အိန္ဒိယသည် ဆင်းရဲချမ်းသာ ကွာဟချက် အလွန်ကြီးမားသော နိုင်ငံဖြစ်ပါသည်။
မြို့တော်ဒေလီသည် အိန္ဒိယ အထက်တန်းလွှာများ နေထိုင်သည့် နေရာဖြစ်သကဲ့သို့
မြို့ပြနေ လူဆင်းရဲများလည်း အလွန်ထူပြောသည့် နေရာဖြစ်သည်။ မြို့ပြနေ
လူဆင်းရဲများ၏ ဘဝသည် တောသူတောင်သား လူဆင်းရဲများထက် မနိမ့်သော
ဒုက္ခဆင်းရဲကို ခံစားကြရသည်။ သူတို့ သားသမီးများကို
ကျောင်းပညာသင်ပေးဖို့ဝေးစွ နေ့စဉ် မိသားစု ထမင်းဝအောင်ပင် မနည်းကြိုးစားရုန်းကန်
ကြရသူများ ဖြစ်သည်။ ထိုကလေးများ ကြီးပြင်းလာလျှင် ယင်းသို့ပင်
မြို့ပြလမ်းဘေးနေ လူဆင်းရဲလေးများပင် ဖြစ်သွားပြီး ပညာမတတ်သောကြောင့်
ဆင်းရဲတွင်းထဲက ထွက်ဖို့ ပို၍ပင် အလှမ်းဝေးကြရသည်။
နယူးဒေလီမြို့က ကျောင်းဆရာတစ်ဦးက ယင်းပြဿနာကြီးကို သူနိုင်သည့်နည်းဖြင့် တစ်ဖက်တစ်လမ်းက ဖြေရှင်းဖို့ ကြိုးစားနေသည်။ ခုံးကျော်ရထား လမ်းတံတားကြီးအောက်တွင် သူကအခမဲ့ပညာရေး ကျောင်းလေးဖွင့်ကာ လက်လုပ်လက်စား ဆင်းရဲသား ကလေးများကို စာသင်ပေးနေသည်။
နေ့စဉ် ကျောင်းသားကလေးများ ၃၀ ဦးလောက်ကို မစ္စတာ ရာဂျက်ရှ်ကူးမားရှာမာက စာသင်ပေးနေလျက် ရှိသည်။ ကလေးအများစုမှာ နယူးဒေလီ မြို့စွန် ကျေးရွာများမှ ဆင်းရဲသားကလေးများ ဖြစ်ကြသည်။ ထိုအစီအစဉ်ကို စလုပ်ဖြစ်တုန်းက ရာဂျက်ရှ်ကူးမားသည် ရှာကာပူဒေသ စတိုးဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်နေသူ ဖြစ်သည်။ စနေ၊ တနင်္ဂနွေတိုင်း အလုပ်ထဲမှ ထွက်လာကာ နှစ်နာရီကြာ ကလေးများကို စာလာသင်ပေးသည်။ သူ့ညီအစ်ကို တော်စပ်သူက သူကလေးတွေကို စာသွားသင်နေစဉ် သူ့အလုပ်ထဲကို ဝင်ကူပေးသည်။
ရှာမာသည် အသက် ၄၀ အရွယ် ကလေးသုံးယောက် ဖခင်တစ်ဦး ဖြစ်သည်။ ကောလိပ်ကျောင်းတွင် တတိယနှစ်က ငွေကြေး မပြေလည်သောကြောင့် ကျောင်းထွက်လိုက်ခဲ့ရသူ ဖြစ်သည်။ ကလေးတွေ ပညာရေး တစ်ပိုင်းတစ်စ ဖြစ်ကုန်တာကို ကြည့်ပြီး သူစိတ်မကောင်း။ ကိုယ်ချင်းလည်း စာသည်။ ထို့ကြောင့် ထိုကလေးတွေကို စာတော့ တတ်အောင်သင်မည်ဟု သူဆုံးဖြတ်လိုက်ပါသည်။
