Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 11, 2014

၂၀၁၄ခုနှစ်ရဲ့ အရက်စက်အကြမ်းကြုတ်ဆုံးနဲ့ အကောင်းဆုံး ရုပ်ရှင်ဖြစ်နိုင်တဲ့ ‘The Raid 2’

သီဟနိုင် on 2014-04-11 17:20
သေကျေ ဒဏ်ရာရသူတွေ တစ်ပြုံကြီး၊ အရိုးချိုးသံတွေ ပါဝင်တဲ့ သီချင်းတစ်ပုဒ် တို့နဲ့အတူ တိုက်ခိုက်ရေးဇာတ်ကား ‘The Raid 2’ ဒုတိယတွဲဟာ မတ်လ ၂၈ရက်နေ့မှာ ထွက်ရှိခဲ့ပါတယ်။ ဒီဇာတ်ကားဟာ ဒီနှစ်ရဲ့ အရက်စက်အကြမ်းကြုတ်ဆုံး ဇာတ်ကား ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
အူတွေခွဲထုတ်တာ၊ ရိုက်နှက်တာ၊ သေနတ်ပစ်ခတ်တာတွေနဲ့ပဲ ပြည့်နှက်နေပေမဲ့ ခုလက်ရှိထိတော့ ‘The Raid 2’ ဟာ ၂၀၁၄ခုနှစ်ရဲ့ အကောင်းဆုံးဇာတ်ကား ဖြစ်နေပါသေးတယ်။
ဇာတ်ကြောင်းကတော့ ရိုးရှင်းပေမယ့် သတ်ချက် ဖြတ်ချက်တွေကတော့ အသက်ရှူမှားလောက်အောင် မြင်မကောင်းပါဘူး။ Rama (Iko Uwais) ဆိုသူ အင်ဒိုရဲတစ်ယောက်ဟာ ရဲတပ်ဖွဲ့ရဲ့ အကျင့်ပျက်ခြစားမှုကို အမြစ်လှန်ဖော်ထုတ်ရမယ့် စစ်ဆင်ရေးမှာပါဝင်ဖို့ စည်းရုံးခံခဲ့ရပါတယ်။ နောက်ခံဇာတ်ကောင်းလှ အောင်လို့ ထောင်ထဲမှာ ၂နှစ်နေဖို့ ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီ့ကနေတဆင့် အထင်ကရ ရာဇ၀တ်ဂိုဏ်းကြီးကို ဖွဲ့လိုက်ကြပါတယ်။
၂၀၁၁ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ မူရင်း ‘The Raid’ ထက်ပိုကောင်းတဲ့ ဒုတိယတွဲပါ။
Ref:mirror.co.uk
Trend Myanmar

No comments:

Post a Comment