Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 9, 2014

ဒေါ်အောင်ဆန်းစုကြည် ဂျာမနီနှင့် ပြင်သစ်ခရီးစဉ် စတင်


ဒေါ်အောင်ဆန်းစုကြည် ဂျာမနီနှင့် ပြင်သစ်ခရီးစဉ် စတင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျာမနီနဲ့ ပြင်သစ်နိုင်ငံ ခရီးစဉ်အတွက် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ဒီနေ့ညပိုင်းက ထွက်ခွာသွားပါတယ်။ ဂျာမနီနိုင်ငံ ခရီးစဉ်အတွင်း ၀န်ကြီးချုပ် Angela Merkel နဲ့ တွေ့ဆုံပြီး၊ နိုင်ငံတကာ ၀ီလီဘရန့်ဆုကို လက်ခံရယူမှာ ဖြစ်တဲ့အပြင် လွှတ်တော်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

ဧပြီလ ၁၄ ရက်နေ့မှာ ပြင်သစ်နိုင်ငံကို ရောက်ရှိပြီး သမ္မတ Francois Hollande နဲ့ လွှတ်တော် ဥက္ကဌနဲ့ပါ တွေ့ဆုံသွားမှာဖြစ်သလို ပြင်သစ် စစ်တက္ကသိုလ်ကိုလည်း သွားရောက်လေ့လာမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီခရီးစဉ်မှာ ရုံးတာဝန်ခံ ဒေါက်တာ တင်မာအောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမင်းဦးတို့လည်း လိုက်ပါသွားကြပါတယ်။

Sun Ny





 

No comments:

Post a Comment