Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 9, 2014

အမေရိကန် ဦးဆောင်သည့် ရေတပ်လေ့ကျင့်ရေး အစီအစဉ်တစ်ခုတွင် ပထမဆုံးအကြိမ် တရုတ်ပါဝင်လာ

ဓာတ်ပုံ- cpf.navy.mil
အမေရိကန်က ဦးဆောင်ပြုလုပ်သည့် ရေတပ်စစ်ရေးလေ့ကျင့်မှု အစီအစဉ် တစ်ခုတွင် ပထမဆုံးအကြိမ်အဖြစ် တရုတ်စစ်တပ်က ပါဝင်ပူးပေါင်းရန် သဘောတူညီလိုက်ပြီ ဖြစ်သည်။
တရုတ်ရေတပ်သည် ယခုလအတွင်း ပြုလုပ်မည့် The Rim of the Pacific exercise (RIMPAC) အမည်ရှိ ပစိဖိတ်နိုင်ငံများ စစ်ရေးလေ့ကျင့်မှု အစီအစဉ်တစ်ရပ်သို့ သင်္ဘောလေးစီး စေလွှတ်သွားမည်ဖြစ်ကြောင်း တနင်္လာနေ့က အတည်ပြု ကြေညာသည်။
ယင်းသင်္ဘောများအနက် ဖျက်သင်္ဘောတစ်စီးနှင့် ဖရီးဂိတ် စစ်သင်္ဘောတစ်စီးတို့ပါ ပါဝင်မည် ဖြစ်သည်။
ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံကြား စစ်အင်အားနှင့် ပတ်သက်၍ အပြန်အလှန် မယုံကြည်မှုများ ဖြစ်တည်နေသည့်တိုင် အမေရိကန်က ဦးစီးသည့် အဓိက စစ်ရေးလေ့ကျင့်မှု အစီအစဉ်တွင် တရုတ်နိုင်ငံက ပထမဆုံးအကြိမ် ပူးပေါင်းလာခြင်းဖြစ်သည်။
တရုတ်နိုင်ငံထုတ် PLA Daily သတင်းစာက ရေတပ်မှ ပြောရေးဆိုခွင့်ရ အရာရှိတစ်ဦး၏ အဆိုကို ကိုးကားပြီး အမေရိကန် ရေတပ်နှင့် တရုတ်ရေတပ်တို့ ယခုအစီအစဉ်တွင် ပူးပေါင်းလေ့ကျင့်မည်ဟု ဖော်ပြခဲ့သည်။
တရုတ်ရေတပ်သည် ဒုံးကျည်တင် ဖျက်သင်္ဘောတစ်စီး၊ ထောက်ပံ့ရေး သင်္ဘောတစ်စီး၊ ဒုံးကျည်တင် ဖရီးဂိတ်သင်္ဘောတစ်စီးနှင့် ဆေးရုံသင်္ဘောတစ်စီးတို့ကို စေလွှတ်သွားမည်ဖြစ်ပြီး ရဟတ်ယာဉ်တင် ရေယာဉ်ငယ် နှစ်စင်း၊ ရေတပ်အထူးတပ်ဖွဲ့ တစ်ခုနှင့် ရေငုပ်တပ်ဖွဲ့တစ်ခုတို့က ခြံရံလိုက်ပါသွားမည်ဟုလည်း PLA Daily က ဖော်ပြသည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှု အစီအစဉ်အရ ဇွန်လလယ်တွင် ဂူအမ်နိုင်ငံ ကမ်းလွန်ဒေသ၌ အမေရိကန် ခရူဇာစစ်သင်္ဘောကြီးတစ်စီးကို တရုတ်၊ စင်ကာပူနှင့် ဘရူနိုင်းရေတပ် သင်္ဘောများက သွားရောက်ပူးပေါင်းမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ပုလဲဆိပ်ကမ်းတွင် နေရာယူဖြန့်ကြက်မည်ဟု သိရှိရသည်။
၂၀၁၂ ခုနှစ်က ဟာဝိုင်ယီတွင် ပြုလုပ်ခဲ့သည့် RIMPAC စစ်ရေးလေ့ကျင့်မှုသည် ကမ္ဘာ့အကြီးမားဆုံး နိုင်ငံတကာ ရေတပ်စစ်ရေးလေ့ကျင့်မှုကြီးအဖြစ် သတ်မှတ်ခံခဲ့ရဖူးပြီး ထိုစဉ်က နိုင်ငံပေါင်း (၂၂)နိုင်ငံမှ ရေယာဉ်နှင့် ရေငုပ်သင်္ဘော (၄၀)ကျော် ပူးပေါင်းပါဝင်ခဲ့ကြသည်။
ထိုစစ်ရေးလေ့ကျင့်မှု အစီအစဉ်တွင် အမေရိကန်နှင့် မဟာမိတ်စာချုပ် ချုပ်ဆိုထားသည့် နိုင်ငံများသာ မကဘဲ ရုရှားနှင့် အိန္ဒိယကဲ့သို့ နိုင်ငံများပါ ပါဝင်ခဲ့ဖူးသည်။
တရုတ်နိုင်ငံအနေဖြင့်မူ RIMPAC သို့ လေ့လာသူ အနေဖြင့်သာ တက်ရောက်ခဲ့ဖူးပြီး ရေတပ်သင်္ဘောများ ပူးပေါင်းပါဝင်ရန် စေလွှတ်မှုသည် ယခုတစ်ကြိမ် ပထမဆုံးဖြစ်သည်။
-Ref: PLA Daily, Bloomberg
7Day Daily

No comments:

Post a Comment