~ အိမ့်သံစဉ် ~
ပြန်ကြားရေး ၀န်ကြီးဌာက စာနယ်ဇင်း ကောင်စီကို နိုဝင်ဘာလ ၉ ရက်နေ့က သတိပေးစာ တစောင် ထွက်ပေါ်လာခဲ့ပါတယ်။
အဲဒီသတိပေးစာမှာ ပြည်တွင်းထုတ် ဂျာနယ်များတွင် မြန်မာ့ ယဉ်ကျေးမှုနဲ့ ဆန့်ကျင်သော အမျိုးသမီးပုံ များ ဖော်ပြနေ သော ကိစ္စနှင့်ပတ်သက်၍ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံနှင့် ကိုက်ညီမှု မရှိသည့် ဖော်ပြနေ မှုများအပေါ် စာနယ်ဇင်း ကောင်စီအနေဖြင့် လိုအပ်သလို သုံးသပ်ဆောင်ရွက်နိုင်ရန် ပြန်ကြားရေး ၀န်ကြီး ဌာနက စာပေးပို့တာအပေါ် အတွေး စတွေ ၀င်ရောက်လာလို့ အခုလို ရေးသားလိုက်တာဖြစ်ပါတယ်။
မြန်မာ့ ယဉ်ကျေးမှုနဲ့ လျော်ညီတဲ့ ၀တ်စားဆင်ယင်မှုဆိုတာကို ဘယ်ခေတ်ကာလက ၀တ်စားဆင်ယင်ပုံကို သတ်မှတ် ကြသလဲ ဆိုတာ အငြင်းပွားစရာ ဖြစ်မယ်ထင်ပါတယ်။
၂ ရာစု အစ ၆ ရာစုအလယ် ၉ ရာစု ပျူခေတ်က ၀တ်စား ဆင်ယင်မှုကို မြန်မာ့ ရိုးရာ ၀တ်စားဆင်ယင်မှု လို့ ခေါ်ဆိုရ မည်လား၊ သို့တည်း မဟုတ် ၁၁ ရာစု ပုဂံခေတ်က ၀တ်စားဆင်ယင်မှုကို မြန်မာ့ ရိုးရာ ၀တ်စား ဆင်ယင်မှုလို့ ခေါ်ဆိုရ မည် လားဆိုသည်တော့ ပညာရှင်တွေ ပြောဆိုတာ ပိုသင့်တော်မယ်ထင်ပါတယ်။
ပျူခေတ် ဒင်္ဂါး တခု၊ ဓာတ်ပုံ- antique-burma.blogspot.com
ပျူဆိုတာဟာ ရှေးမြန်မာလို့ လူအများ ပြောဆိုတာရှိပါတယ်။ မြန်မာ့ယဉ်ကျေးမှုဟာ ပျူ ခေတ်က အစပြု တယ်ဆိုရင် တော့ မြန်မာအစ ပျူ ကလို့ ဆိုစကား ရှိထားတဲ့အတိုင်း ပျူခေတ်က ၀တ်စား ဆင်ယင်ပုံ မှာ မြန်မာ့ ယဉ်ကျေးမှု ၀တ်စားဆင်ယင်မှုလို့ ခေါ်ရ မလားပါဘဲ။
ပျူခေတ်မှာ အထူးသဖြင့် အမျိုးသမီးတွေရဲ့ ၀တ်စား ဆင်ယင်မှုမှာ အပေါ်ပိုင်း ပုခုံးသားအောက်အထိ ဗလာကျင်းပြီး ရင်လျား ထမိန်နှင့် ၀တ်စား ဆင်ယင်ဟန်ကို ဖတ်ဖူး မှတ်ဖူးခဲ့ပါတယ်။
