Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 10, 2014

French မဂ္ဂဇင်းအတွက် လုံးတီးနီးပါး ဓါတ်ပုံအရိုက်ခံခဲ့တဲ့ Rihanna

သီဟနိုင် on 2014-04-10 11:46
Rihanna ဟာ သူမရဲ့ သွယ်လျတဲ့ခန္ဓာကိုယ် အချိုးအစား၊ တက်တူးထိုးထားတဲ့ ခန္ဓာကိုယ် တွေကို ပြဖို့ ၀န်မလေးဘူးဆိုတာ ကျွန်တော်တို့အားလုံး သိကြပါတယ်။ ဒါပေမဲ့ ဒါကတော့ တဆိတ်လွန်လွန်းပါတယ်။ French မဂ္ဂဇင်းအတွက် ရိုက်ပေးထားတဲ့ ဓာတ်ပုံမှာ အပေါ်ပိုင်းဘရာ ၀တ်ထားပြီး ပင်တီတောင် မပါတော့ပါဘူး။
လသာဆောင်မှာ ခေါင်းကအောက်ဆိုက်နေပြီး တင်ဗြောင်က လေထဲမှာမြောက်နေတဲ့ Ri Ri(Rihanna) ရဲ့ ဓာတ်ပုံ ၇၀ ကျော်ကို TMZ မှာတင်ထားပါတယ်။
Rihanna ရဲ့ ဘီကနီ အောက်ခြေ နေရာတ၀ိုက်မှာလည်း မျဉ်းဖြူတွေ ရှိနေတာကို တွေ့ရပါတယ်။ အံ့သြစရာကောင်းစွာပဲ အရှက်အကြောက်မရှိတဲ့ အနုပညာရှင်ဟာ ဓာတ်ပုံဆရာလိုတဲ့ အနေအထားနဲ့ ဓာတ်ပုံရိုက်မပြီးမချင်း ပို့စ်ပေးနေလိုက်တာများ အဲ့ဒီ့အတိုင်း ထာဝရနေတော့မယ့်အတိုင်းပဲ။
အသက် ၂၆နှစ်အရွယ် အဆိုတော်မလေး Rihanna ကို ဓာတ်ပုံသတင်းထောက်က ဓာတ်ပုံရိုက်လိုက်နိုင်ပုံရပါတယ်။ ဒါပေမဲ့ Ri Ri ကတော့ အပြုံးမျက်နှာနဲ့ ဖြုံမသွားဘဲ ဓာတ်ပုံဆက်အရိုက်ခံနေခဲ့ပါတယ်။
မဂ္ဂဇင်းတစ်စောင် အတွက် Ri Riက လှပ်ပြ၊ခွာပြတာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်တော့ပါဘူး။ Vogue Brazil အတွက်လည်း မတော်တရော်ပုံတွေ ရိုက်ဖို့ ပို့စ်ပေးခဲ့ပါသေးတယ်။ အဲ့ဒီ့ရှူတင်မှာ Rihanna ဟာ အပေါ်ပိုင်းဗလာနဲ့ အသီးခေါင်းတွေကို တိတ်နဲ့ဖုံးရုံလေး ဖုံးပြီး လမ်းပတ်လျှောက်ခဲ့ပါတယ်။ ခုလည်း အောက်ပိုင်းဗလာနဲ့ ဓာတ်ပုံရိုက်ရတာဟာ သူမအတွက် စိတ်အနှောင့်အယှက် မဖြစ်တဲ့ ပုံပါပဲ။
Ref:theboombox.com
Trend Myanmar

No comments:

Post a Comment