Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, April 14, 2014

အမေရိကန်စူပါဟီးရိုးဇာတ်ကားသစ် Guardians of the Galaxy

Jack the Ripper on 2014-04-14 14:45
အလွန်ဝေးလံလှတဲ့ အာကာသအတွင်းတစ်နေရာမှာဖြစ်ပါတယ်။ လူဆိုးကြီး Ronan ငမ်းငမ်းတက်လိုချင်နေတဲ့ အလုံးတစ်လုံးကို ခိုးယူခဲ့ပြီးတဲ့နောက်  Peter Quill အမည်ရတဲ့ အမေရိကန် ပိုင်းလော့တစ်ယောက်ဟာ လူအများအသည်းအသန်ရှာဖွေနေတဲ့ သူတစ်ယောက်ဖြစ်နေပြီဆိုတာသိလာရပါတယ်။ Quill ဟာ Ronan ရဲ့ရန်ကလွတ်မြောက်ဖို့အတွက် အပယ်ခံအုပ်စုတစ်စုဖြစ်တဲ့ Gamora, Rocket, Drax the Destroyer နဲ့ Groot တို့အဖွဲ့နဲ့မလွယ်ကူတဲ့ ငြိမ်းချမ်းရေးကိုမဖြစ်မနေလုပ်ရတော့မှာဖြစ်ပါတယ်။ Quill တစ်ယောက် အဲဒီ့အလုံးရဲ့ တကယ့်စွမ်းအားနဲ့ စကြာဝဌာကိုထိခိုက်စေနိုင်တဲ့အကျိုးသက်ရောက်မှုကိုသိတဲ့အခါမှာတော့ သူတို့ကြယ်စင်အစုအဝေးရဲ့ ကံကြမ္မာအတွက် သူ့ရဲ့အကွဲကွဲအပြားပြားဖြစ်နေတဲ့ပြိုင်ဖက်တွေကို စုစည်းပြီး နောက်ဆုံးအကြိမ်ရပ်တည်မှုအဖြစ်ကြိုးစားအားထုတ်ရတော့မှာဖြစ်ပါတယ်။
Guardians of the Galaxy ဟာအမေရိကန်စူပါဟီးရိုးရုပ်ရှင်ဖြစ်ပြီး Marval Comics ရဲ့အမည်တူ comic စာအုပ်ကိုအခြေခံထားပါတယ်။ ဒါရိုက်တာက James Gunn ဖြစ်ပြီး သရုပ်ဆောင်တွေကတော့ Chris Pratt, Zoe Saldana, Dave Bautista, Vin Diesel, Bradley Coope, Lee Pace, Michael Rooker တို့ဖြစ်ပါတယ်။
သြဂုတ်လ ၁ ရက်နေ့မှာ 3D၊ IMAX 3D နည်းပညာတွေနဲ့ထုတ်မှာဖြစ်ပါတယ်။
Trend Myanmar

No comments:

Post a Comment