Twilight စတား Kristen Stewart ကိုကြည့်လိုက်ရင် ကပိုကရိုနဲ့ မပြင်မဆင်နေတတ်တဲ့သူ ပုံစံမျိုးဖြစ်ပေမယ့် သူ့ရဲ့အဲ့ဒီလို ထသွားထလာစတိုင်လ်ကပဲ လူငယ်တွေကြားထဲ ရေပန်းစားတာပါ။ သူမရဲ့ အလှအပနဲ့ ဖက်ရှင်စတိုင်လ် လျှို့ဝှက်ချက်က ဘာတွေများဖြစ်မလဲဆိုတာ မေးကြည့်လိုက်တဲ့အခါမှာတော့
၁။ကပိုကရိုနေရတာ နှစ်သက်တယ် ဆိုပေမယ့် ဖက်ရှင်နဲ့ပတ်သက်ပြီး ကျွန်မနှစ်သက်တဲ့သူက Patti Smith ပါ။ နောက် ကျွန်မ ရွေးချယ်တတ်တဲ့ ကာလာတွေက မှောင်တဲ့ဘက်ရောက်တဲ့ ကာလာမျိုးတွေ၊ နောက် အူကြောင်ကြောင်ကာလာမျိုးတွေ များတယ်။ သူများတွေနဲ့တော့ မတူဘူးပေါ့။

၂။ကျွန်မအတွက်တော့ ကွန်ဆီလာအကောင်းစားရှိနေဖို့ လိုပါတယ်။ ကျွန်မကတော့ Kenyn Aucoin အမျိုးအစား ကွန်ဆီလာကို သုံးတယ်။ တခြားကွန်ဆီလာတွေနဲ့ သူက လုံးဝမတူဘူး။ တော်တော်ကို မိုက်တယ်။

၃။ကျွန်မ ရိုက်နေတဲ့ ဇာတ်ကားသစ် Clouds of Sils Maria ဇာတ်ကားမှာ ကျွန်မရဲ့ကာရိုက်တာက တက်တူးတွေထိုးထားတဲ့ ကောင်မလေးပုံဆိုတော့ ယာယီကပ်လို့ရတဲ့ တက်တူးတွေ ကပ်ထားရတယ်။ ကျွန်မအဲ့ဒါကို တော်တော်သဘောကျတယ်။ ဖက်ရှင်နဲ့ ပတ်သက်ပြီး အပြောင်းအလဲ လုပ်ချင်ရင် တက်တူးစတစ်ကာ အမိုက်စားလေးတွေ ၀ယ်ထားလိုက်ရုံပဲ။ လူတိုင်းလည်း အဲ့ဒီလောက်ဆိုရင် တတ်နိုင်ကြတယ်လေ။

၎။ကိုယ်နဲ့ တကယ်ကို လိုက်ဖက်တဲ့၊ ကိုယ်တကယ်ကို နှစ်ခြိုက်တဲ့ ရေမွှေးမျိုး ကိုယ့်မှာရှိနေရမယ်။ ဒါ အရမ်းအရေးကြီးတယ်။ ရနံ့လေးတစ်ခုရလိုက်ရင် ဒါဟာ ကိုယ်လို့ လူတွေသိသွားစေမယ့် အရာမျိုးဆိုတာ ရေမွှေးပဲရှိတာလေ။ ကျွန်မကတော့ Balenciaga က ထုတ်တဲ့ Rosabotanica ကို ကြိုက်တယ်။ စွဲသုံးဖြစ်တယ်။

၅။အသီးအရွက် များများစားတာကလည်း အသားအရေအတွက်၊ ကျန်းမားရေးအတွက် သိပ်ကောင်းတယ်လေ။ အသီးဖျော်ရည် ပုံမှန်သောက်တာမျိုးလည်း လုပ်နိုင်ရင်လုပ်ပေးသင့်တယ်။

Ref:luckymag.com
Trend Myanmar
No comments:
Post a Comment