Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 10, 2014

သင်္ကြန်ကာလ ဘန်ကောက်မှာ ကားခိုးဇာတ်ကား သွားရိုက်မယ့် သဉ္ဇာနွယ်ဝင်း

သင်္ကြန်ကာလအတွင်း ဘန်ကောက်မှာ ‘ကားခိုး သည့်ဇာတ်ကား’
သွားရောက် ရိုက်ကူးမှာဖြစ်ကြောင်း သဉ္ဇာနွယ်ဝင်း က ပြောသည်။

အဆိုပါ ကားခိုးသည့် ဇာတ်ကားမှာ သဉ္ဇာနွယ်ဝင်း က ဘန်ကောက်မှာ နေထိုင်သည့် ကာရိုက်တာ ဖြစ်ပြီး သူမ ကားကို အောင်ရဲလင်းက ခိုးပြီး ၁ဝ နှစ်ကြာ မှ မြန်မာနိုင်ငံ တွင် ပြန်တွေ့ကြသည့် ကာရိုက်တာ ဖြစ် ကြောင်း ၄င်းထံမှ သိရသည်။

”ဇာတ်ကား လက်ခံပြီးမှ မဏ္ဍပ်ကို ထိုင်ဖို့လာခေါ် ကြတယ်။ သင်္ကြန်ကို ဘန်ကောက်မှာပဲ ရှိနေမယ်” ဟု သဉ္ဇာနွယ်ဝင်း က ပြောသည်။

ဒီကားမှာ ကာရိုက်တာ ပီပြင်အောင် ပရိသတ် အမြင်ဆန်းအောင် ထူးခြားမှု ရှိအောင် ကြိုတင်ပြင်ဆင်မှု တွေ လုပ်ခဲ့တယ်ဟု သဉ္ဇာနွယ်ဝင်း က ပြောသည်။
သဉ္ဇာနွယ်ဝင်းက လတ်တလောမှာ ဟိန်းဝေယံ နဲ့ ‘မိုးကျရွှေကို’ ဇာတ်ကားကို ရိုက်ကူးပြီး သင်္ကြန် မတိုင်ခင် ဘန်ကောက် ရိုက်ကူးရေး ဆက်မှာဖြစ်ကြောင်း သိရ သည်။အဆိုပါ ကားခိုးသည့် ဇာတ်ကားမှာ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရိုက်ကူးမှာဖြစ်ပြီး အောင်ရဲလင်း၊ သဉ္ဇာနွယ်ဝင်းနှင့် ဖူးဖူးတို့ ပါဝင်မှာဖြစ်ကြောင်း သိရ သည်။


Credit: Popular Journal via  ဖိုးသူတော်

http://www.venuscurves.com/2014/04/thinzar-nwe-win_9.html

http://www.venuscurves.com/2014/03/thinzar-nwe-win_10.html

http://www.venuscurves.com/2014/01/thinzar-nwe-win_20.html


http://www.venuscurves.com/2014/03/thinzar-nwe-win_3.htmlhttp://www.venuscurves.com/search/label/Thinzar%20Nwe%20Winhttp://www.venuscurves.com/2014/02/thinzar-nwe-win_17.html




No comments:

Post a Comment