Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 7, 2014

မူပိုင်ခွင့်ချိုးဖောက်မှု အတွက် Samsung ကုမ္ပဏီ က Apple ကုမ္ပဏီ အား ဒေါ်လာ ၁၁၉ သန်း ပေးအပ် ရန် အမေရိကန် တရားရုံး ပြစ်ဒဏ် ချမှတ်




အမေရိကန် ပြည်ထောင်စု ကယ်လီ ဖိုးနီးယား ပြည်နယ် အတွင်းရှိ တရား သူကြီး အဖွဲ့ တစ်ဖွဲ့ သည် မူပိုင် ခွင့် မှတ်ပုံတင် ထားပြီးသော ဆော့ဖ်ဝဲ နှစ်ခု ၏ မူပိုင်ခွင့် ကို ချိုးဖောက် ခဲ့မှု အတွက် Samsung ကုမ္ပဏီက Apple ကုမ္ပဏီ အား အမေရိကန် ဒေါ်လာ ၁၁၉ ဒသမ ၆ သန်း ပေးအပ်ရန် မေ ၂ ရက်တွင် ပြစ်ဒဏ် ချမှတ် ခဲ့သည် ဟု သိရသည်။

Apple ကုမ္ပဏီ သည် အဆိုပါ မူပိုင်ခွင့် ချိုးဖောက် မှု အတွက် အမေရိကန် ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ လျော်ကြေး ပေးရန် တောင်းဆို ထားခဲ့ သည်ဟု သိရသည်။ အဆိုပါ တရား သူကြီး အဖွဲ့သည် Samsung ကုမ္ပဏီ ၏ တန်ပြန် တိုင်ကြား ချက် ကိုလည်း လက်ခံ ပေးခဲ့ပြီး Samsung ကုမ္ပဏီ ၏ မူပိုင်ခွင့် တစ်ခု ကို ချိုးဖောက် ခဲ့ခြင်းနှင့် ပတ်သက် ၍ ၎င်း ကုမ္ပဏီ သို့ အမေရိကန် ဒေါ်လာ ၁၅၈၄ဝဝ ပေးအပ် ရန် Apple ကုမ္ပဏီ ကိုလည်း ပြစ်ဒဏ် ချမှတ် ခဲ့သည် ဟု သိရ သည်။

ကမ္ဘာ့ ထိပ်တန်း စမတ်ဖုန်း ထုတ် လုပ်သည့် ကုမ္ပဏီ များ ဖြစ်သော Apple နှင့် Samsung ကုမ္ပဏီ တို့သည် ကမ္ဘာ တစ်ဝန်း ရှိ နိုင်ငံ ပေါင်း ၁ဝ နိုင်ငံ ကျော် တွင် ကြုံတွေ့ နေရသော မူပိုင် ခွင့် ချိုးဖောက်မှု ပြဿနာ များကို ရင်ဆိုင် နေရ သည်ဟု သိရသည်။၂ဝ၁၃ ခုနှစ် နိုဝင်ဘာ လ အတွင်း ကလည်း အမေရိကန် တရား သူကြီး အဖွဲ့ တစ်ဖွဲ့ သည့် Samsung ကုမ္ပဏီ ကို Apple ကုမ္ပဏီ ၏ iphone နှင့် ipad တို့၏ ပုံစံ အား ကူးယူ ထုတ်လုပ် ခဲ့ခြင်း အတွက် အမေရိကန် ဒေါ်လာ သန်း၂၉ဝ ပေးအပ် ရန် ပြစ်ဒဏ် ချမှတ် ခဲ့သည် ဟု သိရသည်။

No comments:

Post a Comment