Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 11, 2014

အသစ်ထပ်မံရရှိသည့် အချက်ပြသံသည် ပျောက်ဆုံးသွားသော မလေးရှားလေယာဉ် MH 370 သေတ္တာနက်ကို ရှာဖွေတွေ့ရှိစေရန် ပိုမို အားကောင်းစေ

(၅)ကြိမ်မြောက် ကြားရပြီဖြစ်သည့် အချက်ပြသံသည် ပျောက်ဆုံးသွားသည့် MH 370 သေတ္တာနက် ပြန်လည် ရှာဖွေတွေ့ရှိနိုင်ရေးကို ပိုမိုအားကောင်းစေကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြထား သည်။
သြစတြေးလျနိုင်ငံ၊ perth လေတပ်အခြေစိုက်စခန်းမှ ဦးဆောင်ပြုလုပ်နေသည့် MH 370 သေတ္တာနက် ရှာဖွေရေး အဖွဲ့သည် ရေအောက်နေရာကို ရေငုပ်သင်္ဘောအား မစေလွှတ်မီ ဘိုရင်း 777 အတွက် တိကျသည့်ဆုံမှတ်နေရာကို ဆုံးဖြတ်ရန် အချက်ပြုသံ များကိုစုစည်းနိုင်ရေး ကြိုးပမ်းလျက် ရှိသည်။
ခရီးသည် ၃၂၉ ဦး လိုက်ပါသွားသော မလေးရှားလေယာဉ်သည် ပျက်ကျသွား သည်မှာ တစ်လကျော် ကြာခဲ့ပြီဖြစ်သည့်အတွက် ၄င်း၏သေတ္တာနက်နှင့် လေယာဉ်မှူးအခန်း အသံဖမ်းစက်မှ ထုတ်လွှင့် သည်ဟုယူဆရသည့် အချက်ပြသံတို့သည် တဖြည်းဖြည်း အားနည်း လာနေသည်ဟု မျှော်လင့်ရသည်။
ယခုအခါ ရှာဖွေရေးနေရာကို မိုင်(၁၈၀၆၀)အထိ လျော့ချနိုင်ခဲ့ပြီ ဖြစ်ကြောင်း Perth-based Joint Agency Coordination Center (JACC) က သောကြာနေ့ တွင် သတင်းထုတ်ပြန်ထားသည်။ အဓိက ရှာဖွေရမည့်နေရာ သည့် Perth မြို့ အနောက်မြောက်ဖက် ၁၄၃၆ မိုင် အကွာတွင်ရှိသည်။
ယခုသီတင်းပတ်ကုန်က အချက်ပေးသံနှစ်ကြိမ် ကြားခဲ့ရပြီး အင်္ဂါနေ့ က နှစ်ကြိမ်ထပ်မံကြားခဲ့ရသည်။ အချက်ပေးသံများသည် ရှာဖွေတွေ့ရှိရန် နီးစပ်လာနေပြီး အကောင်းမြင်မိကြောင်းလည်း အမေရိကန် ရေတပ်ပြောရေးဆိုခွင့်ရှိသူ William Marks ကပြောဆိုခဲ့သည်။
ယခုကြားနေရ သည့် အချက်ပေးသံ များသည် သာမန်ကုန်တင်သင်္ဘောက ထုတ်လွှင့်သည့် အချက်ပေးသံ မဟုတ်နိုင်သကဲ့သို့ သဘာဝ အလျောက်ကြားနေ ရသည့် အချက်ပေးသံလည်း မဟုတ်နိုင်ကြောင်းနှင့် လူသားတို့ပြုလုပ်ထားသည့် အချက်ပေးသံသာ ဖြစ်နိုင်ကြောင်း အမေရိကန်ရေတပ် ပြောရေးဆိုခွင့် ရှိသူ William Marks က CNN သတင်း ဌာနကို ပြောဆိုခဲ့သည်။ သာမန်အားဖြင့် ဘက်ထရီသည် ရက်ပေါင်း (၃၀)သာ လျင် ခံနိုင်ရည် ရှိသည့်အတွက် တစ်ရက် နှစ်ရက်အတွင်း ဘက်ထရီ အားကုန် သွားနိုင်သည်ဟုလည်း William Marks က ပြောဆိုခဲ့သည်။
လေကြောင်းနှင့်ရေကြောင်းရှာဖွေမှုများအရ သမုဒ္ဒရာအတွင်း မျှောပါနေသည့် မည်သည့်လေယာဉ် အစိတ်အပိုင်းကိုမျှ မတွေ့ရှိရသေးကြောင်း (JACC) အဖွဲ့ ကပြောဆိုသည်။
အဆင့်မြင့်ရေအောက်ရှာဖွေရေးကရိယာဖြင့် (၂.၅)မိုင်ပတ်လည် ရှိ ရေအောက်အနက်တွင် စနစ်တကျ ပိုမိုရှာဖွေရန် ရည်ရွယ် ထားကြောင်းလည်း အဆိုပါအဖွဲ့က ပြောဆိုသည်။
ပတ်ဝန်းကျင်သည် ဖြစ်နိုင်သမျှ ဆူညံသံတိတ်ဆိတ်နေ ရမည့် ဖြစ်သည့် အတွက် ရှာဖွေမည့် နယ်ပယ် အတွင်း အခြားမည်သည့်သင်္ဘောကိုမျှ ဝင်ထွက်သွားလာခွင့်ပြုမည် မဟုတ်ကြောင်း၊ အခုအခါ စစ်လေယာဉ် (၁၂)စင်း၊ အရပ်ဖက်လေယာဉ် (၃)စင်းနှင့် အခြားသင်္ဘော (၁၃)စင်းတို့ဖြင့် ရှာဖွေရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း (JACC) အဖွဲ့က သတင်းထုတ်ပြန်ထားသည်။
စုံစမ်းရှာဖွေမှုများ ဆက်လက်ပြုလုပ်နေသော်လည်း ယခုအချိန်ထိ မည်သို့သောခိုင်လုံသည့် အထောက်အထားကိုမျှ မရရှိသေးကြောင်း မလေးရှားပြည်ထဲရေး ဝန်ကြီး ဇာဟစ်ဟာမစ်ဒီက ပြောဆိုခဲ့ သည်။ လေကြောင်းလိုင်း၊ အင်ဂျင်နီယာများနှင့် လေယာဉ်ခရီးသည်များ၏ဆွေမျိုးများ အပါအဝင် လူပေါင်း (၁၈၀)ကို တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီ ဖြစ်သည်။
လေယာဉ်ပျောက်ဆုံးသွားရသည့်အကြောင်းအရင်းကို အမျိုးမျိုးပြော ဆိုနေကြရာ၊ ပြန်ပေးဆွဲခံရသည်၊ အကြမ်းဖက် တိုက်ခိုက်ခံရ သည်၊ လေယာဉ်မှူးက ကောက်ကျစ်သွားသည်၊ ရုတ်တရက် ကတ်ဘေး ဆိုက်မှုနှင့်ကြုံရသည် စသည့်ပြောဆိုမှုများ ပါဝင်နေသည်။
အချို့ကလည်း လောင်စာဆီပြတ်လတ် သည်အထိ နာရီပေါင်းများစွာ ပျံသန်းနေသည်ဟု ပြောဆိုကြသည်။
MOI Webportal Myanmar

No comments:

Post a Comment