Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, April 14, 2014

အမျိုးသမီးအား စနောက်ခဲ့ရာမှ စတင်ကာ လူသတ်မှုဖြစ်

Monday, April 14, 2014


ရန်ကုန်၊ ဧပြီ ၁၄

၁၃.၄.၂၀၁၄ ရက်နေ့ ၁၅၃၀အချိန် တာမွေမြို့နယ်နေ ကိုဘာဘူ(ခ) ကိုသန်းအောင်သည် ကျောက်တန်းမြို့နယ်၊ ပီလခတ်ကျေးရွာနေ ကိုတင်ဝင်း၊ (၂၅)နှစ်၊ (ဘ)ဦးကွန်တရာဆာမိအပါအ၀င် သူငယ်ချင်းများနှင့်အတူ ပီလခတ်ကျေးရွာ ဟိန္ဒူဘုရားကျောင်းမီးနင်းပွဲသို့ လမ်းလျှောက်သွားခဲ့ကြောင်း၊
ထိုသို့သွားခဲ့စဉ် ကိုတင်ဝင်းမှ မီးနင်းပွဲသို့လာသူ အမျိုးသမီးတစ်ဦးအား စနောက်ခဲ့ရာ ၎င်းအမျိုးသမီးနှင့်အတူပါသူအမျိုးသားတစ်ဦးက ကိုတင်ဝင်း၏
ရင်ဘတ်အား လက်သီးဖြင့်ထိုး၊ ခြေထောက်ဖြင့်ကန်ခဲ့သဖြင့် သတိမေ့လဲကျ
သွားခဲ့၍ ကျောက်တန်းဆေးရုံသို့ပို့ဆောင်ခဲ့ရကြောင်း၊ ဆေးရုံအရောက်တွင် ကိုတင်ဝင်းမှာ အခင်းဖြစ်စဉ်ကရရှိခဲ့သည့် ရင်ဘတ်နီရဲဒဏ်ရာဖြင့်သေဆုံး သွားခဲ့ကြောင်း၊ ယင်းသို့ ကျူးလွန်သူကိုစုံစမ်းရာ သန်လျင်မြို့နယ်၊ ရုံးသပြေကန်ကျေးရွာနေ မာသီး(ခ) ဇော်ဝင်း (၂၁)နှစ်၊ (ဘ)ဦးတန်ကောလူး
ဖြစ်သည်ကိုသိရှိရကြောင်းနှင့် အရေးယူပေးပါရန်တိုင်တန်းလာခဲ့ပါသည်။

တိုင်တန်းချက်အရ ကျောက်တန်းမြို့မရဲစခန်း (ပ) ၆၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူ မာသီး(ခ)ဇော်ဝင်းကို ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment