Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 10, 2014

အိန္ဒိယရွေးကောက်ပွဲ အဓိက ပါတီကြီး ၂ ခု အားပြိုင်

အိန္ဒိယရွေးကောက်ပွဲ မဲရုံအနီး မဲပေးရန် စီတန်းနေကြတဲ အိန္ဒိယပြည်သူတွေ (ဧပြီ ၁၀၊ ၂၀၁၄)
အိန္ဒိယ ရွေးကောက်ပွဲ
 
အိန္ဒိယနိုင်ငံ ပါလီမန်ရွေးကောက်ပွဲအတွက် ပြည်သူတွေ ဒီကနေ့
မဲပေးနေကြပါတယ်၊ New Delhi မြို့တော်၊ Ha ra ya na (Haryana) ပြည်နယ်၊
Uttar Pradesh ပြည်နယ်တချို့နေရာတွေအပြင် နိုင်ငံရဲ့အရှေ့နဲ့
တောင်ပိုင်းဒေသပြည်နယ်တော်တော် များများမှာလဲ မဲတွေ ပေးနေကြပါတယ်၊

အောက်လွှတ်တော် အမတ်နေရာ ၅၄၃ နေရာအတွက် နိုင်ငံတဝန်းမှာ
ရွေးကောက်ပွဲတွေကို မေလ ၁၂ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး မေလ ၁၆
ရက်နေ့ရောက်မှ ရလာဒ်တွေကို ကြေညာနိုင်မှာဖြစ်ပါတယ်၊ လက်ရှိအာဏာရ Congress ပါတီနဲ့ အဓိက အတိုက်အခံ BJP ပါတီတို့ကြား အားပြိုင်ပွဲအဖြစ် အများက မြင်နေကြပါတယ်၊ Hundu အမျိုးသားရေးဝါဒီ BJP ပါတီက တံ့နေတဲ့ နိုင်ငံရဲ့ စီးပွားရေးကို ပြန်လည်တိုးတက်လာအောင်လုပ်ပေးမယ်ဆိုတဲ့
ရွေးကောက်ပွဲကတိတွေပေးပြီး ဆယ်စုနှစ်နဲ့ချီအာဏာရထားတဲ့ Congress ပါတီကို အနိုင်ရဖို့ ကြိုးစားနေပါတယ်။

ရာထူးကနေဆင်းပေးရတော့မဲ့ ဝန်ကြီးချုပ် Manmohan Singh ကတော့ BJP ပါတီက Narendra Modi သာ ဝန်ကြီးချုပ် သစ်ဖြစ်လာခဲ့ရင် ဒုက္ခရောက်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်၊ ခုလိုရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာပဲ နိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ် မှာတော့ မော်ဝါဒီ သူပုန်တွေရဲ့ လက်ချက်လို့ ယူဆရတဲ့ ဗုံးတလုံးပေါက်ကွဲ မှုကြောင့် အိန္ဒိယ စစ်သား ၂ ယောက်သေဆုံးပြီး ၃ ယောက်ထက် မနည်း ဒဏ်ရာရသွားပါတယ်။

Munger ခရိုင်မှာ မဲရုံတခုဆီသွားဖို့ စစ်သားတွေကို တင်ဆောင် လာတဲ့ ဂျစ်ကား တစင်း မြေမြှုပ်မိုင်းနင်းမိခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်၊

No comments:

Post a Comment