Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 10, 2014

ဘုရားနံရံပန်းချီတွင် မိုက်ကယ်ဂျင်ဆင်၊ ဟယ်ရီပေါ်တာနှင့် ပင့်ကူလူသားပုံများဆွဲထား၍ ကမ္ဘာလှည့် ခရီးသည်များ ရှောခ့်ဖြစ်

ထိုင်းဘုရားတစ်ဆူမှာရှိတဲ့ နံရံဆေးရေးပန်းချီတွေဟာ လုံးဝမသင့်တော်ဘူးလို့ ကမ္ဘာလှည့်ခရီးသည်တွေက ဝေဖန်လျက် ရှိပါတယ်..............

ဒီဘုရားမှာ ဆွဲထားတဲ့ ရုပ်ပုံတွေဟာ ပင့်ကူလူသား၊ ဟယ်ရီပေါ်တာ၊ မိုက်ကယ်ဂျက်ဆင် တို့အပါအဝင် ၉/၁၁တိုက်ခိုက်မှုနဲ့ အာကာသယာဉ်တွေ၊ တိုက်လေယာဉ်တွေပါ ပါတယ်လို့ ဆိုပါတယ်။
Chiang Rai မြို့က The White Temple ဘရားမှာ ရေးဆွဲထားတဲ့ လက်ရာတွေဟာ ထိုင်းနိုင်ငံရဲ့အငြင်းပွားဖွယ် ပန်းချီအနုပညာရှင် Chalermchai Kositpipat ရဲ့ ပရောဂျက်တစ်ခုဖြစ်ပါတယ်။ “နေရာတစ်ခုလုံးက တော်တော်ထူးဆန်းတယ်ဗျ။ အပြင်ဘက်မှာ Walking Dead ကလိုမျိုး အရိုးခေါင်းတွေ၊ လက်တွေနဲ့ ပြည့်နေတာလည်းရှိတယ်။ အမြွာမျှော်စင်ကို လေယာဉ်ဝင်တိုက်တဲ့ပုံကို အထဲမှာလည်းတွေ့ရော ကျွန်တော်လုံးဝ ရှော့ခ်ဖြစ်သွားတယ်။ ကျွန်တော်ကတော့ လုံးဝမသင့်လျော်ဘူးလို့ ထင်တယ်ဗျာ လို့ အင်္ဂလန်နိုင်ငံ Nottingham မြို့က ၃၁နှစ်အရွယ် အိမ်ပွဲစားတစ်ဦးက ပြောကြားခဲ့ပါတယ်။






ဒီပရောဂျက်ကို ၁၉၉၇ ခုနှစ်က Kositpipat က စလုပ်ခဲ့ပြီး ၂၀၇၀ထိ မပြီးနိုင်သေးဘူးလို့ ဆိုပါတယ်။ Kositpipat က အခြားအနုပညာရှင် အယောက် ၆၀ ကိုပါ ဖွဲ့စည်း ပြုလုပ်နေတာဖြစ်ပြီး သူသေရင်ဆက်လုပ်ဖို့ ဒီဇိုင်းတွေ ပေးထားတယ် လို့ဆိုပါတယ်။


အခြား ကမ္ဘာလှည့်ခရီးသည်တစ်ဦးဖြစ်သူ Alexey Statsenko က  “ကျွန်တော်အရင်က မြင်ခဲ့ဖူးတာတွေနဲ့ လုံးဝမတူဘူးဗျ။ ကျွန်တော်အထဲလည်း ဝင်လိုက်ရော အမေရိကန် ပေါ်ပြူလာယဉ်ကျေးမှုက မိုက်ကယ်ဂျက်ဆင်၊ Terminator ၊ ကွန်ဖူးပန်ဒါ၊ ဟယ်ရီပေါ်တာတို့လို ပုံတွေတွေ့တော့ တော်တော်လေးတော့ရှော့ခ်ဖြစ်သွားတယ်”
“ကျွန်တော် ဘယ်လိုထင်ရမှန်းတောင် မသိတော့ဘူး။ ပြောင်လှောင်သရော်ထားတဲ့ ပုံပါပဲ “ လို့ ၄င်းက
 ဆိုခဲ့ပါတယ်။
Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
Photo : www.dailymail.co.uk

No comments:

Post a Comment