ဒါမှမဟုတ် မြန်မာအစ ပုဂံက ဆိုပြီး ၁၁ ရာစု ပုဂံခတ် ၀တ်စားဆင်ယင်ပုံဟာ မြန်မာ့ရိုးရာ ယဉ်ကျေးမှု၊ ၀တ်စား ဆင်ယင်မှု ဆိုရင် ပုဂံခေတ် ၀တ်စားဆင်ယင်ပုံကလည်း အမျိုးသမီးတွေဟာ အလားတူ ရင်လျားနဲ့ ခါးသားပေါ်နေတဲ့ ၀တ် စား ဆင်ယင်မှုကို ရှေး ပုဂံ ကျောက်စာတွေ က တဆင့် သိမြင်နိုင်ပါတယ်။
ပုဂံခေတ်မှသည် ကုန်းဘောင်ခေတ်အထိ ကူးပြောင်းလာတာနဲ့အမျှ ၀တ်စား ဆင်ယင်မှုတွေက တခတ်နဲ့ တခေတ် မတူကြပါဘူး။
ကုန်းဘောင်ခေတ် နန်းဟန် ၀တ်စားဆင်ယင်တဲ့ အမျိုးသမီးတွေဟာ ပါးလွှာတဲ့ ဇာကို ခါးထောက်၊ ရင်ကွဲ အပေါ်ဝတ် အင်္ကျီနဲ့ ထမိန်ကို အနားမိတ် အရှည် ၀တ်ဆင်ခဲ့ကြတာ သတိထားမိမယ် ထင်ပါတယ်။
နောက်တမျိုးကတော့ ရင်ဖုံး အပြည့် လက်ရှည်၊ လက်စက၊ ပွပွနဲ့ ထမီရှည်ကို ပတ်ပြီး ၀တ်တာမျိုးလည်း ခတ်စားခဲ့ပါသေးတယ်။
ဒါပေမယ့် မြန်မာတွေဟာ အစဉ်ပဲ ခေတ်နဲ့ အမီ နေထိုင် ၀တ်စားတတ်ကြပါတယ်။
ဒါကြောင့် မြန်မာ့ယဉ်ကျေးမှုဆိုတာ တကယ်တော့ အလွန်ကျယ်ပြန့်တဲ့ ဘာသာရပ်ပါ။ မြန်မာ့ ယဉ်ကျေးမှု နဲ့ လျော်ညီတဲ့ ၀တ်စားဆင်ယင်မှုဆိုတာ ဘယ်ခေတ်က ၀တ်စားဆင်ယင်မှုကို ခေါ်ဆိုသလဲ ဆို တာ တကယ်ဆို ဆွေးနွေးပွဲတွေ လုပ်ဆောင်သင့်ပါတယ်။
အပိုင်း ၂ ကို ဆက်လက် ဖော်ပြသွားပါမည်။ Part 2
~ အိမ့်သံစဉ် ~
ကုန်းဘောင်ခေတ် နောက်ဆုံး မင်းဆက် သီပေါ ဘုရင် လက်ထက် ၁၈၈၅ ခုနှစ်မှာ မြန်မာနိုင်ငံ တခုလုံး ဟာ ဗြိတိသျှ ကိုလိုနီလက်အောက်ကို ကျရောက်ခဲ့ပြီး မြန်မာနိုင်ငံကို အိန္ဒိယရဲ့ ပြည်နယ်ခွဲ တခု အနေနဲ့ အုပ်စိုးခဲ့ပါတယ်။
တကယ်တော့ ၁၈၂၄ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ အပြီးကတည်းက အောက်မြန်မာနိုင်ငံ တနင်္သာရီ တလျှောက် ဗြိတိသျှ လက်အောက်ကျရောက်ခဲ့ပြီး ၁၈၅၅ ခု အင်္ဂလိပ်-မြန်မာ ဒုတိယ စစ်ပွဲ အပြီးမှာေ
တော့ မြန်မာပြည် အောက်ပိုင်းနဲ့ အလယ်ပိုင်းအထိ ဗြိတိသျှ ကိုလိုနီလက်အောက်ကျရောက်ခဲ့တာ သိကြပြီးဖြစ်ပါတယ်။
ဒါကြောင့်ပဲ အပူပိုင်းဒေသ မြန်မာတို့ရဲ့ ၀တ်စားဆင်ယင်မှုဟာ တပိုင်းအားဖြင့် အိန္ဒိယဟန် ရောထွေးနေ တာကိုလည်း မေ့ပစ်လို့ မရပါဘူး။