“ကျွန်တော်ဒီနားကို ဖြတ်လာတိုင်း သတိထားမိတယ်။ ကလေးတွေက ကစားလိုက်၊ လယ်ထဲဆင်းလိုက်ပဲ အချိန်ကုန်နေကြတာခင်ဗျ” လို့ ခုံးတံတား ကျောင်းဆရာကြီးက ပြောပြသည်။ ပထမဆုံး သူလုပ်ရသည်က ဆင်းရဲသား အလုပ်သမားများ၊ လယ်သမားများကို ချဉ်းကပ်ပြီး သူတို့ကလေးတွေကို လွှတ်ပေးပါရန် စည်းရုံးရသည်။ ကလေးတွေကို ခေါ်သာခေါ်ရသည်။ သူတို့ လုပ်အားခတွေကလည်း မိသားစု ရပ်တည်ရေးအတွက် အလွန်အရေးပါလှသည်။ ဒီကလေးတွေ စာတတ်မှ ဆင်းရဲတွင်းကို ကျော်လွှားနိုင်မည်ဟု မျှော်လင့်ရင်းဖြင့် လိုက်လံစည်းရုံးရသည်။
“သူတို့ဒီကို ခုဆို ပုံမှန်လာကြပါတယ်။ သူတို့ ကျောင်းတက်ခွင့်ရခဲ့ရင် အဆင်သင့် ဖြစ်စေမယ့် သင်ရိုးမျိုးနဲ့ ကျွန်တော်ပြင်ဆင်ပေးတယ်” ဟု ရှာမာက ပြောပြသည်။ အစိုးရကျောင်း သွားတက်ဖို့ ငယ်သေးသည့် ကလေးများကိုလည်း လက်ခံပေးကာ ကျောင်းပျော် ပုံစံမျိုး သင်ကြားပေးသေးသည်။
အခြေခံအရေး၊ အဖတ်၊ အတွက်နှင့် အစိုးရ ကျောင်းဝင်ခွင့်ရရေးအတွက် ကြိုတင် ပြင်ဆင်မှုများကို သင်ကြားပေးသည့် သူ့ရထားလမ်းအောက် ကျောင်းသည် ၂၀၁၁ လောက်က ကျောင်းသား ၁၄၀ လောက်နှင့် စခဲ့ပြီး ယခုဆိုလျှင် ကျောင်းသား ၇၀ လောက်ကို အစိုးရကျောင်းသို့ အောင်အောင်မြင်မြင် ပို့ပေးနိုင်ခဲ့ပြီး ဖြစ်သည်။ “ဆရာက သင်ပေးထားတယ်။ ဆင်းရဲမှုက ဒုက္ခပေးလာပြီဆိုရင်၊ စိတ်ကို ဖွင့်ထားရမယ်ပြီးတော့ ပညာကို ကြိုးစားသင်ယူခြင်းနည်းနဲ့ ကျော်လွှားနိုင်မယ်တဲ့” ဟု အသက် ၁၅ နှစ်အရွယ် ရောက်နေပြီဖြစ်တဲ့ ရာဂျက်ရှ်ကူမားရှာမာ၏ ကျောင်းသားတစ်ယောက်က ပြန်ပြောပြသည်။
နောက်ပိုင်း စာသင်သည့် ပရဟိတအလုပ် အရှိန်ရ ကျွမ်းကျင်လာသောအခါ မြို့တော်ဒေလီ၏ အခြားဒေသများမှ ကံမကောင်း အကြောင်းမလှ၍ ပညာရေးနှင့် ဝေးနေသူများဆီအထိ သွားကာ စာသင်ကြားပေးခဲ့ပါသည်။“လုပ် ငန်းခွင်တစ်ခုကနေ
တစ်ခု ပြောင်းလုပ်နေကြတဲ့ ပျံကျအလုပ်သမားတွေရဲ့ သားသမီးတွေကို
စာလိုက်သင်ပေးရတယ်ဆိုတော့ သူတို့နောက်ကို လိုက်နေရတာက နည်းနည်းတော့
ခက်တယ်ခင်ဗျာ” ဟု ရာဂျက်ရှ်ကူးမားရှာမာက ပြောပြသည်။
မစ္စတာ ရာဂျက်ရှ်ကူးမားရှာမာ၏ ကျောင်းကလေးကို အခြားစေတနာ့ဝန်ထမ်း ပရဟိတစိတ်ဓာတ်ရှိ သူတွေလည်း လာပြီးစာလာသင်ပေးကြသည်။ လက်စ်မီချန်ဒြာသည် သိပ္ပံမဟာဘွဲ့ရ တစ်ဦးဖြစ်ပြီး သူလည်း စာလာလာသင်ပေးသည်။ “ကျွန်တော်တို့က ကလေးတွေကို အတန်းတက်စာရင်း မကောက်ပါဘူး။ သူတို့ကိုယ်တိုင်က ပျော်လို့လာတာပါ။ စာသင်ခန်းလိုမျိုး အကန့်အသတ်တွေ မရှိဘူးလေ။ ကျွန်တော်က ဒီလို အဝန်းအဝိုင်းကို ဆက်ထိန်းထားပြီး ဒီလိုပဲ ဆက်သင်နေစေချင်တယ်” ဟု ချန်ဒြာက ပြောပြပါသည်။
အခြေခံ စာရေးစာဖတ်အတွက် သင်တန်းလေး လုပ်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ မိဘများ၏ ပညာရေးအပေါ်ထားသည့် အမြင်ကို ပြောင်းသွားအောင် လုပ်လိုခြင်း ဖြစ်သည်ဟု ရှာမာက ပြောပြပါသည်။ ခုဆိုလျှင် ကလေးတွေကို စာသင်ကြားပေးသင့်ကြောင်း မိဘတော်တော်များများ လက်ခံလာကြပေပြီ။ ကလေးတွေကိုလည်း ကျောင်းသွားဖို့ တိုက်တွန်းလာကြသည်။
“တောရွာတွေက ကလေးတွေတောင် ကျောင်းပုံမှန် နေနိုင်တာ မြို့တော်ကြီးက ကလေးတွေက ဘာဖြစ်လို့ ကျောင်းမနေနိုင်ရမှာလဲ” ဟု ရာဂျက်ရှ်ကူးမား ရှာမာက ပြောသည်။
စတိုးဆိုင် လုပ်သားတစ်ဦး၏ အချိန်ပိုင်း အားထုတ်ချက်မှသည် ကလေးအရေအတွက်မည်မျှ ဘဝအဆင့်အတန်း ပြောင်းလဲသွားမည်ကို မသိနိုင်ပါသော်လည်း မျှော်လင့်ချက် တစ်စုံတစ်ရာတော့ ပေါ်ထွန်းလာနိုင်သည် မဟုတ်ပါလော။ အချိန်မရှိသဖြင့်၊ ငွေမရှိသဖြင့်ဟုဆိုကာ သူတစ်ပါးအတွက် အစေခံပေးရန် ငြင်းဆန်ကြခြင်းသည် အကြောင်းပြချက်များသာ ဖြစ်ကြောင်းကို တံတားအောက်မှ ကျောင်းဆရာများက အလုပ်ဖြင့် ပြန်လည် တုံ့ပြန်ပြခြင်းဟုလည်း ဆိုနိုင်ပေမည်။ ကလေးများ လေလွင့်နေမည့် အချိန်များလည်း အကျိုးရှိ၊ ၎င်းတို့၏ အားလပ်ချိန်များလည်း ပိုမိုအဓိပ္ပာယ် ရှိသွားသည့် ထိုပရဟိတ လုပ်ရပ်သည် ဂုဏ်ပြုမှတ်တမ်း တင်အပ်သည့် လူသားချင်းဖေးမမှု တစ်ရပ်ဟု ဆိုထိုက်သည်။
(သန့်ဇင်စိုး)
နယူးဒေလီမြို့က ကျောင်းဆရာတစ်ဦးက ယင်းပြဿနာကြီးကို သူနိုင်သည့်နည်းဖြင့် တစ်ဖက်တစ်လမ်းက ဖြေရှင်းဖို့ ကြိုးစားနေသည်။ ခုံးကျော်ရထား လမ်းတံတားကြီးအောက်တွင် သူကအခမဲ့ပညာရေး ကျောင်းလေးဖွင့်ကာ လက်လုပ်လက်စား ဆင်းရဲသား ကလေးများကို စာသင်ပေးနေသည်။
နေ့စဉ် ကျောင်းသားကလေးများ ၃၀ ဦးလောက်ကို မစ္စတာ ရာဂျက်ရှ်ကူးမားရှာမာက စာသင်ပေးနေလျက် ရှိသည်။ ကလေးအများစုမှာ နယူးဒေလီ မြို့စွန် ကျေးရွာများမှ ဆင်းရဲသားကလေးများ ဖြစ်ကြသည်။ ထိုအစီအစဉ်ကို စလုပ်ဖြစ်တုန်းက ရာဂျက်ရှ်ကူးမားသည် ရှာကာပူဒေသ စတိုးဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်နေသူ ဖြစ်သည်။ စနေ၊ တနင်္ဂနွေတိုင်း အလုပ်ထဲမှ ထွက်လာကာ နှစ်နာရီကြာ ကလေးများကို စာလာသင်ပေးသည်။ သူ့ညီအစ်ကို တော်စပ်သူက သူကလေးတွေကို စာသွားသင်နေစဉ် သူ့အလုပ်ထဲကို ဝင်ကူပေးသည်။
