Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 9, 2014

စစ်တွေ အရေးအခင်း နှင့် ပတ်သက်၍ သတင်းထုတ်ပြန်

Wednesday, April 9, 2014
ရခိုင်ပြည်နယ် စစ်တွေမြို့၌ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာအရ ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရေး အဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။ 

 စစ်တွေမြို့ Malteser International ရုံးအနီးတွင် ရဲတပ်ဖွဲ့ လုံခြုံရေး ယူနေစဉ် (ဓာတ်ပုံ – Facebook / Tun Naing)

စုံစမ်းစစ်ဆေးချက်အရ INGO ၀န်ထမ်း Malteser International မှ အမေရိကန်နိုင်ငံသူ ဒေသ ညှိနှိုင်းရေး မှူး ည် သာသနာ့ အလံကို မဖွယ်မရာ ပြုလုပ်ခဲ့ခြင်း မရှိကြောင်း၊ အဖွဲ့အစည်း၏ မူအရ အလံကို ဖြုတ်သိမ်း ခဲ့ခြင်း ဖြစ်ကြောင်း၊ ဒေသခံ တိုင်းရင်းသားတို့ ဖျက်ဆီးမှုကြောင့် ကုသမဂ္ဂနှင့် INGO ၁၈ ဖွဲ့တို့၏ ရုံး ၁၄ ရုံး၊ နေအိမ် ၁၆ လုံး၊ သိုလှောင်ရုံ ၁၅ လုံး၊ မော်တော်ယာဉ် ၁၄ စီး၊ ရေယာဉ် ၂ စီး၊ မော်တော်ဆိုင်ကယ် ၂၉ စီးနှင့် ရုံးသုံးပစ္စည်းများ ခန့်မှန်းတန်ဖိုးငွေ ကျပ်သန်း ၄၃၀ ခန့်နှင့် အမေရိကန် ဒေါ်လာ ၄၃၀၀၀၀ ခန့် ပျက်စီးဆုံးရှုံးကြောင်း၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ NGO ၀န်ထမ်းများ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု များ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 


No comments:

Post a Comment