Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 3, 2014

Drake နဲ့အတူနေဖို့စိတ်ကူးနေတဲ့ Rihanna

Jack the Ripper on 2014-04-03 18:12
Rihanna တစ်ယောက် Drake နဲ့အတူအိမ်ဝယ်နေဖို့စိတ်ကူးနေကြောင်းသိရပါတယ်။
သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ရသတ္တပတ်တွေအတွင်း အတူတူတတွဲတွဲရှီနေခဲ့တာဖြစ်ပြီး အိမ်ခြံမြေတစ်ခုခုကိုရှာဖွေဖို့အတွက် Drake ကတောင်းဆိုဖို့ Rihanna ကမျှော်လင့်နေကြောင်းသိရပါတယ်။
‘ဆက်တွဲနေပြီး လုံးဝကိုအပြည့်အ၀နေထိုင်ဖို့ဆိုရင် မကြာမီတစ်နေ့နေ့မှာတော့ သူမဆန္ဒရှိလာမှာပါ။ ဒါပေမယ့်သူမက အတင်းအကြပ်ကြီးလုပ်မနေပါဘူး။ သူမက သိအောင်ပြောပြီး သူ့ကိုဒီကိစ္စအကောင်အထည်ဖေါ်ဖို့ပြောတာလောက်ပဲရှိသေးတာပါ” လို့အတွင်းသိတစ်ယောက်က HollywoodLife.com ကိုပြောပါတယ်။
သူတို့နှစ်ယောက်ဟာ သူတို့ရဲ့ပါတ်သတ်မှုကို ပေါ့ပေါ့ပါးပါးပဲဖြစ်စေဖို့စီစဉ်ထားတာဖြစ်ပေမယ့် တစ်ယောက်အပေါ်တစ်ယောက်ထားတဲ့ ခံစားချက်တွေကတိုးပွားလို့နေပါတယ်။
“Rihanna ကလူသားဆန်ပြီး Drake ကလဲအတူတူပါပဲ။ ပြီးတော့အဲဒီ့လူသားဆန်မှုကနေသူတို့ရှောင်ထွက်လို့မရပါဘူး။ ဒါဟာသူတို့ပေးနေတဲ့အတွေးဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်/ကျွန်မတို့ဘာဆက်ဖြစ်မလဲကြည့်ရတာပေါ့” လို့အဆိုပါအတွင်းသိကပြောပါတယ်။
Ref:starpulse.com
Trend Myanmar

No comments:

Post a Comment