ရှာမာသည် အသက် ၄၀ အရွယ် ကလေးသုံးယောက် ဖခင်တစ်ဦး ဖြစ်သည်။ ကောလိပ်ကျောင်းတွင် တတိယနှစ်က ငွေကြေး မပြေလည်သောကြောင့် ကျောင်းထွက်လိုက်ခဲ့ရသူ ဖြစ်သည်။ ကလေးတွေ ပညာရေး တစ်ပိုင်းတစ်စ ဖြစ်ကုန်တာကို ကြည့်ပြီး သူစိတ်မကောင်း။ ကိုယ်ချင်းလည်း စာသည်။ ထို့ကြောင့် ထိုကလေးတွေကို စာတော့ တတ်အောင်သင်မည်ဟု သူဆုံးဖြတ်လိုက်ပါသည်။
“ကျွန်တော်ဒီနားကို ဖြတ်လာတိုင်း သတိထားမိတယ်။ ကလေးတွေက ကစားလိုက်၊ လယ်ထဲဆင်းလိုက်ပဲ အချိန်ကုန်နေကြတာခင်ဗျ” လို့ ခုံးတံတား ကျောင်းဆရာကြီးက ပြောပြသည်။ ပထမဆုံး သူလုပ်ရသည်က ဆင်းရဲသား အလုပ်သမားများ၊ လယ်သမားများကို ချဉ်းကပ်ပြီး သူတို့ကလေးတွေကို လွှတ်ပေးပါရန် စည်းရုံးရသည်။ ကလေးတွေကို ခေါ်သာခေါ်ရသည်။ သူတို့ လုပ်အားခတွေကလည်း မိသားစု ရပ်တည်ရေးအတွက် အလွန်အရေးပါလှသည်။ ဒီကလေးတွေ စာတတ်မှ ဆင်းရဲတွင်းကို ကျော်လွှားနိုင်မည်ဟု မျှော်လင့်ရင်းဖြင့် လိုက်လံစည်းရုံးရသည်။
“သူတို့ဒီကို ခုဆို ပုံမှန်လာကြပါတယ်။ သူတို့ ကျောင်းတက်ခွင့်ရခဲ့ရင် အဆင်သင့် ဖြစ်စေမယ့် သင်ရိုးမျိုးနဲ့ ကျွန်တော်ပြင်ဆင်ပေးတယ်” ဟု ရှာမာက ပြောပြသည်။ အစိုးရကျောင်း သွားတက်ဖို့ ငယ်သေးသည့် ကလေးများကိုလည်း လက်ခံပေးကာ ကျောင်းပျော် ပုံစံမျိုး သင်ကြားပေးသေးသည်။
အခြေခံအရေး၊ အဖတ်၊ အတွက်နှင့် အစိုးရ ကျောင်းဝင်ခွင့်ရရေးအတွက် ကြိုတင် ပြင်ဆင်မှုများကို သင်ကြားပေးသည့် သူ့ရထားလမ်းအောက် ကျောင်းသည် ၂၀၁၁ လောက်က ကျောင်းသား ၁၄၀ လောက်နှင့် စခဲ့ပြီး ယခုဆိုလျှင် ကျောင်းသား ၇၀ လောက်ကို အစိုးရကျောင်းသို့ အောင်အောင်မြင်မြင် ပို့ပေးနိုင်ခဲ့ပြီး ဖြစ်သည်။ “ဆရာက သင်ပေးထားတယ်။ ဆင်းရဲမှုက ဒုက္ခပေးလာပြီဆိုရင်၊ စိတ်ကို ဖွင့်ထားရမယ်ပြီးတော့ ပညာကို ကြိုးစားသင်ယူခြင်းနည်းနဲ့ ကျော်လွှားနိုင်မယ်တဲ့” ဟု အသက် ၁၅ နှစ်အရွယ် ရောက်နေပြီဖြစ်တဲ့ ရာဂျက်ရှ်ကူမားရှာမာ၏ ကျောင်းသားတစ်ယောက်က ပြန်ပြောပြသည်။
