Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, April 9, 2014

နှစ်ချီသိမ်းထားတဲ့ နိုင်ငံရေးပန်းချီတွေ ထုတ်ပြတော့မယ်

Wednesday, April 9, 2014
မြန်မာ အနုပညာရှင် တဦးရဲ့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ ပန်းချီစုစည်းတင်ပြပွဲတခုကို ဧပြီလ ၂၆ ရက်နေ့က စတင်ပြီး မေလ ၂၄ ရက်နေ့ထိ Thavibu ပန်းချီပြခန်းမှာ ခင်းကျင်းပြသသွားဖို့ရှိပါတယ်။ 


ဓာတ်ပုံ- ဘန်ကောက်ပို့စ်
The Burma: The Quiet Violence လို့ အမည်ရတဲ့ အဲဒီ ပန်းချီပြပွဲမှာ ခင်းကျင်းပြသမယ့် မြန်မာပန်းချီ ဆရာ မြင့်ဆွေ ရဲ့ ပန်းချီကား ၃၈ ကားထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျယ်ချုပ် ကျခံရတာနဲ့ ပတ် သက်ပြီး သူ့ရဲ့ စိုးရိမ်မှု ဖော်ပြချက်တွေပါဝင်သလို မြန်မာနိုင်ငံက စိတ်ပျက်စရာ ကောင်းတဲ့ လူမှု နိုင်ငံရေး ၀န်းကျင်အကြောင်းတွေကိုလည်း သရုပ်ဖော်ထားပါတယ်။ 


မြန်မာနိုင်ငံက နိုင်ငံရေးအခြေအနေသဘာဝ အတိုင်း ဒီပန်းချီကားတွေဟာ သူ့အတွက် အန္တရာယ်ရှိ တာကြောင့် ပန်းချီ ကားတွေကို လျှို့ဝှက်စွာနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ပို့ထားခဲ့ပြီး နှစ်နဲ့ ချီကာ သိမ်းဆည်းထားခဲ့တာ ဖြစ်ပါတယ်။ 

အခုတော့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွေဆီကို အပြုသဘော တက်လှမ်း လာတာ ဖြစ်လို့ Thavibu ပန်းချီပြခန်းကလည်း မြန်မာ့နိုင်ငံရေး သရုပ်ဖော် ပန်းချီကားတွေ ကို ပြသဖို့ ဆုံးဖြတ်ခဲ့တာလို့ ဘန်ကောက်ပို့စ် သတင်းတပုဒ်က ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ ခေတ်သစ်မော်ဒန် ပန်းချီဆွဲခြင်းမှာ ကနဦး လမ်းထွင်သူတွေထဲက တဦးဖြစ်တဲ့ ဆရာ ဦးသိန်းဟန်ရဲ့ အတွေးအခေါ်နဲ့ ပန်းချီတွေက ပန်းချီဆရာ မြင့်ဆွေအပေါ် အတော် လွှမ်းမိုးနေပါတယ်။ 

ပြီးတော့ ပန်းချီမြင့်ဆွေဟာ မြန်မာနိုင်ငံမှာ ပန်းချီပြပွဲပေါင်း အကြိမ် ၅၀ လောက်မှာလည်း ပူးပေါင်း ပါဝင်ပြသခဲ့ဖူးပြီး ထိုင်းနိုင်ငံမှာတော့ ၁၉၉၉ ခုနှစ်ကနေ ၂၀၀၂ ခုနှစ်ထိ ပြပွဲတွေ လုပ်ဖူးသူလည်းဖြစ် ပါတယ်။ 

ပန်းချီ ပြပွဲလုပ်မယ့် Thavibu ရဲ့ လိပ်စာကတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Silom Galleria ရဲ့ တတိယ ထပ်မှာ ဖြစ်ပြီး ဆက်သွယ်ရမယ့် ဖုန်းနံပတ်ကတော့ ၀၂-၂၆၆၅၄၅၄ ဖြစ်ပါတယ်။  
လင်းသန့် ~ 

No comments:

Post a Comment