ထိုက တဆင့် လွတ်လပ်ရေး စစ်ကြိုခေတ် မြန်မာများရဲ့ ၀တ်စားဆင်ယင်မှုမှာ တောင်ရှည်ဝတ်၊ ထိုင် မသိမ်းနဲ့ ဟန်တွေဟာ နန်းဝတ် နန်းစားဟန် ရှိခဲ့ပေမယ့် နောက်ပိုင်း ၀တ်စား ဆင်ယင်မှုဟာ အနည်း ငယ် ရွေ့လျားလာခဲ့ပြီး ဗြိတိသျှ ဟန် ရောထွေး ယှက်တင် လာတာလည်း တွေ့ရပါတယ်။
နောက်ပိုင်း လွတ်လပ်ရေး ရပြီး ပါလီမန်ခေတ်တလျှောက် မြန်မာအမျိုးသမီးများ ၀တ်စားဆင်ယင်မှု နဲ့ ခေတ်မီပုံတွေ ဟာ တချိန်က သတင်းစာ၊ မဂ္ဂဇင်းတွေမှာ ထင်ဟပ်ပါတယ်။ အထူးသဖြင့် ထိုခေတ်က လှယဉ်ကျေးမယ်၊ ကိုယ် ကာယအလှမယ် စတဲ့ ဓာတ်ပုံတွေမှတ်တမ်းတွေအရ ထင်ထင်ရှား ရှား သိမြင်နိုင်ပါတယ်။
ဒါပေမယ့် ဆိုရှယ်လစ်ခေတ် ၀တ်စား ဆင်ယင်ပုံတွေမှာတော့ ပိုပြီး လုံလုံခြုံခြုံ ၀တ်စားလာတာကိုလည်း သတိထားမိပါတယ်။
ရှေးမြန်မာအမျိုးသမီးတွေ ၀တ်စားဆင်ယင်ပုံနဲ့ နှိုင်းယှဉ်ရင် အခု နောက်ပိုင်း ၀တ်စားဆင်ယင်မှုတွေက ပိုပြီး ယဉ် ကျေး လာတာလား၊ ဒါမှမဟုတ် ပိုပြီး ယဉ်ကျေးမှု နိမ့်ပါးသွားတာလား ဆိုတာတော့ မစဉ်းစား တတ်အောင်ဖြစ်မိပါတယ်။
ပါလီမန် ဒီမိုကရေစီခေတ်က မြန်မာအမျိုးသမီးအလှမယ်တွေရဲ့ နိုင်ငံတော်အဆင့် ပြိုင်ပွဲတွေက ဓာတ်ပုံ
ဟောင်းတွေ၊ မှတ်တမ်းဟောင်းတွေကို ပြန်လေ့လာတဲ့အခါမှာလည်း မြန်မာ့ယဉ်ကျေးမှုနဲ့ မလျော်ညီဘူး လို့ ပြောဆို ပြစ်တင်တာ မရှိခဲ့ဖူးပါဘူး။
တကယ်တမ်း ပြောကြစတမ်းဆိုရင် မြန်မာနိုင်ငံမှာ ဒေသတခုနဲ့ တခုကလည်း ၀တ်စား ဆင်ယင်ပုံချင်း မတူကြပါဘူး။ မန္တလေးနဲ့ အနီးတ၀ိုက်က ၀တ်စားဆင်ယင်မှုမှာဆို တမျိုး တဘာသာ၊ တခတ်ဆန်းပါတယ်။ တချိန်က ရွှေခြေချင်းနဲ့ ၀တ်စား ဆင်ယင်ပုံ၊ ဇာ ပန်းပေါက်နဲ့ ဘလောက်စ် အင်္ကျီတွေဟာတွေဟာ အထင်အရှားဖြစ်ခဲ့ပါတယ်။