နောက်ပိုင်း စာသင်သည့် ပရဟိတအလုပ် အရှိန်ရ ကျွမ်းကျင်လာသောအခါ မြို့တော်ဒေလီ၏ အခြားဒေသများမှ ကံမကောင်း အကြောင်းမလှ၍ ပညာရေးနှင့် ဝေးနေသူများဆီအထိ သွားကာ စာသင်ကြားပေးခဲ့ပါသည်။“လုပ်
မစ္စတာ ရာဂျက်ရှ်ကူးမားရှာမာ၏ ကျောင်းကလေးကို အခြားစေတနာ့ဝန်ထမ်း ပရဟိတစိတ်ဓာတ်ရှိ သူတွေလည်း လာပြီးစာလာသင်ပေးကြသည်။ လက်စ်မီချန်ဒြာသည် သိပ္ပံမဟာဘွဲ့ရ တစ်ဦးဖြစ်ပြီး သူလည်း စာလာလာသင်ပေးသည်။ “ကျွန်တော်တို့က ကလေးတွေကို အတန်းတက်စာရင်း မကောက်ပါဘူး။ သူတို့ကိုယ်တိုင်က ပျော်လို့လာတာပါ။ စာသင်ခန်းလိုမျိုး အကန့်အသတ်တွေ မရှိဘူးလေ။ ကျွန်တော်က ဒီလို အဝန်းအဝိုင်းကို ဆက်ထိန်းထားပြီး ဒီလိုပဲ ဆက်သင်နေစေချင်တယ်” ဟု ချန်ဒြာက ပြောပြပါသည်။
အခြေခံ စာရေးစာဖတ်အတွက် သင်တန်းလေး လုပ်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ မိဘများ၏ ပညာရေးအပေါ်ထားသည့် အမြင်ကို ပြောင်းသွားအောင် လုပ်လိုခြင်း ဖြစ်သည်ဟု ရှာမာက ပြောပြပါသည်။ ခုဆိုလျှင် ကလေးတွေကို စာသင်ကြားပေးသင့်ကြောင်း မိဘတော်တော်များများ လက်ခံလာကြပေပြီ။ ကလေးတွေကိုလည်း ကျောင်းသွားဖို့ တိုက်တွန်းလာကြသည်။
“တောရွာတွေက ကလေးတွေတောင် ကျောင်းပုံမှန် နေနိုင်တာ မြို့တော်ကြီးက ကလေးတွေက ဘာဖြစ်လို့ ကျောင်းမနေနိုင်ရမှာလဲ” ဟု ရာဂျက်ရှ်ကူးမား ရှာမာက ပြောသည်။
စတိုးဆိုင် လုပ်သားတစ်ဦး၏ အချိန်ပိုင်း အားထုတ်ချက်မှသည် ကလေးအရေအတွက်မည်မျှ ဘဝအဆင့်အတန်း ပြောင်းလဲသွားမည်ကို မသိနိုင်ပါသော်လည်း မျှော်လင့်ချက် တစ်စုံတစ်ရာတော့ ပေါ်ထွန်းလာနိုင်သည် မဟုတ်ပါလော။ အချိန်မရှိသဖြင့်၊ ငွေမရှိသဖြင့်ဟုဆိုကာ သူတစ်ပါးအတွက် အစေခံပေးရန် ငြင်းဆန်ကြခြင်းသည် အကြောင်းပြချက်များသာ ဖြစ်ကြောင်းကို တံတားအောက်မှ ကျောင်းဆရာများက အလုပ်ဖြင့် ပြန်လည် တုံ့ပြန်ပြခြင်းဟုလည်း ဆိုနိုင်ပေမည်။ ကလေးများ လေလွင့်နေမည့် အချိန်များလည်း အကျိုးရှိ၊ ၎င်းတို့၏ အားလပ်ချိန်များလည်း ပိုမိုအဓိပ္ပာယ် ရှိသွားသည့် ထိုပရဟိတ လုပ်ရပ်သည် ဂုဏ်ပြုမှတ်တမ်း တင်အပ်သည့် လူသားချင်းဖေးမမှု တစ်ရပ်ဟု ဆိုထိုက်သည်။
(သန့်ဇင်စိုး)
No comments:
Post a Comment