Sleek Audio ဆိုတာကတော့ Fiddy (50 Cent) အတွက် wireless headphones
လိုင်းတစ်ခု ထုတ်ပေးဖို့ ချိတ်ဆက်ထားတဲ့ ကုမ္ပဏီတစ်ခုပါ။
ကုန်သွယ်မှုလျှို့ဝှက်ချက်တွေကို အလွဲသုံးစားလုပ်လို့
ထိခိုက်နစ်နာမှုတွေဖြစ်ရတယ်၊ ကုမ္ပဏီရဲ့ အလားအလာအပြင် ယုံကြည်ချက်တွေပါ
ပျက်စီးရတယ်ဆိုပြီး Sleek Audio က 50 Cent ကို တရားစွဲဆိုခဲ့တာပါ။
50 Cent ပေးဆောင်ရမယ့် ကန်ဒေါ်လာ ၁၆သန်းမှာ တရားရုံးစရိတ် ၄ ဒဿမ ၄ သန်းပါရှိတယ်လို့ သိရပါတယ်။
Dr.Dreဟာ သူ့ရဲ့ Beat audio နဲ့ အောင်မြင်ခဲ့တာကို 50 Centက တွေ့မြင်ခဲ့ရပြီးနောက် ၂၀၁၁ခုနှစ် အစောပိုင်းမှာ wireless headphoneတွေ ဒီဇိုင်းဆွဲဖို့ Sleek နဲ့ ပူးပေါင်းခဲ့တာဖြစ်ပါတယ်။ အိတ်ဖွင့်စာသစ်များအရဆိုရင် 50 Cent ဟာ Sleek ကနေ ဒီဇိုင်းလျှို့ဝှက်ချက်တွေကို ခိုးယူတယ်ဆိုပြီး စွပ်စွဲခံရတာပါ။
ဒီလိုကိစ္စတွေဖြစ်လာပေမဲ့ 50 Cent နဲ့ သူ့ရဲ့ရှေ့နေတွေဟာ အခြေအနေအရပ်ရပ်နဲ့ပတ်သက်ပြီး နှုတ်ဆိတ်နေပါတယ်။
Ref:theboombox.com
Trend Myanmar

No comments:
Post a Comment