အထူးသဖြင့် နှစ်ရှည်ခံအောင်စီမံထားတဲ့ ဆေးဘဲဥဟာ ယောက်ျားတွေအတွက်အားတိုးဆေးလို့ယုံကြည်သူ အလွန်များပါတယ်။ အခု တွေ့ရှိချက်မှာ ကြေးနီဆာလဖိတ်ဆိုတဲ့ ဓာတ်ဟာ ဆေးဘဲဥတွေမှာ ပါဝင်နေပြီး ဒါဟာ လူကို ဒုက္ခပေးစေတဲ့ ဓာတု အဆိပ်သင့်စေတာကြောင့် အသုံးပြုမှုကို တားမြစ် လိုက်တာဖြစ်တယ်လို့ smithsonian.com သတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။
ပုံမှန်အားဖြင့် ဆေးဘဲဥ လုပ်တာမှာ ဆိုဒါ၊ ဆား စတဲ့ ပစ္စည်းတွေနဲ့ ၂ လလောက် စိမ်ထားပြီးစီမံကြတာလို့ဆိုပါတယ်။ အခုဟာ က ကြေးနီဆာလဖိတ်ဓာတု ပစ္စည်း ပါဝင်မှုရှိတာတွေ့ရတယ် ဆိုတာကြောင့် နှစ်စဉ် ဆေးဘဲဥ တန် ချိန် ၃ သိန်းလောက် ပုံမှန်ထုတ်လုပ်ဖြန့်ချိနေတဲ့ ကုမ္ပဏီတွေကိုတားမြစ်ပိတ်ပင်လိုက်တာလို့ သိရပါတယ်။
တရုတ် အစိုးရ တာဝန်ရှိသူတယောက်ကတော့ ဆေးဘဲဥကို အများကြီး မစားဘူး ဆိုရင်တော့ အန္တရာယ် မဖြစ်စေနိုင်ပါဘူးလို့ South China Morning Postကို ပြောထားပါတယ်။ မြန်မာနိုင်ငံမှာလည်း ဆေးဘဲဥ စားသုံးသူများပြားလေတော့သတိထားမိစေဖို့ ပြန်လည် ရေးသား ဖော်ပြပေး လိုက်တာပါ။
အိမ့်သံစဉ်
No comments:
Post a Comment