Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 19, 2014

ကိုကိုကြီး နှင့် အင်တာဗျူး

 
-နိုင်ငံရေးလောကတွင်ယခု လပိုင်းအတွင်း ဦးကိုကိုကြီးနှင့် ပတ်သက်သော
ကောလာဟလမျိုးစုံထွက်ပေါ်နေသည်။ အထူးသဖြင့် အင်တာနက်လူမှုကွန်ရက်
စာမျက်နှာများတွင်ဖြစ်သည်။ ဦးကိုကိုကြီးအား ဒုတိယသမ္မတအဖြစ် အစိုးရက ကမ်းလှမ်းထားသည်။ ဦးကိုကိုကြီး၏ မင်္ဂလာပွဲကုန်ကျစရိတ်များကို ၈၈မျိုးဆက်
ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ရန်ပုံငွေမှ လှည့်ယူသုံးစွဲခဲ့သည်။ အမေရိကန်
သန်းကြွယ်သူဌေး ဂျော့ဆိုးရော့စ်က ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း
အား ငွေကြေးထောက်ပံ့ထားပြီး ငွေရေးကြေးရေးပတ်သက်မှုများရှိနေ သည် စသည်တို့ဖြစ်သည်။ ထို့ကြောင့် 7Day Dailyက ဦးကိုကိုကြီးနှင့် ၎င်း၏နေအိမ်တွင် ဧပြီ၁၉ရက်ကတွေ့ဆုံမေးမြန်းထားသည်များမှ စာဖတ်ပရိသတ်အတွက်ကောက်နုတ်
ဖော်ပြလိုက်ပါသည်။

အခုအပြင်မှာ ပျံ့နှံ့နေတဲ့သတင်း တစ်ခုနဲ့ စချင်ပါတယ်။ အဲဒါက တော့ လက်ရှိအစိုးရ
အဖွဲ့က ဦးကို ကိုကြီးကို ဒုတိယသမ္မတအဖြစ် ကမ်းလှမ်းထားတယ်ဆိုတာပါပဲ။
ဦးကိုကိုကြီးဘယ်လိုဆုံးဖြတ်ထား ပါသလဲ

ကျွန်တော့်အမြင်အရပြောရရင် နေရာကအဓိကမဟုတ်ဘူး။ ဘယ်လောက်အလုပ်
အကျွေးပြု နိုင်မလဲ။ ကိုယ့်ဖြတ်သန်းမှုကိုယ့် အတွေ့အကြုံတွေနဲ့ ကိုယ့်မဲဆန္ဒ ရှင်တွေကို ဘယ်လောက်အလုပ် အကျွေးပြုနိုင်မလဲဆိုတာက အဓိ ကပါပဲ။ ဘယ်နေရာမှာပဲနေနေ
နေရာက အဓိကမဟုတ်ပါဘူး။ ကျွန်တော်တို့ ကိုယ်တိုင်လည်းအ ခုနေပြောရင် ကျွန်တော်ရှက် တောင်ရှက်တယ်။ ကျွန်တော်တို့ စလုပ်ကတည်းက အဲဒီနေရာတွေ ရာထူးတွေကို ဘယ်တုန်းကမှ ထည့်ပြီးစဉ်းစားခဲ့တာမဟုတ်ဘူး။

ဒါဆို ဦးကိုကိုကြီးကို ဒုတိယသမ္မတအဖြစ်ကမ်းလှမ်းထားတာမရှိဘူးလို့ ဆိုလိုတာလား။

မဟုတ်ပါဘူး။ မရှိပါဘူး။

ဦးကိုကိုကြီးအနေနဲ့ လွှတ်တော် နိုင်ငံရေးလမ်းကြောင်းကိုရွေးချယ်ထားတယ်
လို့ပြောထားပါ တယ်။ ဒီကြားဖြတ်ရွေးကောက်ပွဲကို ၀င်ပြိုင်ဖြစ်မှာလား။

