သီဟနိုင် on 2014-04-05 11:31
Microsoftက ဉာဏ်အထက်ဆုံးပုဂ္ဂိုလ်တွေကို San Diego မြို့က
၅နှစ်သားကောင်လေးဟာ တစ်ပတ်ရိုက်ခဲ့ပါတယ်။ အဲ့ဒီ့ ၅နှစ်သားကောင်းလေး
ရှာတွေ့ခဲ့တာကတော့ Xboxထဲမှာပါတဲ့ backdoor (လျှို့ဝှက်လမ်းကြောင်း)
တစ်ခုကိုပါ။
Kristoffer Von Hassel အမည်ရှိတဲ့ ၅နှစ်သားလေးဟာ
သူ့အဖေရဲ့ Xbox Live အကောင့်ထဲကို ၀င်ရောက်ဖို့ကြိုးစားခဲ့ပါတယ်။
လျှို့ဝှက်ကုတ်ရိုက်ရမယ့် မျက်နှာပြင်ပေါ်လာတဲ့အခါ Kristoffer က space ကို
အကြိမ်အနည်းငယ်ပုတ်လိုက်ပြီး enter ခေါက်လိုက်ပါတယ်။
ခရစ်စမတ်ပြီးတဲ့အချိန်လောက်မှ
ကလေးအဖေဖြစ်သူ Robert Daviesဟာ ကလေး ၀င်သုံးခွင့်မရတဲ့ ဂိမ်းတွေကို
သူ့သားဆော့နေတာ သတိပြုမိခဲ့တယ်လို့ KGTV-TV ကို Robert ကပြောခဲ့ပါတယ်။
Robert
Davies ဟာ ကွန်ပျူတာ လုံခြုံရေးနဲ့ပတ်သက်ပြီး အလုပ်လုပ်နေသူတစ်ယောက်ပါ။ ဒီ
လျှို့ဝှက်ကုတ်ကို သူ့သား ၀င်ရောက်နိုင်ခဲ့တဲ့ ကိစ္စရပ်ကို Robertက
Microsoft ကိုတင်ပြခဲ့ပါတယ်။ Microsoft က bug ကို ပြင်ဆင်ရေးသားခဲ့ပြီး
မကြာမီဆိုသလို Microsoft ရဲ့ ၀ဘ်ဆိုဒ်မှာ Robert Kristofferကို “လုံခြုံရေး
သုတေသီ” အဖြစ် စာရင်းသွင်းခဲ့ပါတယ်။
“ကျွန်တော် အောင်မြင်ကျော်ကြားတော့မှာပေါ့။ !” လို့ Robert Kristoffer က တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး
မှတ်ချက်တစ်စုံတစ်ရာပေးစေဖို့ Microsoft ရဲ့ ပြောရေးဆိုခွင့်ရှိသူကို
ဖုန်းခေါ်ဆိုရာမှာတော့ ပြန်ကြားခြင်းမရှိခဲ့ပါဘူး။
Robert
Kristofferရဲ့ အောင်မြင်မှုဟာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။
သူတစ်နှစ်သားတုန်းက ဆဲလ်ဖုန်းရဲ့ home ခလုတ်ကို ဖိပြီး lock လုပ်ထားတာကို
ကျော်ဖြတ်နိုင်ခဲ့ဖူးပါတယ်။
Trend Myanmar
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment