မောင်ဦး၊ ဧပြီ ၂၂၊ ၂၀၁၄ | moemaka
သည်နေ့(၂၁ ဧပြီ ၂၀၁၄) မနက်ပိုင်းမှာ ဆရာကြီး ဦးဝင်းတင် ဆုံးပါးသွားပြီ ဆိုတဲ့ သတင်းကို သိလိုက်ရတဲ့အချိန်မှာ မိမိ သတိရနေမိတာက ဆရာ ဘာသာပြန်ခဲ့တဲ့ ဥတ္တရအလင်း (မူရင်းက A.J. Cronin ရဲ့ The Northern Light) ။ ပြီးတော့ ဥတ္တရအလင်း မှာပါတဲ့ ဇာတ်ဆောင်တစ်ဦးဖြစ်တဲ့ ဟင်နရီပေ့။ ပြီးတော့ မော်ကွန်းသတင်းစာက လီယိုနတ်ညေး နဲ့ ဟင်နရီပေ့ တို့ရဲ့ အပြန်အလှန် ပြောစကားတွေ။
“ကျွန်တော့်သတင်းစာက ကိုယ့်နယ်ကျဉ်းကျဉ်းလေးထဲမှ
“သတင်းစာလုပ်ငန်းကိုများ မြင့်မြတ်တော်မူပေထသောကိစ္စလ
“မဟုတ်သေးပါဘူး။ လူသားတွေဟာ ထင်သလောက် မမိုက်မဲကြပါဘူးဗျာ။ ကျွန်တော်တို့လူမျိုးကို ဒီလိုပစ်စလက်ခတ် သဘောထားလို့ ဘယ်ဖြစ်မလဲ။ သူတို့မှာ သတ္တိဗျတ္တိတို့၊ ရွှင်လန်းတက်ကြွမှုတို့၊ စေတနာတို့၊ စိတ်ကောင်း သဘောကောင်းတို့ဆိုတဲ့ အရည်အသွေးတွေ ရှိပါသေးတယ်ဗျ။ ဒါပေမဲ့ အဲဒီ လူထုကြီးရဲ့ လေးပုံသုံးပုံဟာ ပညာမတောက်တစ်ခေါက် ဖြစ်နေတော့ ခင်ဗျားတို့ အရူးဘုံမြှောက်လုပ်တာကို မပယ်လှန်နိုင်ဘူးပေါ့ဗျ။ သိပြီးသားတွေ ပြောမနေတော့ပါဘူးဗျာ။ ခင်ဗျားတို့ သတင်းစာတွေမှာ သွေးသားသောင်းကျန်းမှုတွေ၊ ရာဇဝတ်မှုခင်းတွေ၊ အာရုံနှိုးဆွမှုတွေ၊ အသိမ်အဖျင်းအနုတ်စုတ် ဂုတ်စုတ်တွေ ပြည့်နေတာသက်သက်ကြောင့်သာ အန္တရာယ်ကြီးနေတာ မဟုတ်ဘူးဗျ။ အယုတ်ညံ့ဆုံး အစွဲတွေ၊ အကြိုက်တွေကို ပညာသားပါပါ မီးလောင်ရာလေပင့်လုပ်ပြီး ခင်ဗျားတို့ကို ဆန့်ကျင်သူတွေအပေါ်ချည်း ပက်ပက်စက်စက် အပြစ်ဖို့နေတာကြောင့်လည်း အန္တရာယ်ကြီးနေတာဗျ။ x x x x x x
ခင်ဗျားတို့ လက်ထဲက လက်နက်ဟာ ဘယ်လောက်အစွမ်းထက်သလဲဆိုတာ ခင်ဗျားတို့ အသိဆုံးပါ။ ဘာဖြစ်လို့ အဲဒီ လက်နက်ကို အကျိုးရှိရှိ မသုံးနိုင်ရတာလဲဗျ။ ဒီနေ့တိုင်းပြည်မှာ ဥာဏ်ရှိရှိ၊ မူရှိရှိ သတင်းစာတွေ အလိုကြီး လိုနေတယ်ဆိုတာ ခင်ဗျားတို့ အသိပဲ။ သေမင်းနဲ့ မိတ်ဖွဲ့နေရတဲ့ စစ်ကာလမှာတောင် ကျွန်တော်တို့ ကြီးကျယ်ခဲ့တယ်။ အဲဒီနောက်ပိုင်းမှာတော့ နိုင်ငံရေးအရရော၊ စီးပွားရေးအရရော၊ စိတ်ဓာတ်အရရော ကျွန်တော်တို့ ဖြူခါပြာခါ ကျခဲ့တယ်။ ဒါ ယာယီပဲလို့တော့ ကျွန်တော် ယုံတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရုန်းထွက်နိုင်ပါမှဗျ ” (ဟင်နရီပေ့ - ဥတ္တရအလင်း)
ဟင်နရီပေ့ ဟာ ဝတ္ထုထဲက စံပြဇာတ်ဆောင်။ အပြင်လောကမှာ မရှိနိုင်ဘူး လို့ ထင်ခဲ့မိတယ်။
သည်နေ့တော့ တွေးမိတယ်။ ဟာ … ဟင်နရီပေ့ ဟာ တကယ်ရှိတာပဲ။ မဟုတ်သေးဘူး။ ဟင်နရီပေ့ လို လူစားမျိုး တကယ်ရှိခဲ့တာပဲ။
ဟုတ်တယ်။ ဆရာကြီး ဦးဝင်းတင် ဟာ ဟင်နရီပေ့ ပဲ။ ။
No comments:
Post a Comment