သေချာတာကတော့ ကျွန်တော်လွှတ်တော်နိုင်ငံရေးလုပ်ရင်ရွေးကောက်ပွဲဝင်ရမှာပဲ။
ရွေး ကောက်ပွဲဝင်မှာက ဘယ်တိုင်ပင်ဝင်မလဲပေါ့။ ဥပမာ ဒီကြားဖြတ် ရွေးကောက်ပွဲ
ဆိုရင် ဖြစ်နိုင်တာ က ၂၀၁၄နှစ်ကုန်ပိုင်းလောက်မှ ဖြစ်နိုင်တယ်။ တစ်နှစ်သက်တမ်း
လောက်ပဲကျန်တယ်။ အဲဒီမှာဝင် ခြင်းအားဖြင့် ဘယ်လိုအကျိုး ဆက်ဖြစ်မလဲ။
သို့မဟုတ်ရင် ၂၀၁၅၀င်ရင် ဘာဖြစ်မလဲ။ ကျွန်တော်အဲဒါတွေ အားလုံးကို ချိန်ဆ နေတယ်။ တရားဝင်ထုတ်ပြန်ဖို့ လိုပါသေးတယ်။ အဲဒီအခါကျတော့ ကျွန်တော်ပြောပါမယ်။

ပါတီတွေက ဦးကိုကိုကြီးကို သူတို့ပါတီကိုယ်စားပြုပြီး ကမ်းလှမ်း တာမျိုးရှိလာပြီလား။ ဒါမှမဟုတ် သီးသန့်ပါတီထောင်ဖို့စဉ်းစား ထားလား။

အဲဒါတော့ ကျွန်တော်မစဉ်း စားတာမဟုတ်ဘူး။ စဉ်းစားတယ်။ မဆုံးဖြတ်ရသေးဘူး။
နည်း လမ်းက သုံးခုပဲရှိပါတယ်။ ရှိနေ တဲ့ ပါတီတစ်ခုခုမှာ ၀င်လုပ်မလား (သို့မဟုတ်)
ကိုယ့်ဘာသာသီးခြား ပါတီတစ်ခုလုပ်မလား။ ဒါမှမ ဟုတ်ရင် တစ်သီးပုဂ္ဂလနဲ့ ၀င်မလား
ဆိုတာရွေးချယ်မှုက ဒါပဲရှိပါ တယ်။ အဲဒါလည်း ဆုံးဖြတ်တဲ့အခါကျရင်ပြောပါ့မယ်။

ဒီမိုကရေစီအသွင်ကူးပြောင်းရေး နိုင်ငံတွေကို ကူညီနေတဲ့အမေရိ ကန်သန်းကြွယ်
သူဌေးဂျော့ဆိုး ရော့စ် မြန်မာပြည်လာတုန်းကဦး ကိုကိုကြီးတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ ပြီး ငွေကြေးထောက်ပံ့မှုတွေရှိပါ တယ်ဆိုတဲ့ သတင်းတစ်ခုထွက် နေပါတယ်။
အဲဒီအပေါ်မှာဘာများပြောချင်ပါသလဲ။

အရင်ဆုံးပြောချင်တာက ဒီ ပွင့်လင်းဆိုတဲ့ကိစ္စက ကျွန်တော် နာမည်ပေးတာ။
ဘာဆိုးရော့စ် နဲ့မှ မပတ်သက်ဘူး။ နာမည်ပေး ဖြစ်တဲ့အခါမှာလည်း ကျွန်တော် သွားပြီးသတိထားမိတယ်။ Open Societyနဲ့ သွားပြီးတူမှာစိုးလို့။ အင်္ဂလိပ်လို စဉ်းစားတဲ့
အခါမှာ Open Community ဆိုပြီးသွားပြီး စဉ်းစားမိသေးတယ်။ တူမှာစိုးလို့ ကွဲအောင်
စဉ်းစားသေးတယ်။ Community ဆိုတဲ့ Senseထက် Society ဆိုတာကပိုပြီး
ကျယ်ပြန့် တယ်။ တခြားရွေးစရာမရှိတော့ဘဲ Open Society ပဲ ရွေးဖြစ်တာပါ ။
ဆိုတော့ ဒါကြောင့်စပြောရရင် ဂျော့ဆိုးရော့စ်ရဲ့Open Society နဲ့ ကျွန်တော်နဲ့ ဘာမှ
မပတ်သက် ဘူး။ သူဌေးကြီးလာတယ်။ လာတဲ့ အခါမှာ ကျွန်တော်တို့ကတွေ့ချင် လို့
သွားခေါ်တာမဟုတ်ဘူး။ ကျွန် တော်တို့ရဲ့ လှုပ်ရှားမှုတွေကို ကြည့်ပြီးတော့
မြန်မာနိုင်ငံဒီမိုက ရေစီအပြောင်းအလဲမှာ ဒီအင်အားစုဟာ အရေးပါတဲ့အင်အားစု
အဖြစ် သူကတွေ့ချင်လို့လာတာ။ တွေ့ချင်လို့တွေ့တဲ့အခါမှာ လည်း ကျွန်တော်တို့ လုပ်နေတာ တွေမေးတယ်။ ကျွန်တော်တို့ ဖြတ်သန်းမှုတွေမေးတယ်။ လက် ရှိ
အခြေအနေအပေါ်မှာ ကျွန်တော်တို့ရဲ့ အမြင်သုံးသပ်ချက် တွေမေးတယ်။ အဲဒါပဲ။
ဆိုတော့ ၈၈မျိုးဆက်ဟာ ဂျော့ဆိုးရော့စ်ရဲ့ Open Society ကနေပြီးတော့ ဘာမှငွေကြေး
ပတ်သက်ခြင်းမရှိ ဘူး။ ကျွန်တော်ကိုယ်တိုင်လည်းဘာမှ ပတ်သက်ခြင်းမရှိဘူး။