ဒီလိုနဲ့ အမျိုးသမီးတွေရဲ့ ၀တ်စားဆင်ယင်ပုံတွေဟာ အပေါ်ပိုင်း ဗလာကျင်းခဲ့ရာက ရင်စေ့၊ ထိုကတဆင့် ရင်ကွဲ၊ ထိုက တဆင့် ရင်ဖုံး၊ ထိုကတဆင့် တဖြည်းဖြည်း ထမိန်ဝတ်ရာက စကပ်၊ စကပ်ဝတ်ရာ က ဘောင်းဘီရှည်၊ ဘောင်းဘီတို စသဖြင့် ပြောင်းလဲ ၀တ်စားဆင်ယင် လာကြပါတယ်။
အမျိုးသမီး တဦးရဲ့ တန်ဘိုးဟာ အ၀တ်အစားနဲ့ တိုင်းတာတာ မဟုတ်ပဲသူ့ရဲ့ ကိုယ်ကျင့်နဲ့သာ တိုင်းတာ သင့်ပါတယ်။
ဒီဘက်ခေတ် အမျိုးသမီးများရဲ့ဝတ်စားဆင်ယင်မှုမှာ တကယ်တော့ လွတ်လပ်ပေါ့ပါးတဲ့ ၀တ်စားဆင်ယင် မှုကို ပိုပြီး နှစ်သက် လာတာတွေ့ရသလို ဒါကလည်း ဘ၀က ပေးတဲ့ အသိတရားကြောင့် ဖြစ်မယ်လို့ ပြောရ မလားဘဲ။
တချိန်က အမျိုးသမီးတွေရဲ့ ဘ၀ နေဟန်၊ ဘ၀ တန်ဘိုးနဲ့ ယခုခေတ် ဘ၀နေဟန် တန်ဘိုးတွေ ကွဲလွဲ လာကြပါတယ်။ တချိန်က အမျိုးသမီးတွေဟာ အိမ်မှုကိစ္စများနဲ့ အိမ်ထောင်ထိမ်းသိမ်းရတဲ့ ဘ၀ အခြေမှာ ပဲ လှောင်ပိတ်နေခဲ့ကြတာ များပါတယ်။
အခု ခေတ်မှာတော့ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းကာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ နိုင်ငံရေး စတဲ့ နယ်ပယ် အသီးသီးမှာ အမျိုးသမီးတွေက တထောင့်တနေရာက လောကအကျိုး သယ်ပိုး နေထိုင်လာကြ တာလည်း ဖြစ်ပါတယ်။
ဘ၀ အခြေအနေ ပြောင်းလဲလာတာနဲ့ အမျှ အမြင် လုံးဝ မရိုင်းပဲ လွတ်လပ် ပေါ့ပါးစွာ ၀တ်စားဆင်ယင်မှု ဟာ မြန်မာ့ ရိုးရာ ၀တ်စားဆင်ယင်မှုနဲ့ မလျော်ညီဘူးလို့ ပြောလို့ရပါ့မလား။
ဒါပေမယ့် မြန်မာစစ်အစိုးရများ ခေတ်က လူကြီးမင်းများကတော့ မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ လျော်ညီတဲ့ ၀တ်စားဆင် ယင်မှု ဆိုတဲ့ ကန့်သတ် တားမြစ်မှုတွေနဲ့ မြန်မာ့လူ့ဘောင်ကို အမှောင်ချထားခဲ့ပြီး နိုင်ငံရေး ကစားကွက်အဖြစ် အသုံး ပြုကြတာလည်းဖြစ်ပါတယ်။
တကယ်ဆိုရင် မြန်မာနိုင်ငံရဲ့ Elite ဆိုတဲ့ လူ့မလိုင်လွှာ လူတန်းစားတွေကပဲ အမြင်မတော် ၀တ်စား ဆင်ယင်တတ်ကြတာ နိုင်ငံသားတိုင်း သိကြပြီးဖြစ်မှာပါ။
ကျေးဇူးတင်ပါတယ်။
No comments:
Post a Comment