Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, April 14, 2014

ငါးနှစ်ကျော် ကာလအတွင်း မြန်မာ အလုပ်သမား ၇ဝဝဝ ကျော် ထိုင်းက ပြန်ပို့

Monday, April 14, 2014
တာချီလိတ် ဧပြီ ၁၃

တာချီလိတ်ရှိ မြန်မာ- ထိုင်း အမှတ်(၁) ချစ်ကြည်ရေး တံတား၌ ဧပြီ ၁၁ ရက် နံနက် ၁၀ နာရီခွဲက ခရိုင်/ မြို့နယ် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့ဝင်များ ဖြစ်သည့် မကဖ(၈)မှ ဦးသိန်းမောင်ဦးစီး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုရဲအုပ် မင်းဇော်နှင့်ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့သည် ထိုင်းနိုင်ငံ လ၀က ဦးစီးအရာရှိ Sae siton ၊ မယ်ဆိုင် ခရိုင်လ၀ကမှူး Kanlayar Phommalin ၊ မယ်ဆိုင်ခရိုင် ဒုလ၀ကမှူး Sadary yansukyan တို့မှ တရားမဝင် မြန်မာအလုပ်သမား အမျိုးသား ၂၁ ဦးနှင့် အမျိုးသမီး ၁၄ ဦးတို့ကို လာရောက် လွှဲပြောင်း ပေးခဲ့ကြောင်း သိရသည်။ လွှဲပြောင်းပေးသည့် မြန်မာနိုင်ငံသား ၃၅ ဦးတို့အား မကာဟိုခမ်းရပ်ကွက်ရှိ မဟာမြတ်မုနိကျောင်းဝင်းအတွင်း၌ အခြေပြုပြီး ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခဲ့ရာ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ခြင်း၊ နေထိုင်ခွင့် ကတ်ပြားများမရှိခြင်းနှင့် နယ်စပ်ဖြတ်သန်းခွင့် ခုနစ်ရက် ကျော်လွန်ခြင်းတို့ကြောင့် ရှောင်တခင် စစ်ဆေးချက် အရ ဖမ်းဆီးခံရခြင်း ဖြစ်ပြီး ၎င်းတို့မှာ လူကုန်ကူး ခံရခြင်း မရှိကြောင်း၊ လွှဲပြောင်း အလုပ်သမား ၃၅ ဦးအား မြို့နယ် အုပ်ချုပ်ရေးမှူး အစီအစဉ်အရ ၎င်းတို့၏ မိဘ ဆွေမျိုးများထံ ခံဝန်ဖြင့် မွန်းလွဲ ၂ နာရီခွဲက အပ်နှံပေးခဲ့ကြောင်း သိရသည်။ အဆိုပါ လွှဲပြောင်း ပေးအပ်သည့် မြန်မာ အလုပ်သမားများမှာ၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၃ ရက်မှ ၂၀၁၄ခုနှစ် ဧပြီ ၁၁ ရက်ထိ အမျိုးသား ၅၁၈၃ ဦး၊ အမျိုးသမီး ၁၈၁၈ ဦး စုစုပေါင်း ၇၀၀၁ ဦး ရှိကြောင်း သိရသည်။

MOI Webportal Myanmar

No comments:

Post a Comment