နောက် ၈၈ကို လုပ်ငန်းရှင်တွေက လှူဒါန်းတဲ့အပေါ်မှာကောဘာများ ပြောချင်ပါသလဲ။

ကျွန်တော်တို့ စေတနာဝသန်တေးဂီတပွဲမှာသူတို့ လှူကြ တယ်။ လုပ်ငန်းရှင်တွေထဲကနေ ကျွန်တော်တို့ကို လှူကြတာတွေ အများကြီးရှိတယ်။ အဲဒီအတွက် လည်း ကျွန်တော်တို့ ဘာကတိက၀တ်မှ မရှိဘူး။ ဒီလို လှူတဲ့အ တွက်ကြောင့်လည်း သူ့ကို ဘာ ပြန်လုပ်ပေး
ရမယ်။ ဘာတွေတော့ မလုပ်ပါနဲ့ဆိုတဲ့ နှောင်ကြိုးမျိုးဆို ရင် ကျွန်တော်တို့က ဘယ်သူ့ဆီ
ကမှ လက်မခံဘူး။ ကျွန်တော်တို့ ကို လှူရင်လည်းကျွန်တော်တို့ လုပ်နေတဲ့ ကျွန်တော်
တို့ ဖြတ် သန်းမှုနဲ့ ကျွန်တော်တို့ဆောင် ရွက်မှုတွေကို ရိုးရိုးသားသားယုံ ကြည်လို့
လှူတဲ့ အလှူမျိုးပဲလက် ခံတယ်။ ကျန်တဲ့ နှောင်ကြိုးပါတဲ့ လှူတဲ့အတွက်ကြောင့် ဘာပြန်
ပေးရမလဲဆိုတဲ့ ကတိက၀တ်မရှိ ခဲ့ဘူး။ လက်လည်းလက်ခံမှာမ ဟုတ်ဘူး။

ဦးကိုကိုကြီးတို့လို နိုင်ငံရေးသြဇာ ရှိတဲ့ သူတွေကို အခုလိုမျိုးပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ
ကြုံလာတဲ့ အခါမှာ စိတ်ကသိကအောက်ဖြစ် နိုင်ပါတယ်။ အဲဒီလို အခက်အခဲ တွေ စိန်ခေါ်မှုတွေကို ဘယ်လို ကျော်လွှားဖို့ စီစဉ်ထားပါသလဲ။

ကျွန်တော်ကလည်း ကျွန် တော့်အကျိုးပေးဗျ။ စလုပ်က တည်းက အစိုးရနဲ့ပေးစားတယ်။
ထောက်လှမ်းရေးနဲ့ပေးစားတယ်။ ကျွန်တော်က တော်တော်ကို တောက်လျှောက်အဲဒီလို တိုက်ခိုက်ခံခဲ့ရပါတယ်။ အဲဒါတွေအားလုံးကို တည်တည်ငြိမ်ငြိမ်နဲ့ ကျော်ဖြတ်ခဲ့ပါတယ်။
ဘယ်သူ့ကိုမှ ရန် မလုပ်ခဲ့ပါဘူး။ ဘယ်သူက ကျွန် တော့်ကိုချလို့ ကျွန်တော်က ပြန်ချတယ်
ဆိုတာ လေ့လာကြည့်ပါ။

