Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 4, 2014

ဝါရှင်တန်မှာ အမှု ကြားနာမှုမတိုင်မီ ရဲအစောင့်အရှောက်အောက်မှာ ထိန်းသိမ်းခံထားရတဲ့ Chris Brown

Angel on 2014-04-04 17:26
ပေါ့ပ်အဆိုတော် Rihanna ရဲ့ ရည်းစားဟောင်း Chris Brown ကို Los Angeles အကျဉ်းထောင်ကနေ San Bernardino မှာရှိတဲ့ အထိန်းသိမ်းခံအဆောက်အဦးဆီကို ကြာသပတေးနေ့ က ပြောင်းရွှေ့ လိုက်ပါပြီ။
Washington D.C မှာ ကြားနာမယ့် သူရဲ့ အမှုတွဲမတိုင်ခင် Chris Brown ဟာ ရဲအရာရှိတွေ ရဲ့ ထိန်းချုပ်မှုအောက်မှာ နေရမှာဖြစ်ပါတယ်။
အကြမ်းဖက်မှုတွေကြောင့် လွန်ခဲ့တဲ့ လ ထောင်ကျနေတဲ့ R & B အဆိုတော်ကို Washington D.C တရားရုံးကို လိုက်ပို့ မယ်ခရီးစဉ်မှာ တခြားအကျဉ်းသားတစ်ချို့ ကိုလည်း ခေါ်တင်သွားမှာဖြစ်လို့  လမ်းမှာ ခဏခဏ ရပ်နား ရမယ်လို့ သိရပါတယ်။
TMZ.com အဆိုအရ Chris ဟာ Washington DC ကို တနင်္ဂနွေနေ့ အထိ ရောက်ဦးမှာမဟုတ်သေးဘဲ သူ့  ရဲ့ ရှေ့ နေဖြစ်သူ Mark Geragos ကိုလည်း တင်္နလာနေ့ မှာ တရားရုံးကို ဆင့်ခေါ်ထားတယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက ဟိုတယ်ပြင်ပမှာ သူနဲ့ အတူဓာတ်ပုံတွဲရိုက်ဖို့ ကြိုးစားတဲ့လူကို နှာခေါင်း ကျိုးအောင် ထိုးခဲ့တဲ့အတွက် တရားစွဲခံထားရတဲ့ Chris ကို အခု ဧပြီလ ၁၇ ရက်နေ့ မှာ တရားခွင်လာဖို့  ဆင့်ခေါ်ထားတာပါ။
တကယ်လို့ သာ Chris ရဲ့ ရှေ့ နေသာ သူ့ ရဲ့ပြစ်မှုတွေကို မခြေဖျက်နိုင်ဘူးဆိုရင် အမှုမပြီးဆုံးခင်အထိ Chris တစ်ယောက် ထောင်ထဲဆက်နေရဖို့ ရှိပါတယ်။
ဒီရက်သတ္တပတ်အစောပိုင်းတုန်းက Chris တစ်ယောက် သူ့ ရဲ့လက်ရှိရည်းစား Kerrueche ကို ထောင်ဝင်စာ တွေ့ ခိုင်းပြီး သူ့ ကို  အားပေးနေတဲ့ပရိတ်သတ်တွေကို ကျေးဇူးတင်တဲ့စကားပါးခဲ့ပါသေးတယ်။
Chris Brown ဟာ ဟိုတယ်ပြင်ပရန်ပွဲကြောင့် ခုနှစ်လ ပြန်လည်ထူထောင်ရေးစင်တာ နေ ဖို့ ပြစ်ဒဏ်ချမှတ်ခံထားရတာကို လေးလနေပြီးနောက် စည်းမျဉ်းတွေ ဖောက်ဖျက်ခဲ့ပြီး ၀န်ထမ်းလေးဦးကို အကြမ်းဖက်ခဲ့ကာ ထူထောင်ရေးစင်တာဝင်နေသူ မိန်းကလေးတစ်ယောက်ရဲ့ မျက်ခုံးကို လက်နဲ့ ထိုးခဲ့တဲ့ အတွက်ကြောင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။
လော့စ်အိန်ဂျယ်လိစ်ကောင်တီအထက်တန်းတရားသူကြီး James Brandlin က Chris Brown ကို “ဒုက္ခမရှာဘဲ မနေနိုင်တဲ့ကောင်” လို့ ပြောခဲ့ဖူးပါတယ်။
Chris ဟာ ၂၀၀၉ ခုနှစ်ကလည်း ရည်းစားဟောင်း Rihanna ကို ထိုးနှက်ရိုက်ပုတ်ခဲ့မှုကြောင့် ဆိုင်းငံ့ထောင်ဒဏ်ငါးနှစ် ချမှတ်ခံခဲ့ရသူပါ။
Ref: Mirror.co.uk
Trend Myanmar

No comments:

Post a Comment