယ်။
Apple, Microsoft, Google, Facebook တို့လို အမေရိကန်ကုမ္ပဏီတွေက တရုတ်ကို စောင့်ကြည့်တဲ့ PRISM အစီအစဉ်ထဲမှာ ပါဝင်ဆောင်ရွက်နေတယ်လို့ People’s Daily သတင်းစာရဲ့ တရားဝင် ဘလော့စာမျက်နှာမှာ ရေးပါတယ်။
နိုင်ငံတကာလုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်မယ်၊ နည်းပညာဆိုင်ရာလုံခြုံရေးအစီအစဉ်တွေ တိုးချဲ့မယ်၊ ထောက်လှမ်းတဲ့သူတွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်၊ အဓိကကတော့ ပြစ်ဒဏ်ပေး အရေးယူတာကို ကြပ်ကြပ်မတ်မတ်လုပ်မယ်။ ကျုပ်တို့ရဲ့ သတင်းအချက်အလက်တွေကို ခိုးတဲ့ ဘယ်သူ့ကိုမဆို ဘယ်လောက်ပဲ ဝေးနေပါစေ ကျုပ်တို့ အပြစ်ပေးရမယ် လို့ ရေးပါတယ်။
Google က တရုတ်နဲ့ ရှော့တွေ ရှိနေပြီးသားပါ။ ပြီးခဲ့တဲ့တပတ် တနင်္လာနေ့က ဆိုရင် တရုတ်က Google လုပ်ငန်းတွေကို အနှောင့်အယှက် ပေးနေတယ်လို့ သိရပါတယ်။
တီရန်မင်ရင်ပြင်လူထုလှုပ်ရှားမှု ငွေရတု အထိမ်းအမှတ်ကာလဖြစ်လို့ပါပဲ။
Google ဘက်ကလည်း ဒီလို ပြောပါတယ် ... အမေရိကန်အစိုးရက Google ဆာဗာတွေကို လက်လှမ်းမမီပါဘူး၊ တိုက်ရိုက်လည်း မထိတွေ့နိုင်ဘူး၊ တခြားနည်းလမ်းနဲ့လည်း မရဘူး လို့ ဆိုတယ်။ ဒီထက်ပိုပြီးလည်း ရှင်းအောင် မပြောနိုင်ပါဘူး တဲ့။
အင်တာနက်သုံးသူတွေရဲကအချက်အလက်တွေ အစိုးရကို ပေးတယ် ဆိုတာကလည်း ဥပဒေမှာ ပြဌာန်းထားတဲ့အတိုင်းပဲ ပေးတာလို့ ဆိုတယ်။
Microsoft, Facebook, Yahoo, Cisco တို့ဆီက တုန့်ပြန်ချက် မရပါ။
Apple ကတော့ ဧပြီလမှာ ဟောသလို တုန့်ပြန်ထားတာပါ....
တရုတ်ဘလော့မှာ ရေးထားတာတွေ မမှန်ဘူး၊ နောက်ကွယ်ကနေ အချက်အလက်ပေးတာမျိုး မရှိ။ ကျုပ်တို့ရဲ့ဆာဗာတွေကို အစိုးရ မချည်းကပ်နိုင်။
Facebook က တရုတ်မှာ အပိတ်ခံထားရသော်ငြား ရုံးခန်းသွားဖွင့်မယ်လို့ ပြောထားတာပါ။
ကြော်ငြာတွေရရေးအတွက် ရုံးခန်းဖွင့်မှာပါ တဲ့။
ဒီဇင်ဘာမှာတော့ အမေရိကန် နည်းပညာကုမ္ပဏီကြီးတွေက အမေရိကန်သမ္မတ နဲ့ လွှတ်တော်ကို အိတ်ဖွင့်ပေးစာ ရေးပို့ခဲ့ပါတယ်။
ထောက်လှမ်းရေးလုပ်ငန်းတွေ ပြုပြင်ပြောင်းလဲဖို့၊ ကန့်သတ်ဖို့ စာထဲ ရေးပါတယ်။
ဒါကတော့ ကုမ္ပဏီကြီးတွေဘက်ကအသံပါ။
တရုတ်က အထက်ပါအတိုင်း အော်ချက်ထုတ်လာရခြင်းကတော့ သူ့နိုင်ငံ အိုင်တီလုပ်ငန်းတွေကို အစွံထုတ်လိုတဲ့ရည်ရွယ်ချက် ရှိလို့ ဖြစ်ပါလိမ့်မယ်။
နိုင်ငံလုံခြုံရေး၊ လူမှုစီးပွားဖွံ့ထွားရေးတို့ကို အကာအကွယ်ပေးဖို့အတွက် ... အိုင်တီလုပ်ငန်းဝန်ဆောင်မှုပေးသူတွေကို စုံစမ်း ထောက်လှမ်းမယ်လို့ ဆိုပါတယ်။
မူရင်း-
http://www.irrawaddy.org/asia/china-state-media-calls-severe-punishment-us-tech-firms.html
No comments:
Post a Comment