-နေပြည်တော်၊ မေ ၂၁
၂၀၁၄ ခုနှစ်၊ မေလ ၂၀ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် မွန်ပြည်နယ်၊ ရေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ ရေးမြို့မရဲစခန်းမှတပ်ဖွဲ့ဝ င်များနှင့် နယ်မြေခံတပ်မှတပ်မတော်သားများပါဝင်သော
ပူးပေါင်း အဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ရေးမြို့နယ်၊
ကျောင်းရွာကျေးရွာနေ ကျော်မျိုးလွင်(ခ) ဘိုင်လေး(၄၅)နှစ်၏နေအိမ်အား ၀င်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ ကျော်မျိုးလွင်(ခ)ဘိုင်လေးအား နေအိမ်အတွင်းမှ အမဲရောင်ပစ္စတိုသေနတ်(၁)လက်၊
ကျည်ကတ်(၁)ခု၊ ၎င်းကျည်(၁၈)တောင့်၊ ပြောက်ကျား စတစ်ကာကပ်ထားသော M-16
မောင်းပြန်ရိုင်ဖယ်(၁)လက်၊ ၅.၅၆ ကျည်(၂၅)တောင့်၊ M-16 ကျည်ဘောက်အရှည်(၄)ခု၊
ပြောင်းပို(၃)ခု၊ ဖြူးစ်တပ်ထားသော Grenade Hand, Frag Delay Maz 11-74
Comdo Lotls 6669 တံဆိပ်ပါ ဗုံးသီး(၁)လုံးနှင့် 06-20-73 T စာတန်းပါ
နာနတ်သီးဗုံးသီး(၁)လုံး၊ ကာဘိုင်ကျည်ကတ်အတို/ အရှည်(၄)ခု၊
ကာဘိုင်ကျည်(၃၄)တောင့်၊ ၇.၆၂ ကျည်(၇)တောင့်၊ 38 Special
စတီးရောင်ကျည်(၄)တောင့်၊ 38 Special ကြေးရောင်ကျည်(၃)တောင့်၊ 38
စတီးရောင်ကျည်(၄)တောင့်၊ ကျည်ဖူးဖြတ်ထားသော 38 Special ကျည်(၂)တောင့်၊ ၉
မမကျည်(၁၀)တောင့်၊ ၉ မမကျည်ခွံ(၁)ခု၊ ကိုးလုံးကျည်(၃)တောင့်၊
လက်ကိုင်စကားပြောစက်(၄)လုံး ၊ အားသွင်းစက်(၁)လုံး၊ ဆက်သွယ်ရေးစက် တိုင်တို/ရှည်(၄)ခု၊ USA United State တံဆိပ်ပါ အစိမ်း/ အမဲရောင်ပစ္စတိုကျည်ထည့်အိတ်( ၁)ခု၊ ပြောက်ကျားခါးပတ်အိတ်အစိမ်း ရောင်(၁)လုံး၊ Chemgfei တံဆိပ်ပါ အမဲရောင်အိတ်သေး(၁)လုံး၊ ကန္တာရ ပြောက်ကျားခါးပတ်အိတ်(၁)လုံးတို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သောကြောင့်
၎င်းအား ရေးမြို့မရဲစခန်း (ပ)၅၉/၂၀၁၄၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့်လည်းကောင်း၊
(ပ)၆၀/၂၀၁၄၊ ကြိုးမဲ့ကြေးနန်းအက်ဥပဒေ ပုဒ်မ ၆၇ ဖြင့်လည်းကောင်း
အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။ရဲဇာနည်
၂၀၁၄ ခုနှစ်၊ မေလ ၂၀ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် မွန်ပြည်နယ်၊ ရေးမြို့နယ်ရဲတပ်ဖွဲ့မှူးရံ
No comments:
Post a Comment