• ကလေးဗိုက်ခွဲမွေးပြီး ဘယ်တော့မှာ နောက်ကိုယ်ဝန်ဆောင်သင့်သလဲ၊ ယေဘုယျပြောရရင် ၁၈-၂၃ လလို့ ဆိုနိုင်ပါတယ်။ ဒီလိုကာလကို ရိုးရိုးမွေးလမ်းကနေမွေးထားသူတွေအတွက်လဲ မှန်ပါတယ်။
• ကြာလှချေလားထင်နိုင်ပါတယ်။ အစအစ အသားကျအောင်၊ ကိုယ်ခန္ဓာကလဲ အဆင်သင့်ဖြစ်အောင် စောင့်စေချင်တာပါ။ အဲဒီစောင့်စေချင်တာထဲမှာ သွေးအားမနည်းစေချင်တာက ထိပ်ကပါ။ ဗိုက်ခွဲမွေးရသူတွေဟာ ရိုးရိးမွေးသူတွေထက် သွေးထွက်တာ နှစ်ဆရှိတယ်။
• လေ့လာမှုတွေအရ ပဌမကိုယ်ဝန်နဲ့ နောက်ကိုယ်ဝန် ၆ လသာခြာသူတွေမှာ မွေးဖွါးခြင်းဆိုင်ရာ ပြဿနာတွေ ပိုများတာ တွေရတယ်။ သားအိမ်ကွဲတာ၊ စောမွေးတာ၊ ကလေးသေးတာ။
• လူမှုရေးဘက်ကတွက်ရင်လဲ ကလေးပြုစုဘို့ ပိုများလာတာ၊ အလုပ်အကိုင်၊ စိတ်ပိုင်းတွေကိုလဲ ထည့်တွက်သင့်ပါသေးတယ်။
• ဒါပေမဲ့ ပြောထားတဲ့ ၁၈ လထက်စောပြီး နော်ကကိုယ်ဝန်ရှိတယ်ဆိုရင် နည်းနည်းလေးမှ စိတ်မပျက်ပါနဲ့။
• တချို့လင်မယားတွေမှာ အသက်အရွယ်အရ သိပ်မကြီးကြခင် ကလေးတွေမွေးထားချင်ကြပါမယ်။ ရပါတယ်။ အနည်းဆုံး ၁၂ လအထိစောင့်နိုင်ရင် ပိုသင့်ပါမယ်။ အသက် ၃၅ နှစ်ကျော်လာရင် ကိုယ်ဝန်ရဘို့ ခက်လာသူတွေ ရှိတယ်။ တယောက်နဲ့တယောက်တော့ အတော်ကို မတူကြပါ။
• WHO ကနေအကြံပြုချက်ကတော့ ၂ နှစ် (၂၄ လ) ဖြစ်ပါတယ်။ ဒါကလဲ အရင်ကလေးကို ခွဲမွေးတာ ဟုတ်ဟုတ်-မဟုတ်ဟုတ်အတွက် သတ်မှတ်ချက်ပါဘဲ။ တချို့အစိုးရတွေက ၃ နှစ်အထိခြာဘို့ အကြံပြုထားတယ်။
• ကလေးတွေ ၂ နှစ်ကြီး၊ ၂ နှစ်ငယ်တာက စံပြပုံစံလို့ပြောနိုင်တယ်။
• အိန္ဒိယမှာ ၈% သောကိုယ်ဝန်ဆောင်တွေက ဗိုက်ခွဲမွေးနေတယ်။ ဗိုက်ခွဲမွေးတယ်ဆိုတာ အကြီးစား ခွဲစိတ်ကုသမှု ဖြစ်ပါတယ်။ ခွဲပြီးနာနေမယ်။ အားတွေကုန်ခမ်းသလိုနေမယ်။ ရင်းစားရအောင် အချိန်ယူမယ်။ အဲတာမှာ တယောက်နဲ့တယောက် မတူကြပြန်ပါ။ ကလေးတယောက်နဲ့တယောက်ကြား ခြာနိုင်လေလေ သင့်လေလေ ဖြစ်တယ်။ အိန္ဒိယမှာလဲ ဆရာဝန်တွေက ၁၈ လ စောင့်စေချင်တယ်။
• ဗိုက်ခွဲမွေးပေးတဲ့အခါ ဆီးစပ်နေရာမှာ ဒေါက်လိုက်ဖြစ်ဖြစ် (ဘီကီနီ ကတ်) ကန့်လန့့် ဖစ်ဖြစ် ခွဲတယ်။ အထဲရောက်ရင် သားအိမ်ကို အားလုံးလောက်ကို ကန့်လန့်သာခွဲမွေးပေးတယ်။ အဲဒီခွဲတာတွေကို ပြန်ချုပ်သမမှ ၃ လနေရင် နရိုလိုပြန်ဖြစ်ပါပြီ။ကြာလေလေ ခိုင်မာ၊ ခိုင်မြဲလေလေဖြစ်တယ်။ ကောင်းကောင်းခိုင်မြဲနေတာကြာလေလေ၊ နောက်တခါ ခွဲစိတ်ရရင် နောက်ဆက်တွဲနည်းလေလေဖြစ်ပါမယ်။
• နောက်ခါမှာ ရိုးရိုးမွေးလ်း (ဗဂျိုင်းနား) ကနေမွေးတာကို Vaginal birth or VBAC (ဘီးဘက်) လို့ခေါ်တယ်။
• သုတေသန သိပ်မစုံလှသေးပေမဲ့ ၁၈ လထက်စောမွေးရသူတွေမှာ အောင်မြင်မှုနှုန်း ၇၉% နဲ့ ၁၈ လစောင့်ပြီး နောက်ကလေးမွေးသူတွေမှာ (ဘီးဘက်) အောင်မြင်မှုနှုန်းက ၈၆% ရှိတာတွေ့ရတယ်။
• နောက်တယောက်ကို သိပ်မခြာဘဲမွေးသူတွေမှာ နောက်သတိထားစရာတခုက အချင်းအောက်ပိုင်းမှာနေတာ (အချင်းရှေ့ရောက်) ပိုဖြစ်တာတွေ့ရတယ်။ ဖတ်တာနဲ့ ကြောက်စရာလို့ မထင်စေချင်ပါ။ အချင်းကွာနိုင်တာက အလွန်ဖြစ်ခဲပါတယ်။
• နိဂုံးချုပ်လိုက်ရင် နောက်ကလေးတယောက် ဘယ်တော့လောက် ထပ်မွေးသင့်သလဲ ဆရာဝန်တွေ တိတိကျကျ မပြောနိုင်ပါ။ ၁၈-၂၃ လ စောင့်တာအကောင်းဆုံးဖြစ်ပါတယ်။
-ဒေါက်တာတင့်ဆွေ
via thithtoolwin
ကျေးဇူးတင်ပါတယ်
ReplyDelete