Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, April 21, 2014

Nashville ဒရာမာဇာတ်လမ်းတွဲမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်မယ့်မီရှဲလ်အိုဘားမား


အမေရိကန် သမ္မတကတော် မီရှဲလ်အိုဘားမားသည် မေလ ၇ ရက်တွင် ထုတ်လွှင့်ပြသမည့် ABC ရုပ်သံလိုင်း ၏ Nashville ဒရာမာဇာတ်လမ်းတွဲတွင် ဧည့်သည်သရုပ်ဆောင်အ ဖြစ် ပါဝင်မည်ဟု ABC ရုပ်သံလိုင်းက ကြေညာသည်။

Nashville ဒရာမာဇာတ်လမ်း တွဲ၏ All or Nothing with Me အမည်ရ ဇာတ်လမ်းတွင် မစ္စစ်အိုဘားမားနှင့်အတူ အမေရိကန်ကျေးလက်တေး သီချင်းအဆိုတော် ကယ်လီပစ်ကလာတို့သည် ဧည့်သည်သရုပ်ဆောင်များအဖြစ် ပါဝင်ကြမည်ဖြစ်သည်။

သမ္မတကတော် မစ္စစ်အိုဘား မားသည် ဧပြီ ၂၄ရက်တွင် ထုတ်လွှင့်မည့် NBC ရုပ်သံလိုင်း၏ Parks and Recreation ဟာသဇာတ်လမ်းတွဲတွင်လည်း ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်မည်ဟုသိရသည်။

Nashville ဒရာမာဇာတ်လမ်း တွဲကို ၂၀၁၂ ခုနှစ် အောက်တိုဘာလ တည်းက စတင်ခဲ့ပြီး အပိုင်းပေါင်း ၄၀ ပြသပြီးဖြစ်သည်။

Parks and Recreation ဟာသဇာတ်လမ်းတွဲကို ၂၀၀၉ ခုနှစ် ဧပြီလတည်းက စတင်ပြသခဲ့ပြီး အပိုင်းပေါင်း ၁၁၀ ပြသပြီးဖြစ်သည်။



—Ref: Hollywood Buzz

7Day

No comments:

Post a Comment