Cadillac Elmiraj Concept လို့ အမည်ပေးထားတဲ့ ကား ဖြစ် ပါတယ်။ ပြိုင် ဆလွန်းပါ။ ဒီဇိုင်း ပုံစံ သားနား မှု အတွက် မိတ်ဆက်ပြသခဲ့ပြီး အတော်လေး ရေပန်း စားခဲ့ ပါတယ်။ ယင်း ကားကို www.cadillac.com
အဓိကထူးခြားချက်က ကားရဲ့ တည်ဆောက်မှု ဒီဇိုင်းပုံစံ ဖြစ်ပြီး ထုတ်နေကျ Cadillac ရဲ့  ဇိမ်ခံဆလွန်း စတိုင်နဲ့ GT ပြိုင်ကား စတိုင် နှစ်မျိုးပေါင်းစပ် ဖန်တီးထားခြင်း ဖြစ်ပါတယ်။ အင်ဂျင်အရွယ် ၄၅၀၀ စီစီ ရှိပြီး ဆလင်ဒါ ၈ လုံးပူး တာဘို တပ် ကား ဖြစ်ပါတယ်။ မြင်းကေင်ရေအား ထုတ်လုပ်မှုက ၅၀၀ ဝန်းကျင် ရှိပါတယ်။ လက်တလော ထုတ်လုပ်ထားမှုက လောင်စာ ဆီစားတဲ့ ဗားရှင်းပါ။ နောက်မှ ဟိုင်းဘရစ်ကိုပါ မိတ်ဆက်ပေး မှာ ဖြစ်ကြောင်း ဆိုပါတယ်။ ဒီတော့ ဆီစား သက်သာမယ့် အမျိုးအစားပါ ထွက်ရှိလာစေမှာ ဖြစ်ပါတယ်။
တံခါး နှစ်ပေါက် တပ်ဆင်ထားပြီး အတွင်းမှာတော့ ၄ ယောက်စီးနိုင်ပါ တယ်။ နောက်ခန်းကတော့ ၂ ဦးဆံ့ရုံဖြစ်ပြီး သိပ်မကျယ်ပါဘူး။ အဓိက က ရှေ့ ခန်းကို ဦးစားပေးထားတာပါ။ ပြိုင်ကားမောင်းရတဲ့ ခံစားချက် ကို လည်း ပေးချင်လို့ ဖြစ်ပါတယ်။ တိုက်တေနီယမ်၊ ကာဘွန်ဖိုက်ဘာနဲ့ စတီးတို့ ကို အချိုးကျ ရောစပ်အသုံးပြုထားတဲ့ ဘော်ဒီကြောင့် ပေါ့ပါးမှုလည်း ရှိတဲ့ ကား ဖြစ်ကြောင်း ဆိုပါတယ်။ Cadillac မှာ လက်ရှိ မြန်မာပြည် ရောက်ရှိ တာကတော့ SUV နဲ့ ဆလွန်းတွေပဲ များ ပါတယ်။
Cadillac ကားသန့် ဘယ် အမျိုးအစား မဆို မြန်မာပြည်မှာ သူ့ပေါက်ဈေးက သိန်း တစ်ထောင် ကျော်နိုင်ပါတယ်။
အောင်ခမ်း (Smart Pro Journal)
No comments:
Post a Comment