ကျွန်တော်ပြန်ပြီးမတုံ့ပြန်ခဲ့ဘူး။ အဲဒီတုန်းက တိုက်ခဲ့တဲ့သူတွေအ ခုကျွန်တော်နဲ့ ပြန်လက်တွဲ
တာရှိ တယ်။ ကျွန်တော် နာမည်တွေ ထုတ်ပြီးမပြောချင်ဘူး။ ကျွန်တော် အဲဒီတိုက်ခိုက်
ခဲ့သူတွေနဲ့ ပတ်သက်ပြီး တချို့က ရိုးရိုးသား သားနဲ့ သူများပြောတာကို သံ ယောင်လိုက်ပြီး
ပြောတာရှိတယ်။ အချိန်တန်ရင် သူတို့ဘာသာသူ တို့နားလည်သွားတဲ့အခါ ကျွန် တော့်
အတွက် မိတ်ကောင်းဆွေ ကောင်းတွေပြန်ဖြစ်လာတယ်။အ ခုလည်းပဲ ကျွန်တော်မျှော်လင့်
ပါ တယ်။ တချို့က ဘာမှန်းညာမှန်း မသိဘူး။ သူတို့ရဲ့ ခံစားချက်တွေဒဏ်ရာဒဏ်ချက်တွေက
ပြင်းတဲ့ အခါကျတော့ တစ်လျှောက်လုံး မှာ ကိုယ်ကအဖိနှိပ်အညှဉ်းပန်းခံခဲ့ရတယ်။
အဲဒီတော့ ဒီလူတွေနဲ့ အခု အမျိုးသားပြန်လည်သင့်မြတ် ရေးဆိုပြီး ဆက်ဆံနေရတယ်။
ပြောဆိုနေရတဲ့အပေါ်မှာစိတ်မ သက်မသာဖြစ်တာရှိတယ်။ အဲဒီ လူတွေနဲ့ပတ်သက်ပြီး
ကျွန်တော် လုံးဝစာနာပါတယ်။

ရွှေသံလွင်က ၈၈ငွေရတုတုန်းက ရော ဂီတဖျော်ဖြေပွဲတုန်းကရော လှူဒါန်းမှုတွေရှိခဲ့
ပါတယ်။ အခု ဦးကိုကိုကြီးမင်္ဂလာဆောင်ကို လည်း ရွှေသံလွင်ပိုင် Sky Star ဟိုတယ်မှာ ကျင်းပတဲ့အတွက် စပွန်ဆာပေးတယ်ဆိုပြီး ဝေဖန်မှု တွေအပေါ် ဘာများပြောချင်ပါသလဲ။

ရန်ကုန်မှာ အမှန်ပြောရရင် ကျွန်တော်က မလုပ်ချင်တော့ဘူး။ ကျွန်တော်ကလည်း
တစ်လျှောက် လုံးကျောင်းတက်လာတဲ့သူငယ် ချင်းတွေက ဂျီတီအိုင်တောင်နှစ် ကျောင်း။
ပြည်မှာဒုတိယနှစ်။ဖိုင် နယ်ကျတော့ အင်းစိန်မှာ။ အဲဒီ တော့ အဲဒီအုပ်စုတွေကလည်း
သေချာတယ်။ ၀မ်းတေဘယ်။ ရန်ကုန်တက္ကသိုလ် အိုင်အာ(IR) အုပ်စုကလည်း
ဝမ်းတေဘယ်။ ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တွေ ကလည်း ၀မ်းတေဘယ်ဆိုတော့
အဲဒါ ကျွန်တော်လည်းပြီးမှာမဟုတ်တော့ဘူး။

