အဆိုပါ ဇာတ်ကားသည် ကွယ်လွန်သွားပြီဖြစ်သည့် ဒိုင်ယာနာနှင့် ကြင်ရာတော် အိမ်ရှေ့မင်းသား ချားလ်စ်တို့ကြား အိမ်ထောင်ရေး ပြဿနာများကို အခြေခံ ဖန်တီးထားသည်။ Harper’s Bazaar မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် နာအိုမီက “ကျွန်မအတွက်တော့ တကယ့် စိတ်ကူးယဉ်ချင်စရာ ဇာတ်ရုပ်တစ်ခုအတွက် ဆွဲဆောင်ခံခဲ့ရတာပါပဲ။ ဒိုင်ယာနာဟာ လူတွေကြားမှာ အကောင်းရော၊ အဆိုးပါ သက်ရောက်မှုတွေ အများကြီး လုပ်ခဲ့တယ်။ ဒိုင်ယာနာဟာ မျက်နှာအမျိုးမျိုး ရှိသူပါ။ ဒါပေမဲ့ တကယ်တမ်း ရုပ်ရှင်ရိုက်ဖြစ်ခဲ့အခါမှာ အပြောင်းအလဲတွေ ဖြစ်လာတယ်။ ကျွန်မစိတ်ထဲမှာ တွေးထားတဲ့ အမျိုးသမီး တစ်ယောက်အဖြစ် ဒိုင်ယာနာကို ပုံဖော်လို့ မရတော့ဘူး”ဟု ဆိုသည်။
သူမက ဇာတ်ကားကို စတင်ရိုက်ကူးကတည်းက စိန်ခေါ်မှု များပြားလွန်သည်ကို သတိပြုမိကြောင်းလည်း ပြောကြားခဲ့သေးသည်။ Diana ဇာတ်ကား အကြီးအကျယ် မအောင်မြင်ခဲ့ခြင်းနှင့် ပတ်သက်ပြီး နာအိုမီက “ကျဆုံးသွားနိုင်တဲ့ အခြေအနေတွေ ရှိနေတယ်။ ဒါကို စွန့်စားချဉ်းကပ်ရတာပါပဲ။ ပြောရမယ်ဆိုရင် ဒီဇာတ်ကားကို ရွေးချယ်လိုက်ခြင်းကြောင့် နစ်မြုပ်တော့မယ့် သင်္ဘောမှာ တွယ်ကပ်ပြီး လိုက်သွားသလို ဖြစ်သွားရင်လည်း လက်ခံရမှာပါပဲ”ဟု မှတ်ချက်ပြုသွားသည်။
Planet Myanmar Network.
No comments:
Post a Comment