အဲဒီတော့ ကျွန်တော်အားလုံးစုပြီးတော့ ဧည့်ခံပွဲလေးပဲလုပ်လိုက်မယ်။ ပထမ ဘုန်းကြီးကျောင်း
စဉ်းစားတယ်။ ဘုန်းကြီးကျောင်းစဉ်းစားတော့ ကျွန်တော့်ကိုအကျပ်ကိုင်တာက ရွှေသံစဉ်
တီးဝိုင်းကိုဝင်းမော်တို့။ဟေ့လူ ကျွန်တော်တို့ မတီးရရင် မဖြစ်ဘူး။ တီးရဆိုရမှဖြစ်မှာ။
မ တီးမဆိုရရင် ကျွန်တော်တို့က ခင် ဗျားရဲ့ အိမ်ရှေ့မှာတစ်ညလုံးလာ တီးမှာဆိုတော့
ဟုတ်ပြီ ခင်ဗျား တို့လည်း အဆင်ပြေအောင်ဆိုပြီး ဘုန်းကြီးကျောင်းကိုရှောင်ပြီး တ ခြား
ခန်းမလိုမျိုးနေရာတစ်ခုရှာ မယ်စဉ်းစားတော့ လနဲ့ချီပြီး ဘွတ် ခ်ကင်လုပ်တယ်။
ဟိုတယ်တွေက မတတ်နိုင်ဘူး။ အဲဒီတော့ ကျွန် တော့်ညီမတစ်ယောက်က ကိုကျူ့
(ဦးကိုကိုကြီး)တဲ့ ညီမတို့ဝပ်ရှော့ တွေ အစည်းအဝေးတွေအဲဒီမှာ လုပ်တာ ကျယ်လည်း
ကျယ်တယ်။ကားပါကင်အတွက်လည်း အဆင်ပြေတယ်။ အဲဒီမှာမေး ကြည့်ပါလားဆိုတော့ အဲဒီမှာ ကျွန်တော်လည်း တစ်ခါမှမ ရောက်ဖူးဘူး။ ကျွန်တော်အဲဒီမှာမေးဖြစ်တော့ ပြောရ
ရင်တော့ ကိုယ်လည်း လက်နိုင်ခြေနိုင်ရှိတဲ့ ပမာဏဆိုတော့ အဲဒါနဲ့ Sky Star မှာ လုပ်ဖြစ်လိုက်တာ။ အမှန်က ကျွန်တော်ကိုယ်တိုင် မင်္ဂလာ ဆောင်ကျမှ အဲဒီထဲကို
ရောက်ဖူး တာ။ ကျွန်တော်ရှိမှန်းတောင်မသိ ဘူး။

အခုလိုပုဂ္ဂိုလ်ရေးတိုက်ခိုက်ခံရ တာတွေနဲ့ ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ။

အမျိုးအမည်မသိတိုက်ခိုက် နေတဲ့ သူတွေကိုတော့ ကျွန်တော် ဘာမှ မပြောချင်ဘူး။
ဒီမိုကရေစီ ဆိုတာ တန်ဖိုးရှိရှိအသုံးပြုတဲ့အ တွက် ဆုလာဘ်ဖြစ်သလို စည်းမဲ့ ကမ်းမဲ့သုံးတဲ့သူတွေအတွက် တော့ ကျိန်စာဖြစ်တယ်။အဲဒီ တော့ ကျွန်တော့်ကိုလေးစားတဲ့ ကျွန်တော့်ကို ချစ်ခင်တဲ့ပြည်သူ တွေကိုပဲ ကျွန်တော်ပြောပြချင် တယ်။

တိုက်ခိုက်တဲ့သူတွေကို ကျွန်တော်ဘာမှ မဖြေရှင်းပါဘူး။ပြည်သူတွေအနေနဲ့က သတင်း
တစ်ခုအပေါ်မှာ ကောက်ချက်ချ တဲ့အခါမှာ၊ သတင်းတစ်ခုကို အကဲဖြတ်တဲ့အခါမှာ
သတင်းအ ရင်းအမြစ်က ဘယ်လောက်ခိုင် လုံမှုရှိလဲ။ ဘယ်သူလဲ။ အဲဒါကို အရင်ဆုံး
လေ့လာဖို့လိုတယ်။ နောက်တစ်ခုက သတင်းဖော်ပြခံ ရတဲ့ပုဂ္ဂိုလ်။ သူ့ရဲ့ဖြတ်သန်းမှု။ ဘယ်လိုလူမျိုးလဲဆိုတာလေ့လာ ဖို့လိုတယ်။ ကျွန်တော်ကိုယ်တိုင် က ဆင်းရဲသား
မိသားစု၊ လက်လုပ် လက်စားမိသားစုကနေကြီးပြင်း လာတယ်။ လူဦးရေအများဆုံးဖြစ် တဲ့ ဆင်းရဲသားတွေ၊ လက်လုပ် လက်စားတွေအပေါ်မှာတော့ ဘယ်တော့မှ သစ္စာမဖောက်ဘူး။ အဲဒါကို ကျွန်တော့်ကိုလေးစားတဲ့ ကျွန်တော့်ရဲ့နိုင်ငံသားတွေကို ပေးနိုင်တဲ့ ကတိပါပဲ။

( ကိုကိုကြီး )

No comments:

Post a Comment